မြန်မာ-တရုတ် ပူးပေါင်း၍ ဗုဒ္ဓဘာသာအဖွဲ့ချုပ်တည်ထောင်ရန် တရုတ်ကမ်းလှမ်းထားဟု သူရဦးအောင်ကိုပြော

သတ္တမအကြိမ်နိုင်ငံတော်ဗဟို သံဃ၀န်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးတွင် သူရဦးအောင်ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်း၍ ဗုဒ္ဓဘာသာအဖွဲ့ချုပ် တည်ထောင်ရန် တရုတ်နိုင်ငံ ဗုဒ္ဓ ဘာသာအဖွဲ့ချုပ်က ကမ်းလှမ်း ထား၍ နိုင်ငံတော် သံဃမဟာ နာယကဆရာတော်များထံ တင်ပြထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောကြားသည်။

တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအ ဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဆရာတော် အပါအဝင် ယင်းအဖွဲ့ တာဝန်ရှိ သူများက နှစ်နိုင်ငံ ပူးပေါင်းပါဝင် သည့် ဗုဒ္ဓဘာသာအဖွဲ့ချုပ်တည် ထောင်ရန် အကြိမ်ကြိမ်ကမ်းလှမ်း ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘နောက်ဆုံးညှိနှိုင်းမှုက တော့ နေပြည်တော်မှာ မြေအ နည်းဆုံး ဧက ၂၀၀ ကျော် လောက်ကို မြန်မာနိုင်ငံကပေးပါ။ ပြီးရင် အဲဒီမှာ မြန်မာ-တရုတ် ဗုဒ္ဓဘာသာအဖွဲ့ချုပ်ဆိုပြီးတော့ တည်ဆောက်ပါမယ်။ ဆောက် လုပ်မှုတွေကို သူတို့ကျခံပါမယ် လို့ ဆွေးနွေးလာပါတယ်’’ဟု ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

အဆိုပါ မြေဧက ၂၀၀ ကျော်တွင် သာသနိကဆိုင်ရာ အ ဆောက်အအုံများကို တရုတ်နိုင်ငံ က အကုန်အကျခံတည်ဆောက် ၍ နိုင်ငံတကာ ဗုဒ္ဓဘာသာဆိုင် ရာ အခမ်းအနားများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ရည်ရွယ်ထားသည်။

လက်ရှိ တရုတ်နိုင်ငံတွင် လူဦးရေ သန်း ၁,၄၀၀ ခန့်ရှိရာ မဟာယာန ဗုဒ္ဓဘာသာကိုးကွယ် သူ သန်း ၂၀၀ ခန့်၊ ခရစ်ယာန်ဘာ သာကိုးကွယ်သူ သန်း ၁၀၀ ကျော် နှင့် အစ္စလာမ်ဘာသာကိုးကွယ် သူ သန်း ၁၀၀ ကျော်ခန့်ရှိပြီး လူဦးရေ သန်း ၁,၀၀၀ ခန့်သည် ဘာသာမဲ့များဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် တရုတ်နိုင်ငံ ခေါင်းဆောင်များက တရုတ်မျိုး ဆက်သစ်လူငယ်များကို ဗုဒ္ဓ၏ အဆုံးအမဖြင့် ယဉ်ကျေးသိမ်မွေ့ သူများ ဖြစ်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်လိုခြင်းဖြစ်ကြောင်း သူရ ဦးအောင်ကိုက ဆက်လက်ပြော သည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှု အကောင်အထည်ပေါ်လာ ပါက မြန်မာနိုင်ငံ သံဃမဟာနာ ယကဆရာတော်များက ဦးဆောင်ခွင့်ရမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် အာရှနှင့် ကမ္ဘာ့ဗုဒ္ဓဘာသာအဖွဲ့ ချုပ်များ ဆက်လက်ပေါ်ပေါက် လာရန် ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။ သို့သော် အဆိုပါ လုပ်ငန်းစဉ်သည် ကျယ်ပြန့်သဖြင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များက ပြန်လည်သုံး သပ်နေကြောင်း ဆိုသည်။

‘‘ဆရာတော်များက စိတ်ဝင် စားကြပါတယ်။ သို့သော်လည်း တင်ပြသလိုပဲ သာသနာပြုပိုင်း၊ စီမံအုပ်ချုပ်မှုပိုင်း၊ နိုင်ငံတကာ ဆက်ဆံရေးအပိုင်းတွေက ကျယ် ပြန့်တော့ လောလောဆယ်တော့ သံဃမဟာနာယကဆရာတော် များက ဩဝါဒါစရိယဆရာတော် များအနေနဲ့ ရပ်တည်ပြီးတော့ ကျန်တဲ့လုပ်နိုင်တဲ့ ဆရာတော် တွေကို တာဝန်ပေးဖို့ အကြံပြု ထားပါတယ်’’ဟု သူရဦးအောင် ကိုက ပြောသည်။

လတ်တလောတွင် မြန်မာ နိုင်ငံနှင့် အာရှ ၁၀ နိုင်ငံမှ သံဃာ တော်များပါဝင်သော အာရှဗုဒ္ဓ ဘာသာအသင်း ဖွဲ့စည်းနိုင်ရန် ဇေကမ္ဘာဦးခင်ရွှေက ဦးဆောင် ကြိုးပမ်းနေသည်။

Top News