အောင်လအန်ဆန် မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲ ဇွန်လတွင် ယှဉ်ပြိုင်ရန်စီစဉ်

လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်လုပွဲတွင် ဘရာဇီးနိုင်ငံသားမာချာဒိုကို အနိုင်ရပြီးနောက် အောင်လအန်ဆန်သည် ၀ိတ်တန်းနှစ်ခု ချန်ပီယံဖြစ်လာသည်။ (ဓာတ်ပုံ − စိုင်းဇော်)

MMA (One Championship) မစ်ဒယ်ဝိတ် တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲ ကို လာမည့် ဇွန်လအတွင်း ယှဉ် ပြိုင်ရန် စီစဉ်ထားကြောင်း လိုက် ဟဲဗီးဝိတ်တန်းနှင့် မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံ အောင်လ အန်ဆန်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့၌ကျင်းပသည့် လိုက်ဟဲဗီးဝိတ်တန်းတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်က ပြိုင်ဘက်ဘရာဇီးနိုင်ငံသားမာချာဒိုကို ပထမအချီ ၅၆ စက္ကန့်၌ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ပြီးနောက် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ထပ်မံရယူနိုင်ခဲ့သည်။

‘‘ကျွန်တော့်အနေနဲ့ ရရှိထား တဲ့ ချန်ပီယံခါးပတ်နှစ်ခုလုံးကို အတတ်နိုင်ဆုံး ကာကွယ်သွားမှာ ပါ။ အနီးစပ်ဆုံးအနေနဲ့ကတော့ ဇွန်လလောက်မှာ မစ်ဒယ်ဝိတ် တန်းချန်ပီယံ ကာကွယ်ပွဲ ယှဉ် ပြိုင်ဖို့ရှိတယ်။ ဒါပေမဲ့ မသေချာ သေးဘူး။ ဘယ်နိုင်ငံမှာလုပ်မယ့် ပွဲမှာ ထိုးရမလဲဆိုတာ ပွဲစီစဉ်သူ တွေပဲ သိပါလိမ့်မယ်’’ဟု အောင် လအန်ဆန်က ပြောသည်။

မတူညီသည့် ဝိတ်တန်းနှစ်ခု ၌ ကမ္ဘာ့ချန်ပီယံဖြစ်သော်လည်း ကိုယ်အလေးချိန် အတင်အချပြု လုပ်ရာတွင် အခက်အခဲရှိမည် မဟုတ်ဘဲ ရရှိထားသည့် ချန်ပီယံ ခါးပတ်နှစ်ခုကို ကာကွယ်နိုင်ရန် ကြိုးစားမည်ဖြစ်ပြီး မတ်လ လ ဆန်း၌ ပြန်လည်လေ့ကျင့်မည်ဖြစ်ကြောင်း အောင်လအန်ဆန်က ဆိုသည်။

‘‘ကျွန်တော် အသက် (၃၂) ကျော်ပြီ။ (၃၃)ပြည့်တော့မှာပေါ့ နော်။ ဒါကြောင့် ကျွန်တော် အချိန်မဖြုန်းချင်ဘူး။ အခုရထား တဲ့ ခါးပတ်နှစ်ခုကိုပဲ ကာကွယ်ဖို့ အတွက် ပြင်ဆင်မယ်။ မစ်ဒယ် ဝိတ်တန်းမှာ ကျွန်တော့်ကို စိန် ခေါ်ချင်တဲ့သူတွေ အများကြီးရှိ တယ်။ ဒါကြောင့် ခါးပတ်ကို သူများဆီပါမသွားအောင် ကာ ကွယ်ဖို့အတွက် ကျွန်တော် အစွမ်းကုန်ကြိုးစားမယ်။ ကျွန် တော့်မိသားစု၊ ပရိသတ်နဲ့ မြန်မာ ပြည်က ပရိသတ်တွေ အားပေး မယ်ဆိုရင်ပေါ့’’ဟု အောင်လအန် ဆန်က ပြောသည်။

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၂ ပွဲ ယှဉ်ပြိုင်ထားပြီး ၂၂ ပွဲနိုင်၊ ၁၀ ပွဲရှုံးနိမ့်ထားကာ MMA (One Championship)ပြိုင်ပွဲ သက် တမ်းတစ်လျှောက် ဝိတ်တန်းနှစ်ခု ၌ ရွှေခါးပတ်နှစ်ခု ရရှိသည့် ဒုတိယမြောက် ကစားသမား ဖြစ် လာသည်။ MMA (One Cham -pionship) ပြိုင်ပွဲ ဝိတ်တန်းနှစ်ခု ၏ ပထမဆုံး ကမ္ဘာ့ချန်ပီယံအဖြစ် သြစတြေးလျနိုင်ငံသား မာတင်ငုယင်က ဖယ်သာဝိတ်တန်းနှင့် လိုက်ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးကြောင်း One Cham-pionship က ထုတ်ပြန်သည်။

Top News