နိုင်ငံရေး အမှတ်အသားဖဲကြိုးဝတ်ဆင်ခဲ့သော ဂွာဒီယိုလာကို အက်ဖ်အေစွဲချက်တင်

အကျဉ်းချခံထားရ သော၊ ထုတ်ပယ်ခံထားရသော လွတ်လပ်ရေးလိုလားသည့် ကတ် တလန်ဒေသ နိုင်ငံရေးသမားများ ကို ထောက်ခံသောအားဖြင့် ဖဲကြိုး ဝါဝတ်ဆင်၍ နိုင်ငံရေးသတင်း စကား မြှင့်တင်ခြင်းကြောင့် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်က မန် စီးတီးနည်းပြ ဂွာဒီယိုလာကို စွဲ ချက်တင်ခဲ့သည်။


ဂွာဒီယိုလာကို ကတ်တာ  လိုနီးယားဒေသတွင် မွေးဖွားခဲ့ပြီး ဘာစီလိုနာအသင်း၌ ကစားသ မားတစ်ဦးနှင့် နည်းပြတစ်ဦးအ ဖြစ် ဆက်ဆံမှုရှိ၍ ယင်းဒေသတွင် ၎င်းကို အလွန်လေးစားချစ်ခင် သည်။

ပြီးခဲ့သည့် အောက်တိုဘာ က လွတ်လပ်ရေးလူထု ဆန္ဒခံယူ ပွဲ ပိတ်ပင်ခံရပြီး ကတ်တာလိုနီး ယားခွဲထွက်မှု မအောင်မြင်ဖြစ်ခဲ့ ချိန်ကစ၍ သတင်းစာရှင်းလင်း ပွဲများနှင့် ဘောလုံးပွဲများတွင် ဂွာဒီယိုလာက အဝါရောင်ဖဲကြိုး  ဝတ်ဆင်ခဲ့သည်။

အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် က ဂွာဒီယိုလာကို ယခုအချိန်မှ စွဲချက်တင်ခြင်းနှင့် ပတ်သက်၍ မရှင်းလင်းပေ။ ယင်းမှာ အက်ဖ် အေ၏ ဝတ်စုံနှင့် ကြော်ငြာစည်း မျဉ်း စည်းကမ်းများကို ချိုး ဖောက် ခြင်းဖြစ်ကြောင်း ပြောကြားပြီး ဖြေရှင်းချက်ပေးရန် မတ်လ ၅ ရက်အထိ အချိန်ပေးထားသည်။

—Ref: AP

Top News