ရှမ်းမြောက်တွင် နှစ်ရက်ဆက် မိုင်းပေါက်ကွဲ၍ လူသုံးဦးသေ၊ ၂၅ ဦးဒဏ်ရာရ

ရှမ်းပြည်နယ် မြောက် ပိုင်းရှိ မြို့နယ်သုံးခုတွင် နှစ်ရက် ဆက်မိုင်းပေါက်ကွဲမှုကြောင့် သုံး ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိ ခဲ့သည်။  လားရှိုး၊ ကျောက်မဲနှင့် လောက်ကိုင်မြို့တို့တွင် မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ 

လားရှိုးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် ဖေဖော်ဝါရီ ၂၁ ရက် တွင်ပင် လောက်ကိုင်မြို့နယ် တာစင်ကျိုင်းကျေးရွာ၌ မိုင်း ပေါက်ကွဲပြီး အသက်(၁၉)နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံး ကာ (၃၆)နှစ်အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာရခဲ့သည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ‘‘သေဆုံးသူရော၊ ဒဏ်ရာရသူရော ကြံခုတ်အလုပ် သမားတွေဖြစ်ပါတယ်။ သက်ဆိုင် ရာကနေ ကူညီထောက်ပံ့မှုတွေ လုပ်နေပါတယ်’’ဟု ပြောသည်။ 

ဒဏ်ရာရသူကို လောက်ကိုင်ပြည်သူ့ဆေးရုံတွင် ကုသနေပြီး အသက်အန္တရာယ် မစိုးရိမ်ရ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။ လားရှိုးမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်ညနေက ဖြစ်ပွားသော မိုင်း ပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေ ဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်၌ မိုင်းပေါက်ကွဲပြီး လူနှစ်ဦးဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ရက်ဆက်၍ မိုင်းပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့သည်။ 

Top News