မိသားစုနှင့်အတူ အိပ်နေသော (၈)နှစ်အရွယ် မိန်းကလေးကိုခေါ်ဆောင်၍ အဓမ္မပြုကျင့်မှုဖြစ်ပွား

ထားဝယ်မြို့နယ် ထိန် သစ်ရပ်ကွက်တွင် အသက်(၈)နှစ် အရွယ် ပထမတန်းကျောင်းသူ တစ်ဦးသည် ဖခင်၊ ဦးလေးတို့နှင့် အတူ အိပ်နေစဉ် အိမ်ပေါ်မှ ပွေ့ချီခေါ်ဆောင်၍ အဓမ္မပြုကျင့်ခံရ ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။

အဆိုပါ ကျောင်းသူသည် ဖေဖော်ဝါရီ ၂၁ ရက် ညက ဖခင်၊ ဦးလေးတို့နှင့် အိမ်အောက်ထပ်ရှိ ကွပ်ပျစ်ပေါ်၌ အတူအိပ်နေစဉ် နံနက် ၄ နာရီခန့်တွင် အိပ်ရာနိုးလာသည့်အဘွားက မြေးကို မတွေ့သဖြင့် မိသားစုဝင်များက လိုက်ရှာခဲ့ရာ တစ်အိမ်ကျော်ရှိ ငှက်ပျောတောထဲတွင် တွေ့ရှိခဲ့သည်။

ကျောင်းသူမိန်းမကိုယ်မှ သွေးများထွက်နေသောကြောင့် လက်ရှိတွင် ဆေးကုသမှုခံယူရန် ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ ထားကြောင်း ရဲမှူးကြီးနေမျိုးက ပြောသည်။

‘‘ကလေးရဲ့အနီးမှာ လူတစ် ယောက်ကိုတွေ့တယ်။ ဘယ်သူ မှန်းလည်း မသိဘူး။ နောက်က မိသားစုဝင်တွေ လိုက်ဖမ်းတယ်။ ဖမ်းလို့မမိဘူး။ တရားခံကိုတော့ ရဲတပ်ဖွဲ့က ရအောင်ဖော်ထုတ် နေတယ်’’ဟု ၎င်းကပြောသည်။

Top News