အွန်လိုင်းပေါ်မှ ရုပ်ရှင်ကြည့်နိုင်မည့် အခပေး ပလက်ဖောင်းကို အမ်ပီတီမိတ်ဆက်

အခပေးဇာတ်လမ်းများအတွက် ရုပ်ရှင်ထုတ်လုပ်ရေးများနှင့် လာလာကြည့် အက်ပလီကေးရှင်းတို့ လက်မှတ်ရေးထိုးနေစဉ် ဓာတ်ပုံ − Min Swe Hlaing FB

အွန်လိုင်းပေါ်မှ ရုပ်ရှင်ဇာတ် ကားများ ကြည့်ရှုနိုင်သည့် အခ ပေး ပလက်ဖောင်းကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းနှင့် Global Technology ကုမ္ပဏီတို့က ဖေဖော်ဝါရီအတွင်း စတင်မိတ် ဆက်ခဲ့သည်။


မြန်မာဆက်သွယ်ရေးလုပ် ငန်းသည် Vuclip အမည်ဖြင့် ဝက်ဘ်ဆိုက်အခြေပြု ပလက် ဖောင်းတစ်ခုကို မိတ်ဆက်ခဲ့ပြီး Global Technology ကုမ္ပဏီက ‘လာလာကြည့်’အမည်ဖြင့် အက် ပလီကေးရှင်း အခြေပြု ပလက် ဖောင်းကို မိတ်ဆက်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် Vuclip ပေါ်တွင် နာရီ ပေါင်း သုံးသိန်းကျော်ကြာမြင့်သည့် ဗီဒီယိုများကို နေ့စဉ်ဝန်ဆောင်ခ ၉၉ ကျပ်ဖြင့် ကြည့်ရှုနိုင်မည်ဟုကြေညာသည်။

Global Technology သည် အခပေးရုပ်သံကြည့်ရှုခြင်းကို ပြည်ပဇာတ်လမ်းများသာမက ပြည်တွင်း၌ ကိုယ်တိုင်ရိုက်ကူး ထားသည့် ဇာတ်လမ်းများပါ တင် ဆက်မည်ဟု ကြေညာသည်။

‘‘အခုကတော့ ဇာတ်ကား တွေ နည်းနေသေးတယ်။ နောက် ပိုင်းတော့ များလာမှာပါ။ မကြာ ခင်မှာ ကိုယ်တိုင်ရိုက် မြန်မာဇာတ် ကားသုံးခုလည်း ကြည့်လို့ရတော့ မယ်’’ဟု Global Technology မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးမြင့်ညွန့် က ပြောသည်။

အဆိုပါကုမ္ပဏီသည် အခ ပေးဖျော်ဖြေရေးဝန်ဆောင်မှု လုပ်ကိုင်ရန် အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့ရှိ ကုမ္ပဏီများနှင့် ၂၀၁၇ ဒီဇင်ဘာအတွင်း သဘောတူညီမှုရရှိခဲ့သည်။

‘‘မူပိုင်ခွင့်နည်းပညာတွေနဲ့ တီထွင်ထားတဲ့ ကျွန်တော်တို့ရဲ့ နည်းပညာက အသုံးပြုသူတွေ အတွက် အထစ်အငေါ့မရှိ ကြည့် ရှုနိုင်မယ့် ခံစားမှုမျိုး ရရှိမှာဖြစ်ပါ တယ်’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းထားသည့် Vuclip မှ တာဝန်ရှိသူ Salman Hussain က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းနှင့် Global Technology ကုမ္ပဏီသည် အခပေးအွန်လိုင်း ရုပ်သံကဏ္ဍတွင် မလေးရှားနိုင်ငံ အခြေစိုက် iflix ကုမ္ပဏီ အောင် မြင်မှုရရှိသည့်နောက်ပိုင်း အသစ် ထပ်မံ မိတ်ဆက်သည့် ပလက် ဖောင်းများဖြစ်သည်။

iflix ကုမ္ပဏီသည် အွန်လိုင်း အခပေးရုပ်သံလိုင်းကို ၂၀၁၇ မတ်လတွင် မြန်မာနိုင်ငံ၌ စတင် မိတ်ဆက်ခဲ့သည်။

မြန်မာနိုင်ငံ၌ စာတန်းထိုး အွန်လိုင်း ရုပ်ရှင်လောကတွင် နာမည်ကျော်ကြားသည့် Channel Myanmar ဝက်ဘ်ဆိုက်ကို နိုင်ငံ တကာရုပ်ရှင်ကုမ္ပဏီကြီးများက မူပိုင်ခွင့်အရ ကန့်ကွက်ခဲ့ခြင်း ကြောင့် ၂၀၁၅ အတွင်း တစ်လ ကြာ ရပ်တန့်ခဲ့ရပြီးနောက် ဝက်ဘ် ဆိုက်လိပ်စာအသစ်ဖြင့် ဝန် ဆောင်မှုပေးနေဆဲဖြစ်သည်။ 

Top News