မန်စီးတီး တိုက်စစ်မှူး အဂူရိုကို အက်ဖ်အေ အရေးမယူ

တနင်္လာနေ့က ဝီဂန်ကို ၁-၀ ဂိုးဖြင့် ရှုံးခဲ့သော ပွဲအပြီး တွင် ပရိသတ်တစ်ဦးနှင့် ပြဿနာ ဖြစ်ခဲ့သော မန်စီးတီးတိုက်စစ်မှူး အဂူရိုကို ဘောလုံးအဖွဲ့ချုပ်က အရေးမယူရန် ဆုံးဖြတ်ခဲ့သည်။

ရုပ်သံမြင်ကွင်းများအရ အဂူရိုသည် ပရိသတ်ကို တွန်းလိုက်ပုံ ပေါ်သော်လည်း ၎င်းသည် တံထွေး ဖြင့် အထွေးခံရ၊ ဆဲဆိုခံရသည် ဟု အဂူရိုက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

ဖာဘီယန်ဒပ်ဖ် အနီကတ် ထိပြီးနောက် ကစားသမားများ ကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ခြင်း ကြောင့် အက်ဖ်အေက နှစ်သင်း စလုံးကို အရေးယူထားသည်။ သို့ သော် မည်သည့်ကစားသမား (သို့မဟုတ်) ဝန်ထမ်းတစ်ဦးမျှ အ ရေးယူခံရခြင်းမရှိပေ။

ဒပ်ဖ်၏ အနီကတ်နှင့် ပတ် သက်၍ မန်စီးတီးနည်းပြ ဂွာဒီယို လာနှင့် ဝီဂန်နည်းပြ ပေါလ်ကွတ် တို့ကြား အချေအတင်ဖြစ်ခဲ့သော် လည်း ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဟု အက်ဖ်အေက ပြောကြားသည်။

ကလပ်အသင်းလိုက် အရေး ယူမှုအတွက် နှစ်သင်းစလုံးသည် သောကြာနေ့တွင် ဖြေရှင်းချက် ပေးရမည်ဖြစ်ကြောင်းနှင့် အဂူရို ကို ၎င်း၏တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ အက်ဖ်အေက သတိ ပေးခဲ့သည်။

ထို့အပြင် ပွဲပြီးချိန်တွင် ပရိ သတ်များကွင်းအတွင်းသို့ ဝင် ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဝီဂန်နှင့် မန်စီးတီးတို့က လာမည့် တနင်္လာနေ့၌ လေ့လာသုံးသပ် ချက်များ တင်ပြရမည်ဖြစ်သည်။

ဝီဂန်ကွင်း၌ ကစားခဲ့သော အဆိုပါ ပွဲတွင် ပရိသတ်များ ကွင်း အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရာ ၌ ရဲတပ်ဖွဲ့၊ အက်ဖ်အေတာဝန် ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် မည်ဟု  ဝီဂန်ဥက္ကဋ္ဌဒေးဗစ်ရှပ်က ပြောသည်။

—Ref:BBC

Top News