လီဟာနက်စ်အသင်းကို နိုင်ပြီးနောက် လာလီဂါ ဒုတိယနေရာရောက်အောင် ကြိုးပမ်းမည်ဟု ရီးရဲလ်နည်းပြပြော

 ပြီးခဲ့သည့်နှစ်က  ရွှေ့ဆိုင်းထားသော လက်ကျန်ပွဲ ကစားရာ လီဟာနက်စ် အသင်း ကို ၃-၁ ဂိုးဖြင့် အနိုင်ရကာ လာ လီဂါ အမှတ်ပေးဇယား တတိယ နေရာသို့ ရောက်လာပြီးနောက် ရီးရဲလ်နည်းပြ ဇီဒန်းက ဒုတိယ နေရာသို့ တက်လှမ်းနိုင်ရန် ကြိုး ပမ်းမည်ဟု ပြောသည်။


ရော်နယ်ဒိုနှင့် အခြားပုံမှန် ပွဲထွက် ကစားသမားများ မပါဝင် သော်လည်း ရီးရဲလ်သည် လီဟာ နက်စ်ကို အနိုင်ရရှိခဲ့သည်။ သို့ သော် ၂၄ ပွဲ ကစားပြီးနောက် ရီး ရဲလ်သည် ထိပ်ဆုံးမှ ဘာစီလိုနာ နှင့် ၁၄ မှတ်ကွာဟနေဆဲဖြစ်ကာ ဒုတိယနေရာမှ အက်သလက်တီ ကိုထက် ၇ မှတ်လျော့နေသည်။

‘‘ကျွန်တော်တို့အပေါ်ကို တက်လှမ်းဖို့ ကြိုးစားပါမယ်။ ကျွန်တော်တို့ရဲ့ အရှိန်အဟုန်ကို ထိန်း ထားဖို့ အရေးကြီးပါတယ်။ အခု ကျွန်တော်တို့ ဒုတိယနေရာကို ရောက်အောင် ကြိုးပမ်းသွားပါ မယ်’’ ဟု ဇီဒန်းက ပြောသည်။

ရီးရဲလ်သည် ပွဲအစ ၆ မိနစ် တွင် လီဟာနက်စ်ကို ဦးဆောင်ဂိုးခွင့်ပြုခဲ့ရသော်လည်း ဗက်စ်ကွက် က ချေပဂိုးသွင်းပြီး တက်စီမီရိုနှင့် ရာမို့စ်တို့၏ သွင်းဂိုးများဖြင့် အ နိုင်ရခဲ့သည်။ ရီးရဲလ်သည် ပြီးခဲ့ သည့်လက ၎င်းတို့အိမ်ကွင်းတွင် လီဟာနက်စ်ကိုရှုံးပြီး ကိုပါဒယ် ရေး ဖလားမှ ထွက်ခဲ့ရသည်။

ယခုပွဲသည် အသင်းခေါင်း ဆောင် ရာမို့စ်၏ ရီးရဲလ်အတွက် ၅၅၀ မြောက်ပွဲအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

ထိုအတောအတွင်း ဘာစီ လိုနာနည်းပြ ဗယ်လ်ဗာဒီက ယခု ရာသီ လာလီဂါဖလားရရှိရေး ပြိုင် ဘက်များကို အမှတ်ဖြတ်နိုင်သမျှ ဖြတ်ရန် ကြိုးပမ်းရမည်ဟု ပြော သည်။

လာလီဂါတွင် လတ်တလော ရလဒ်ပိုင်း မကောင်းဖြစ်နေခြင်း နှင့်အတူ ရီးရဲလ်နည်းပြ ဇီဒန်း သည် ဝေဖန်မှုများစွာနှင့် ရင်ဆိုင် နေရသည်။ သို့သော်ဇီဒန်းက ရီးရဲလ်နည်းပြအဖြစ် ဆက်ရှိနေ ရေးတိုက်ပွဲဝင်မည်ဟုပြောသည်။

‘‘ရီးရဲလ်နည်းပြ လုပ်ရတာ ဟာ တစ်ခြားအသင်းတွေကို ကိုင်  တွယ်ရတာထက် ပိုခက်ခဲပေမယ့် ဒီနေရာမှာ ဆက်ရှိနေဖို့ ကျွန်တော်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်’’ ဟု ဇီဒန်းက ပြောသည်။

ရီးရဲလ်သည် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ တွင် ပီအက်စ်ဂျီကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိထားပြီး ဒုတိယအကျော့ ကို အဝေးကွင်းသို့ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

—Ref: AP