နိုင်ငံရေးအရှုပ်အထွေးများကြောင့် ရခိုင်အမျိုးသားပါတီညီလာခံ ရက်ရွှေ့

၂၀၁၄ က သံတွဲမြို့နယ် လေးမျက်နှာဓမ္မာရုံတွင် ရခိုင်အမျိုးသားပါတီညီလာခံဖွင့်ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ − ANP/FB)

 မြောက်ဦးအဓိကရုဏ်း အပါအ၀င် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေ အနေရှုပ်ထွေးမှုများကြောင့် ရခိုင် အမျိုးသားပါတီညီလာခံကို မူလ သတ်မှတ်ထားသည့် ကာလအ တွင်း ကျင်းပနိုင်မည်မဟုတ်ကြောင်း ယင်းပါတီဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။


ရခိုင်အမျိုးသားပါတီ ပထမအကြိမ်ညီလာခံကို ၂၀၁၄ တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ညီလာခံကို ယခုနှစ် ၂၀၁၈ နှစ်ဆန်းတွင် ကျင်းပရန်လျာထား သည်။

သို့သော် မတည်ငြိမ်သည့် နိုင်ငံရေးအခြေအနေများကြောင့် လာမည့် ၂၀၁၉ သို့ ရွှေ့ဆိုင်းခြင်း ဖြစ်သည်။

‘‘ဒီနှစ်ထဲမှာတော့ ဘယ်လိုမှ ကျင်းပဖို့ မဖြစ်နိုင်တော့ဘူး။ ၂၀၁၉ ပွင့်လင်းရာသီလောက်မှ ဖြစ်မယ်ထင်ပါတယ်။ အတိအကျ ကတော့ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ ဆုံးဖြတ်ချက်ယူရ မယ်’’ဟု ဦးခိုင်ပြည်စိုးပြောကြား သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောပြဿနာ၊ မြောက်ဦး အဓိကရုဏ်းအပါအ၀င် ရခိုင်အ မျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ဖမ်းဆီးခံထားရခြင်း စသည့်ကိစ္စရပ်များကြောင့် ပြည် နယ်အတွင်း နိုင်ငံရေးရှုပ်ထွေးမှု များဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။

အဆိုပါညီလာခံတွင် ပါတီ အလုပ်အမှုဆောင်ကော်မတီဝင်အရေအတွက် လျှော့ချမည်ဖြစ်ပြီး ပါတီမူဝါဒကိုတိတိကျကျချမှတ်ရန် လျာထားကြောင်း ယင်းပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

အလုပ်အမှုဆောင်အရေအ တွက် ဖောင်းပွနေသဖြင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အချင်းချင်းသဘောထားကွဲလွဲကာ အ လုပ်မဖြစ်ကြောင်း၊ ပါတီတွင်းအစည်းအဝေးများ ပြုလုပ်ရာ၌ ကော်မတီဝင်အားလုံး တက်ရောက်နိုင်ခြင်းမရှိသည့် အခက်အခဲများနှင့် ကြုံရကြောင်း ၎င်းကဆိုသည်။

ရခိုင်အမျိုးသားပါတီတွင် ဗဟိုကော်မတီဝင် ၁၁၁ ဦးရှိပြီး ထုတ်ပယ်ခံရသူ၊ နုတ်ထွက်သူနှင့် ကွယ်လွန်သူများကြောင့် လက်ရှိ၌ ၈၆ ဦးကျန်ရှိနေသည်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃၉ ဦးရှိကာ လက်ရှိတွင် ၃၀ ဦး ကျန်နေသည်။ ပါတီဗဟိုအပြင် အချို့မြို့နယ်များ၌ ကော်မတီဝင် ၇၀ ကျော်၊ ၁၀၀ စသဖြင့်ရှိနေသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည် နယ်လွှတ်တော်တွင် ၂၃ နေရာ၊ အမျိုးသားလွှတ်တော်၌ ၁၀ နေရာနှင့် ပြည်သူ့လွှတ်တော်၌ ၁၂ နေရာ အနိုင်ရရှိသည့် ပါတီဖြစ်သည်။

More in Politics Section

Top News