ဗန်းမော်ဆရာတော်ကြီး မဟနဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခွင့် တင်ထားသော်လည်း ဆရာတော်များ၏ တိုက်တွန်း တောင်းပန်မှုကြောင့် ဆက်လက်ထမ်းဆောင်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဗန်းမော်ဆရာတော်သည် သက်တော်ဝါ တော် ကြီးရင့်လာမှုနှင့် ကျန်းမာရေးအခြေအနေ အရ နုတ်ထွက်ခွင့်တင်ခဲ့သော်လည်း ကျန် အဖွဲ့ဝင် ဆရာတော်များ၏ တိုက်တွန်းတောင်း ပန်မှုကြောင့် တာဝန်ဆက်လက်ထမ်းဆောင်နေ ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဦးက ပြောသည်။

ကမ္ဘာအေးကုန်းမြေရှိ မဟာ ပါသာဏလိုဏ်ဂူ၌ ယမန်နေ့က ကျင်းပသည့် နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့အစည်းအ ဝေးခေတ္တရပ်နားချိန်တွင် သတင်း ထောက်များ၏မေးမြန်းမှုကို ၎င်း က ဖြေကြားခဲ့သည်။

‘‘ဆရာတော်ကြီးက သက် တော် ၀ါတော်လည်း ကြီးပြီ။ နောက်တစ်ခုကလည်း ဆရာ တော်ကြီးက အသက်အရွယ်အား ဖြင့် ဘာဝနာအလုပ်ကိုတစိုက် မတ်မတ်ဆောင်ရွက်လိုတဲ့ဆန္ဒရှိ ပါတယ်’’ ဟု ဦးမြင့်ဦးက ဗန်း မော်ဆရာတော် နုတ်ထွက်ခွင့် တင်မှုနှင့် ပတ်သက်၍ ရှင်းပြ သည်။ ဗန်းမော်ဆရာတော်သည် လက်ရှိတွင် သက်တော် (၈၉)နှစ် ရှိပြီဖြစ်ပြီး ယခင်အစိုးရလက် ထက် သာသနာရေးဝန်ကြီးနှင့် လက်ရှိအစိုးရလက်ထက်သာသ နာရေးဝန်ကြီးသူရဦးအောင်ကို ကိုအနားယူလိုကြောင်း မကြာ ခဏမိန့်ကြားလေ့ရှိသည်ဟု ဦး မြင့်ဦးက ပြောသည်။

‘‘ပြီးခဲ့တဲ့လေးလပတ် ၄၇ ပါး စုံညီအစည်းအဝေးမှာလည်း ပြည်ထောင်စုဝန်ကြီးကို ထပ်ပြီး မိန့်တဲ့အတွက် ဆရာတော်ကြီးရဲ့ ဆန္ဒအတိုင်းပါဆိုပြီးလျှောက်ခဲ့ တာဖြစ်ပါတယ်။ ဆရာတော်ကြီး ရဲ့ဆန္ဒအရ ဥက္ကဋ္ဌတာဝန်က အ နားယူဖို့ မိန့်ကြားတာဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

သို့သော် မဟနဥက္ကဋ္ဌဗန်း မော်ဆရာတော် နုတ်ထွက်ခွင့် တင်ပြမှုနှင့်ပတ်သက်၍ ဖေဖော် ၀ါရီ ၂၀ ရက်ကကျင်းပသည့်နိုင် ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီအစည်းအဝေး၌အဆုံး အဖြတ်ရယူခဲ့ရာ အဖွဲ့ဝင်ဆရာ တော် ၄၆ ပါးစလုံးက သဘောမတူခဲ့ပေ။ ထို့ကြောင့် ဗန်းမော်ဆရာ တော်သည် နုတ်ထွက်လွှာကိုရုပ် သိမ်း၍ ဥက္ကဋ္ဌအဖြစ်ဆက်လက် ဆောင်ရွက်နေကြောင်း သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့် ထုတ် ပြန်သည်။

ဆရာတော်သည် သံဃာ့အ ဖွဲ့အစည်းအဝေးကြီးများ ကျင်းပ ချိန်နှင့် အရေးကြီးကိစ္စရပ်များ ဆုံးဖြတ်ရန်လိုအပ်သည့်အချိန် တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်း မြေရှိ မဟာနာယက ကျောင်း ဆောင်၌ သီတင်းသုံး၍ လုပ်ငန်း တာဝန်များဆောင်ရွက်မည်ဖြစ် ပြီး ကျန်အချိန်များတွင် မန္တလေး မြို့ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးမည်ဖြစ်သည်။

လက်ရှိတွင် ဗန်းမော်ဆရာ တော်သည် ဖေဖော်ဝါရီ ၂၃ ရက် မှ ၂၅ ရက်အထိ ကျင်းပနေသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့အစည်းအဝေးသို့ တက် ရောက်နေသည်။

Top News