ကျိုက်ထီးရိုးစေတီ၌ ကေဘယ်ကားစီမံကိန်းအသစ်တစ်ခု ထပ်မံတိုးချဲ့မည်

ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတွင် ကေဘယ်ကားစီမံကိန်းအသစ်တစ်ခုထပ်မံ တိုးချဲ့မည်ဟု Kyaik Tiyo Great Green Company Ltd (KGG) ၏ မန်နေဂျင်းဒါရိုက်တာ ဦးစောရွှေအောင်က ပြောသည်။

ကျိုက်ထီးရိုးစေတီနယ်မြေ စိမ်းလန်းစိုပြေဖွံ့ဖြိုးတိုးတက်ရေး နှင့် ရဟန်းသံဃာများ၊ သက်ကြီး ရွယ်အိုများနှင့် ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုလွယ်ကူအဆင် ပြေစေရန် ကျိုက်ထီးရိုးတောင် အခြားတစ်ဖက်၌ အဆိုပါစီမံကိန်းဖော်ဆောင်ရန် ဖေဖော်ဝါရီ ၂၀ ရက်က ပြည်နယ်အစိုးရအဖွဲ့ထံ အဆိုပြုချက်တင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘အခု တည်ဆောက်မယ့် လမ်းကြောင်းသစ်က ကျိုက်ထီးရိုး လေး လမ်းခွဲကနေပြီး ကဒိုင်ဒွတ်- မိုးဘော-နတ်စင်-ကျောက်ဖျာ- ခေါင်းဆေးကန်လမ်းကြောင်းက နေလုပ်သွားမယ်။ ရင်းနှီးမြှုပ်နှံမှု က အမေရိကန်ဒေါ်လာ ၆၂ သန်းထိရှိမယ်။ ၂၀၁၉ ခုနှစ်အပြီး လုပ် ငန်းပြီးစီးအောင်တော့ လျာထား တယ်’’ဟု ဦးစောရွှေအောင်က ပြောသည်။

ကေဘယ်ကားစီမံကိန်းတွင် ကားအစီးရေ ၈၀ အထိပါရှိမည် ဖြစ်ပြီး ကေဘယ်ကားတစ်စီး၌ လူ ၁၀ ဦးထိ စီးနင်းနိုင်ကြောင်း၊ တောင်ပေါ် Return Station မုဆိုး တောင်မှ စေတီတော်အထိ မီတာ ၄၀၀ အမိုးပါလျှောက်လမ်းများရှိ ပြီး Main Station နေရာတွင် ကား ပါကင်၊ အခမဲ့ တည်းခိုဆောင်များ၊ အဆင့်မြင့်သန့်စင်ခန်းများ ပြုလုပ်မည်ဖြစ်ကြောင်း ဦးစောရွှေအောင်က ဆိုသည်။

‘‘ဒီစီမံကိန်းကို EIA/SIA တွေပါရေးဆွဲပြီး ၀န်ကြီးချုပ်က ပြန် တင်ခိုင်းတယ်။ တင်ပြတာကို ကြည့်ပြီး လိုအပ်ရင်ကွင်းဆင်းစစ် ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးပြီးမှ ပြည်ထောင်စုအစိုးရကို ထောက် ခံစာတင်ပြပေးမယ်လို့ ၀န်ကြီးချုပ်က ကုမ္ပဏီ တာဝန်ရှိသူတွေကို ပြောလိုက်တယ်’’ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်း သားရေးရာဝန်ကြီး ဦးရွှေမြင့်က ပြောသည်။

ယခုထပ်မံတိုးချဲ့မည့် ကေ ဘယ်ကားစီမံကိန်းသည် ကုမ္ပဏီ အသစ်တစ်ခုက ပြုလုပ်မည်ဖြစ် သော်လည်း ယခင်ကုမ္ပဏီမှ လုပ် ငန်း အတွေ့အကြုံရှိသည့် လူ ဟောင်းများလည်းပါဝင်ကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူများ က ဆိုသည်။

ကျိုက်ထီးရိုးစေတီတွင် ပြေးဆွဲနေသည့် ကေဘယ်ကားသည် Sky Asia Co., Ltd. က ပြေးဆွဲခြင်းဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာ ၁၅ ရက်၌ ဖွင့်ပွဲပြုလုပ်ခဲ့သည်။

လက်ရှိတွင် ယင်းကုမ္ပဏီက ကေဘယ်ကားအစီးရေ ၄၃ စီးနှင့် အရန် တစ်စီးတို့ဖြင့် ပြေးဆွဲနေပြီး ထိုစီမံကိန်းကို ကန်ဒေါ်လာသန်း ၂၀ အထိ အကုန်ကျခံထားသည်။

Top News