ရုပ်ရှင် အကြိုခံစားခြင်း

GAME NIGHT

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ အမေရိကန်ဟာသအက်ရှင် ဇာတ်ကားလေး ဖော်ပြပေးလိုက် ပါတယ်။ သူငယ်ချင်းတွေ အဖွဲ့ လိုက် ဂိမ်းတွေ စုကစားရင်းနဲ့ လူ သတ်မှုတစ်ခုကို စုံစမ်းဖော်ထုတ် ဖို့ ဖြစ်လာတဲ့ အကြောင်းလေး ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ 


မက်စ်နဲ့ အန်နီတို့စုံတွဲဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စုဝေးပြီး အပတ်စဉ်ဂိမ်းတွေ ကစားလေ့ရှိပါတယ်။ တစ်ရက်မှာတော့ မက်စ်ရဲ့အစ်ကို ဘရွတ်က ထူးဆန်းတဲ့ပါတီတစ်ခု စီစဉ်ခဲ့ပါ တယ်။ လူဆိုးအတုတွေ၊ ရဲအတုတွေလည်း ပါဝင်တဲ့ စိတ်ကူးယဉ် 

လူသတ်မှုတစ်ခုကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ 

ဂိမ်းရဲ့ အစီအစဉ်အရ ဘရွတ်ဟာ ပြန်ပေးဆွဲခံခဲ့ရပြီး ဂိမ်းကစားသူတွေဟာ ဘရွတ်ကို လိုက်ရှာရမှာဖြစ်သလို အမှုကို လည်း စုံစမ်းဖော်ထုတ်ရမှာဖြစ်ပါ တယ်။ 

အဲဒါနဲ့ ဘရွတ်ရဲ့ အစီအစဉ် အတိုင်း ဂိမ်းပွဲကို စခဲ့ပြီး အစပိုင်း မှာတော့ ပစ္စည်းအတုတွေ သုံးတဲ့ သာမန်အပျော်ဂိမ်းလေးကနေ နောက်ပိုင်းမှာတော့ ကစားပွဲအ နေအထားက တကယ်အဖြစ်အ ပျက်လိုမျိုးတွေ ဖြစ်လာပါတော့ တယ်။ 

အဲဒါနဲ့ ကစားပွဲအရှိန်တက် လာလေလေ ပါဝင်ဂိမ်းကစားသူ တွေဟာလည်း အသည်းအသန် သေရေးရှင်ရေးပုံစံမျိုးတွေဖြစ် လာပြီး မျှော်လင့်မထားတဲ့အခြေ အနေတစ်ခုကို ကျော်ဖြတ်ဖို့အ တွက် ခေါင်းချင်းဆိုင်တိုင်ပင်ခဲ့ ရပါတယ်။ 

ဘရွတ်က ဘယ်လိုကြောင့် လူသတ်မှုဂိမ်းကို စီစဉ်ရတာလဲ၊ ဂိမ်းကစားရတာ သဘောကျတဲ့ မက်စ်နဲ့ အန်နီတို့စုံတွဲဟာ ဘရွတ် ရဲ့ဂိမ်းကြောင့် ဘယ်လိုတွေကြုံ ရမှာလဲဆိုတာတော့ ဆက်ကြည့် လိုက်ဦးနော်။

ပါဝင်တဲ့ သရုပ်ဆောင်တွေ ကတော့ ဂျက်ဆန်ဘိတ်မန်း၊ ရေချယ်မက်အဒမ်၊ ကိုင်လ်ချန် ဒလာ၊ ဘီလီမက်နက်ဆန်၊ ရှာ ရွတ်ဟော်ဂန်တို့ပဲ ဖြစ်ပါတယ်။ 

Top News