မြန်မာလိဂ်ပွဲစဉ်(၇)တွင် ရန်ကုန်နှင့်ရှမ်း ထိပ်တိုက်တွေ့

၂၀၁၈ ချရတီဖလားပြိုင်ပွဲတွင် ရန်ကုန်နှင့် ရှမ်းအသင်းယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − YUFC)

 မြန်မာလိဂ်ပွဲစဉ်(၇) တွင် အမှတ်ပေးဇယားကို ဦး ဆောင်နေသည့် ရန်ကုန်နှင့် လက်ရှိချန်ပီယံရှမ်းယူနိုက်တက် တို့ ထိပ်တိုက်တွေ့ဆုံနေသည်။

မြန်မာလိဂ်ပွဲစဉ်(၇)ပွဲစဉ် များကို ဖေဖော်ဝါရီ ၂၃၊၂၄ နှင့် ၂၅ ရက်တို့တွင် သက်ဆိုင်ရာ ဘောလုံးကွင်းများ၌ ကျင်းပမည် ဖြစ်သည်။ ယခုတစ်ပတ်တွင် ကစားမည့်မြ၀တီနှင့် စစ်ကိုင်းအ သင်းပွဲ ရွှေ့ဆိုင်းထားသော ကြောင့် ပွဲစဉ်(၇)၌ စုစုပေါင်းငါးပွဲ သာ ကျင်းပမည်ဖြစ်သည်။

အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းက အိမ်ကွင်း၌ ဒုတိယနေရာမှ ရှမ်းအသင်းကို လက်ခံယှဉ်ပြိုင်ရမည်ဖြစ်ပြီး အ ကြိတ်အနယ်ပွဲကောင်းတစ်ပွဲဖြစ် လာဖွယ်ရှိသည်။ ရန်ကုန်အသင်း သည် ယခုပွဲတွင် သရေကျရုံဖြင့် အမှတ်ပေးဇယားထိပ်၌ ဆက် လက်ရပ်တည်နိုင်မည်ဖြစ်သော် လည်း ရှမ်းအသင်းက အနိုင်ရမှ သာထိပ်ဆုံးနေရာသို့ ရောက်ရှိ မည်ဖြစ်သည်။

၂၀၁၇ ဘောလုံးရာသီတွင် ရှမ်းအသင်းက ရန်ကုန်အသင်းကို တစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့သည်။ရန်ကုန်အသင်း အိမ်ကွင်း၌ ယှဉ်ပြိုင်သည့်ပွဲတွင် ရှမ်းအသင်းက ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ 

၂၀၁၈ ချရတီဖလားပြိုင်ပွဲ တွင်လည်း ရန်ကုန်အသင်းက ရှမ်းအသင်းကို ပင်နယ်တီအဆုံး အဖြတ်ဖြင့်အနိုင်ရခဲ့သည်။

မြန်မာလိဂ်ပွဲစဉ်(၇)အခြား ပွဲများတွင် မကွေးနှင့်ဧရာဝတီ၊ ရခိုင်နှင့် GFA ၊ ဟံသာဝတီနှင့် ဆောက်သမ်းမြန်မာ၊ ရတနာပုံနှင့်ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ မကွေးနှင့် ဧရာဝတီ၊ ရတနာပုံနှင့် ဇွဲကပင်တို့ပွဲလည်း အကြိတ်အနယ်ပွဲကောင်းများဖြစ်လာဖွယ်ရှိသည်။

၂၀၁၈ MPT မြန်မာလိဂ်ပွဲ စဉ်(၆)အပြီးတွင် ရန်ကုန်ယူနိုက် တက်က ငါးပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ၁၆ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထားပြီး ရှမ်း ယူနိုက်တက်က ရမှတ် ၁၄ မှတ် ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေ သည်။ ရတနာပုံနှင့် မကွေးအ သင်းတို့က ရမှတ် ၁၁ မှတ်စီရရှိ ထားသော်လည်း ဂိုးကွာခြားချက် သာသည့် ရတနာပုံက တတိယ နှင့် မကွေးအသင်းက စတုတ္ထနေ ရာတွင် ရပ်တည်နေသည်။ မြ၀ တီအသင်းက ရမှတ်နှစ်မှတ်ရရှိ ထားပြီး အမှတ်ပေးဇယားအောက် ဆုံး၌ ကျရောက်နေသည်။

Top News