ရန်ကုန်အသင်းက အီစိုး၏သွင်းဂိုးဖြင့် လက်ရှိချန်ပီယံရှမ်းကို အနိုင်ယူ

ရန်ကုန်နှင့် ရှမ်းအသင်းအကြိတ်အနယ်ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − YUFC)

 မြန်မာလိဂ်ပွဲစဉ်(၇) ပထမရက်ပွဲတွင် ရန်ကုန်ယူနိုက် တက်က တိုက်စစ်မှူးအီစိုး၏တစ်လုံးတည်းသောဂိုးဖြင့် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်ကို အနိုင်ရရှိကာအမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက်က ရန် ကုန်ယူနိုက်တက်အိမ်ကွင်း (YUSC)၌ ယှဉ်ပြိုင်သည့်အဆိုပါ ပွဲပထမပိုင်းတွင် အကြိတ်အနယ် ရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အ တွက် တစ်လုံးတည်းသောအနိုင် ဂိုးကို ပွဲချိန် ၂၁ မိနစ်တွင် တိုက် စစ်မှူးအီစိုးက အဝေးကန်ချက် ဖြင့်သွင်းယူခဲ့သည်။

ပွဲချိန် မိနစ် ၃၀ တွင် ကစား ပုံကြမ်းတမ်းသည့် ရန်ကုန်ကစား သမားမင်းကျော်ခန့်ကို ကွင်း လယ်ဒိုင်လူကြီးက တိုက်ရိုက်အနီ ကတ်ဖြင့် ထုတ်ပယ်ခဲ့သဖြင့်လက် ကျန်ပွဲချိန်၌ ရန်ကုန်ယူနိုက်တက်က  တစ်ဦးလျော့ဖြင့်ယှဉ်ပြိုင်ခဲ့ရသည်။

ဒုတိယပိုင်းတွင် ရန်ကုန်ယူ နိုက်တက်က ခံစစ်ဦးစားပေး ကစားခဲ့ပြီး ရှမ်းယူနိုက်တက်၏ ဖိအားပေးမှုကိုခံခဲ့ရသည်။ ဧည့် သည်ရှမ်းယူနိုက်တက်သည် ဒုတိ ယပိုင်းတွင် ဘောလုံးပိုင်ဆိုင်မှုအ သာရသော်လည်း ရန်ကုန်အသင်း ဂိုးပေါက်ကို ထိရောက်စွာမခြိမ်း ခြောက်နိုင်ခဲ့ပေ။

ရန်ကုန်ယူနိုက်တက်က တန်ပြန်တိုက်စစ်မှတစ်ဆင့်တိုက် စစ်မှူးများအခွင့်အရေးအချို့ရရှိ ခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲ နိုင်ခြင်းမရှိသဖြင့် အနိုင်ဂိုးထပ်မရ ဘဲ ၁-၀ ဂိုးဖြင့်အနိုင်ယူပြီး ရမှတ် သုံးမှတ်ရယူနိုင်ခဲ့သည်။

ရှမ်းယူနိုက်တက်သည် ယခု ပွဲအနိုင်ရပါက အမှတ်ပေးဇယား ဦးဆောင်ခွင့် ရမည်ဖြစ်သော် လည်း ရှုံးနိမ့်သဖြင့်အခွင့်အရေး ဆုံးရှုံးခဲ့သည်။ ရန်ကုန်ယူနိုက် တက်သည် ယခုပွဲအနိုင်ရလဒ် ကြောင့် ပွဲစဉ်(၇)အပြီးတွင် ရှုံးပွဲမရှိသေးဘဲ ရမှတ်(၁၉)မှတ်ဖြင့် အ မှတ်ပေးဇယားကို ဆက်လက်ဦး ဆောင်နိုင်ခဲ့သည်။

မြန်မာလိဂ်ပွဲ စဉ်(၇)ဒုတိယ ရက်ပွဲများကို ဖေဖော်ဝါရီ  ၂၄ ရက်(ယနေ့)တွင် ကျင်းပမည်ဖြစ်ပြီး စစ်တွေမြို့ ဝေသာလီကွင်း၌ရခိုင်နှင့် GFA၊ ရန်ကုန်မြို့သုဝဏ္ဏကွင်း၌ မကွေးနှင့်ဧရာဝတီတို့ယှဉ်ပြိုင်မည်ဖြစ်သည်။

Top News