အက်စ်ပန်ညိုနှင့် ပွဲ၌ အောင်ပွဲခံခဲ့သော ပီကေးကို အရေးယူမည်မဟုတ်

 ယခုလအစောပိုင်း က ကစားခဲ့သောအက်စ်ပန်ညိုနှင့် ဒါဘီပွဲမတိုင်မီ ပြိုင်ဘက်အသင်း ကို လှုံ့ဆော်မှုနှင့် ဂိုးသွင်းယူပြီး နောက် ပရိသတ်ကို အသံတိတ် နေရန် အမူအရာ လုပ်ပြခြင်း ကြောင့် ဘာစီလိုနာ နောက်တန်း လူ ပီကေးကို အရေးမယူရန် စပိန် ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ သည်။

ဘာကာ နောက်တန်းလူအ ပေါ် စုံစမ်းစစ်ဆေးမှုများ အဆုံး သတ်ပြီဟု စပိန်ဘောလုံးအဖွဲ့ ချုပ်က ထုတ်ပြန်သည်။ ဖေဖော် ဝါရီ ၄ ရက်ပွဲတွင် ပီကေးသည် စော်ကားသော မောက်မာပြောဆို မှုများကို ပွဲတစ်လျှောက်လုံး ခံစားခဲ့ရပြီး တိတ်တဆိတ်နေခြင်း သည် လုပ်နိုင်တာတစ်ခုဟု ပြော ကြားခဲ့သည်။

သို့သော် ၎င်း၏အမူအရာကို လာလီဂါဥက္ကဋ္ဌ ဂျာဗီယာတီ ဘက်စ်က ဝေဖန်ခဲ့ပြီး ပီကေး၏ လုပ်ရပ်သည် ပြိုင်ဘက်ပရိသတ် များအား လှုံ့ဆော်ရာ ရောက် ကြောင်း ပြောကြားသည်။

စပိန်ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ပီကေးကို ဝေဖန်သော်လည်း အရေးယူစရာ အကြောင်းမရှိဟု ဆိုသည်။

ထိုအတောအတွင်း ဘာစီ လိုနာသည် စနေနေ့တွင် မထင် မှတ်ဘဲ ခြေစွမ်းပြနေသော ဂျီရို နာအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ် ကာ ယင်းသည် ဥရုဂွေးအသင်း ဖော် တိုက်စစ်မှူးများဖြစ်သော ဆွာရက်ဇ်နှင့် ခရစ်ဘီယန်စတူ အာနီတို့ ထိပ်တိုက်တွေ့မည့်ပွဲဖြစ် သည်။ လာလီဂါတွင် ၁၇ ဂိုးသွင်း ယူထားသော ဆွာရက်ဇ်နှင့် ၁၃ ဂိုး သွင်းယူထားပြီး လာလီဂါဂိုး သွင်းအများဆုံး စတုတ္တနေရာ၌ ရှိသော စတူအာနီတို့အကြား မည် သူက ဂိုးသွင်းယူမည်ဆိုခြင်းမှာ စိတ်ဝင်စားစရာဖြစ်သည်။

—Ref:Goal/The Sun

Top News