ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပရန် မော်လမြိုင်သို့ သွားရောက်မည်

ချောင်းဆုံမြို့နယ် ရွာလွတ်ရွာရှိ လက်မှုလုပ်ငန်းများကို လေ့လာမည်
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအတွင်း လွိုင်ကော်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်စဉ် (ဓာတ်ပုံ − စိုင်းဇော်)

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီ ၂၅ ရက် နောက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်နှင့် ချောင်းဆုံမြို့သို့ သွားရောက်ရန်ရှိကြောင်း ဒေသခံအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။


‘‘မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမမှာ ငြိမ်းချမ်းရေး စကားဝိုင်းလုပ်ပြီးရင် ချောင်းဆုံ ရွာလွတ်ကျေးရွာမှာ လက်မှုပညာ ကို သွားပြီး လေ့လာမယ်လို့ ကျွန် တော်တို့တွေ သိထားတယ်။ ရွာ လွတ်မှာက ဆေးတံတို့၊ သားရေ ကွင်းလုပ်ငန်းတို့ တခြားလက်မှု ပညာတွေပေါ့။ ရော်ဘာနဲ့ပတ် သက်တာတွေပေါ့။ အခုမွန်ပြည် နယ် လွှတ်တော်ဥက္ကဋ္ဌနဲ့ သူ့အဖွဲ့ တွေသွားပြီး လူထုအစည်းအဝေး အကြိုတွေလုပ်တယ်။ လက်မှု ပညာလေ့လာမယ့် နေရာတွေ လည်း ကြိုတင်ပြင်ဆင်မှုတွေလုပ် နေတယ်’’ဟု ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးစောလင်းအောင်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်သို့ လာရောက်မည်ဟု သိထားသော်လည်း အစီအစဉ် အတိအကျမသိရသေးကြောင်း မွန်ပြည်နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ် အောင်က ပြောသည်။

မော်လမြိုင်တက္ကသိုလ်၌ ကျင်းပမည့် ငြိမ်းချမ်းရေးစကား ၀ိုင်းသို့ တက်ရောက်ရန် သထုံမြို့ နယ်မှ လူငယ်သုံးဦးကို တာဝန်ရှိ သူများက ရွေးချယ်ပြီးဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တစ်ဦးကဆိုသည်။ မွန် ပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ်အတွက် လုံခြုံရေးဆောင်ရွက်ရန် ပြင်ဆင် ထားကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောသည်။ သို့သော် အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက် မည့် ရက်အတိအကျကိုမူ အတည်မပြုပေ။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် မွန်ပြည်နယ် ခရီးစဉ်မတိုင်မီ ကရင်ပြည်နယ်သို့ လာရောက် ကာ ရက်ကန်းသင်တန်းကျောင်း နှင့် နတလလူငယ်သင်တန်းကျောင်းတို့ အပါအ၀င် မြို့အနီးရှိ သင်တန်းကျောင်းများ၊ ဘုန်း တော်ကြီး ကျောင်းအချို့သို့ သွားရောက်ရန်ရှိကြောင်း ကရင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံတစ်ဦးက ဆိုသည်။