အရှုံးမပေးတဲ့ဝိညာဉ်လို့ အမည်ပေးထားတဲ့ ဘီလီလမင်းအေးရဲ့အခွေသစ်

ဓာတ်ပုံ−စိုင်းဇော်

‘အရှုံးမပေးတဲ့ ၀ိညာဉ်’ သီချင်းသည် ၎င်း၏ Myanmar Idol သီချင်းဆိုပြိုင်ပွဲတစ်လျှောက် ကြုံတွေ့ခဲ့ရသည့်အကြောင်းအ ရာများကို တေးရေးဆောင်းဦး လှိုင်က ပုံဖော်ရေးသားထားခြင်း ဖြစ်ကြောင်း ပထမဆုံးတစ်ကိုယ် တော်စီးရီးခွေ၏ ခေါင်းစီးတေး သီချင်းနှင့်ပတ်သက်၍ ဘီလီ လမင်းအေးက ပြောသည်။

‘‘ဒီသီချင်းက ဖူးရဲ့ဘ၀နဲ့အ များကြီးဆိုင်တယ်။ တိုက်ခိုက်ခဲ့ တာတွေလည်း များခဲ့တာဆိုတော့ ဒီသီချင်းက ကိုက်ညီတဲ့အတွက် ရွေးဖြစ်ခဲ့တာပါ’’ ဟု ၎င်းကပြော သည်။

ပထမဆုံးတစ်ကိုယ်တော် စီးရီးကို ပြိုင်ပွဲပြီးချိန်ကတည်းက စတင်ပြင်ဆင်ခြင်းဖြစ်ပြီး ဆရာ ဥက္ကာဦးသာနှင့် မြန်မာအိုင်ဒေါမှ ၎င်းတို့၏အဆိုနည်းပြ  ဆရာမ ထရေစီတို့က ကူညီပံ့ပိုးခဲ့ကြောင်း ဘီလီလမင်းအေးကပြောသည်။

ပြိုင်ပွဲတစ်လျှောက် သီချင်း ပုံစံမျိုးစုံသီဆိုခဲ့ရပြီး ယခုအခွေ တွင်လည်း သီချင်းပုံစံမျိုးစုံနှင့်သီ ချင်းစုစုပေါင်း ၁၄ ပုဒ်ပါဝင်ကာ မတ်လ ၃ ရက်တွင် ဖြန့်ချိမည်ဖြစ် သည်။ ယင်းနေ့ညနေတွင် Jun-ction City ၌ တေးစီးရီးပရိုမိုးရှင်း ပြုလုပ်၍ ပရိသတ်များနှင့် တွေ့ ဆုံမည်ဖြစ်သည်။

‘‘သီချင်းအဟောင်းနှစ်ပုဒ်ပါ တယ်။ ကိုဆောင်းဦးလှိုင်ဆိုထား တဲ့ ‘ကန္တာရ ကမ္ဘာ’နဲ့ မယုဇနဆို ထားတဲ့ ‘ဖြည်းဖြည်းပေါ့’ သီချင်း ကို ဗားရှင်းပြောင်းပြီးပြန်ဆိုထား ပါတယ်’’ဟု ဘီလီလမင်းအေးက ပြောသည်။

ပြိုင်ပွဲတွင် ပရိသတ်အားပေး မှုရခဲ့သော်လည်း ယခုစီးရီးခွေ သည် အဆိုတော်တစ်ဦးအနေ ဖြင့် ပထမဆုံးဖြန့်ချိခြင်းဖြစ်သော ကြောင့် ပရိသတ်အားပေးမှုရ၊ မရအပေါ် ရင်ခုန်စိတ်လှုပ်ရှားနေ ကြောင်း ၎င်းကဆိုသည်။

‘‘သီချင်းဆိုတာ နားထောင် ပါများမှ နှလုံးသားထဲရောက်တာ ဆိုတော့ နားနဲ့နားမထောင်ဘဲ အားလုံးနှလုံးသားနဲ့နားထောင်ပြီး နားဆင်နိုင်ကြပါစေ’’ ဟု ဘီလီ လမင်းအေးက ပြောသည်။

Top News