ချစ်သူ ချယ်ရီတွီဒီရဲ့ ပရဟိတအလုပ်တွေကို ဂုဏ်ယူနေတဲ့ လီယမ်ပင်း

 ဗြိတိန်အဆိုတော် လီယမ်ပင်းသည် ချစ်သူချယ်ရီတွီ ဒီ၏ ပရဟိတအလုပ်များအတွက် ဂုဏ်ယူမိကြောင်း အင်စတာဂရမ် တွင် ထုတ်ဖော်ပြောကြားသည်။

အသက်(၂၄)နှစ်အရွယ် လီ ယမ်ပင်းနှင့် (၃၄)နှစ်အရွယ်ချယ် ရီတို့၏ အချစ်ရေးနှင့်ပတ်သက် ၍ ထင်မြင်ချက်မျိုးစုံပေါ်ထွက်နေ စဉ် ၎င်းက ချယ်ရီတွီဒီ၏ ပရဟိတ အလုပ်များအတွက် ဂုဏ်ယူ ကြောင်း ချီးမွမ်းပြောဆိုခြင်းဖြစ် သည်။

Girls Aloud အဖွဲ့ဝင် ဟောင်း ချယ်ရီတွီဒီသည် ဖေဖော် ၀ါရီ ၂၀ ရက်တွင် ဇာတိမြို့နယူး ကာဆယ်၌ ဆင်းရဲနွမ်းပါးသော လူငယ်များအား ကူညီထောက်ပံ့ သည့် Prince’s Trust စင်တာ တစ်ခုဖွင့်လှစ်ခဲ့ပြီး ၎င်းသည် ယူရို နှစ်သန်းတန်ဖိုးရှိသော ထိုစင်တာ ထူထောင်ရေး နှစ်များစွာကြိုး ပမ်းဆောင်ရွက်ခဲ့သည်။

One Direction အဖွဲ့ဝင် လီ ယမ်ပင်းနှင့် ချယ်ရီတွီဒီတို့သည် ၂၀၁၆ အစောပိုင်းတွင် ချစ်သူ များအဖြစ် လက်တွဲခဲ့ပြီး ၂၀၁၇ မတ်လက သားဦးလေးမွေးဖွား ခဲ့သည်။

Contactmusic

Top News