USAID အကူအညီဖြင့် ကယားပြည်နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့် အဖွဲ့လေးခုရွေးချယ်

ကယားပြည်နယ်အ တွင်း အမေရိကန်နိုင်ငံ၏အကူအ ညီဖြင့် လူမှုဘဝဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်မည့် ဒေသတွင်း အရပ်ဘက်လူမှုရေးအဖွဲ့လေးဖွဲ့ ကို မိတ်ဖက်အဖွဲ့များအဖြစ် ဖေ ဖော်ဝါရီ ၂၂ ရက်က ရွေးချယ်ခဲ့ သည်။ 

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)က ထောက်ပံ့သည့်ငွေဖြင့် အဆိုပါ အရပ်ဘက်အဖွဲ့များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရ မည်ဖြစ်သည်။ 

USAID သည် မြန်မာနိုင်ငံ တောင် ပိုင်းဒေသ ဖွံ့ဖြိုးရေးလုပ် ငန်းအတွက် ကန်ဒေါ်လာ ၄၈ သန်းထောက်ပံ့ရန် ရည်ရွယ်ထား ပြီး ကယားပြည်နယ်ကို ပထမဆုံး ရွေးချယ်၍ စီမံကိန်းစတင်ရန် ပြင် ဆင်ခြင်းဖြစ်သည်။ ရွေးချယ်ခဲ့ သည့် အရပ်ဘက်အဖွဲ့အစည်း လေးခုသည် ကရင်နီနယ်လှည့် ကျန်းမာရေးကော်မတီ၊ ကယန်းမျိုးဆက်သစ်လူငယ်၊ ကရင်နီအမျိုးသမီးအစည်းအရုံးနှင့် ချစ်သော မြန်မာအဖွဲ့တို့ဖြစ်သည်။ 

‘‘ကျွန်တော်တို့အနေနဲ့ ဒီစီမံ ကိန်းကို လုပ်ကိုင်ခွင့်ရခဲ့ပြီးနောက် ကျွန်တော်တို့နဲ့ လက်တွဲဆောင် ရွက်မယ့် ဒေသရဲ့ လိုအပ်ချက် တွေအကြောင်း တကယ်သိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ရွေးချယ်ရခြင်းဖြစ်ပါတယ်။ ဆက် လက်ပြီးတော့လည်း လက်တွဲ ဆောင်ရွက်မယ့် သူတွေကို ရှာ ဖွေသွားမှာပါ’’ဟု ယင်းစီမံကိန်း လုပ်ကိုင်ခွင့်ရရှိသည့် Pact အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေး မှူး မစ္စတာရစ်ချတ်ဟယ်ရစ်ဆန် က ပြောသည်။ 

Pact အဖွဲ့က ကယားပြည် နယ်ရှိ အမျိုးသမီးအရေး၊ စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ကူညီပေးရေး၊ သောက်သုံးရေသန့်နှင့် ကျန်းမာရေးကူညီပေးရေးစသည့် လုပ်ငန်းများဆောင်ရွက်နေသည့် အဆိုပါဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းလေးဖွဲ့ ကို ရွေးချယ်ခဲ့သည်။ 

သို့သော် ယင်းအဖွဲ့များကို တစ်ဖွဲ့ချင်းအလိုက် ထောက်ပံ့ ပေးအပ်မည့် ငွေပမာဏကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။ အဆို ပါအဖွဲ့များကို အမေရိကန်သံအ မတ်ကြီး မစ္စတာမာစီရယ်လ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် အသိ အမှတ်ပြုလက်မှတ်များပေးအပ် ခဲ့သည်။ 

‘‘မြန်မာနိုင်ငံဟာ စိန်ခေါ်မှု တွေနဲ့အတူ ပြုပြင်ပြောင်းလဲမှု တွေလည်း ဖြစ်ပေါ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေ နဲ့ မိတ်ဆွေနိုင်ငံဖြစ်တာကြောင့် လိုအပ်တဲ့ အပိုင်းတွေမှာ ကူညီ ထောက်ပံ့မှုတွေ ပေးသွားမှာပါ’’ ဟု မာစီရယ်လ်က ပြောသည်။ 

Top News