နည်းပြကွန်တီနှင့် မပြေလည်သော်လည်း ချယ်လ်ဆီးနှင့် ပြဿနာမရှိဟု မော်ရင်ဟို ပြောကြား

(Glyn KIRK/AFP)

 ချယ်လ်ဆီးနည်းပြ ကွန်တီနှင့် မကြာသေးမီက စကား စစ်ထိုးပွဲ ဖြစ်ခဲ့သော်လည်း အသင်းဟောင်း ချယ်လ်ဆီးနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိနေဆဲဖြစ်ကြောင်း မန်ယူနည်းပြ မော်ရင်ဟိုက အလေးအနက်ပြော ကြားသည်။

မော်ရင်ဟိုနှင့် ကွန်တီကြား ဆိုးရွားသော စိတ်ခံစားမှုကို ဗဟို ပြု၍ ပွဲမတိုင်မီ လူပြောများမှုနှင့် အတူ ထိပ်ဆုံးလေးသင်းစာရင်း ဝင်ရေး အရေးကြီးသည့်ပွဲအဖြစ် မန်ယူသည် ယနေ့ညတွင် ချယ်လ် ဆီးကို လက်ခံယှဉ်ပြိုင်မည်ဖြစ် သည်။


အတိတ်ရန်စအကြောင်းကို ပြောဆိုခြင်းမရှိခဲ့ဘဲ ကွန်တီသည် အလွန်တော်သော နည်းပြဖြစ် ကြောင်းနှင့် ချယ်လ်ဆီးနှင့် ဆက် ဆံရေးအကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် မော်ရင်ဟို က ပြောသည်။ မော်ရင်ဟိုသည် ချယ်လ်ဆီးတွင် နည်းပြတာဝန် နှစ်ကြိမ်ထမ်းဆောင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား  သုံးကြိမ်ရအောင် လမ်းညွှန်နိုင်ခဲ့သည်။

 ‘‘ချယ်လ်ဆီးဘုတ်အဖွဲ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါ တယ်။ အဖေခွဲခွာခဲ့တဲ့ ခက်ခဲတဲ့ ကာလမှာ ကျွန်တော့်အပေါ် သူတို့ ဘယ်လောက်ကောင်းခဲ့တယ်ဆို တာ မမေ့ပါဘူး။ ဒါကြောင့် ချယ်လ်ဆီးဘုတ်အဖွဲ့နဲ့ ကျွန်တော့်ကြား ဆက်ဆံရေးဟာ အမြဲကောင်းမွန် ပြီး ကစားသမားတွေနဲ့လည်း ဘာ ပြဿနာမှ မရှိပါဘူး’’ ဟု မော် ရင်ဟိုက ပြောသည်။

မော်ရင်ဟို မန်ယူနည်းပြ ဘဝအဖြစ် ပြီးခဲ့သည့်နှစ်က ချယ်လ်ဆီးကွင်းသို့ လာရောက် ယှဉ်ပြိုင်ရာတွင် အက်ဖ်အေနှင့် လိဂ်ဖလား၌ နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပြီး ချယ်လ်ဆီးပရိသတ်အချို့က ‘‘ခင်ဗျားက စပယ်ရှယ်ဝမ်းတစ်ယောက် မဟုတ်တော့ဘူး’’ ဟု အော်ဟစ်ခဲ့သည်။

ယခုနှစ်ရာသီတွင် ချယ်လ် ဆီးကွင်း၌ တွေ့ဆုံစဉ်ကလည်း မန်ယူရှုံးခဲ့သဖြင့် မော်ရင်ဟိုအ နေဖြင့် ယင်းကိုပြင်ဆင်ရန် စိတ် အားထက်သန်နေပြီး အနိုင်ရပါ က စတုတ္ထနေရာရှိ ချယ်လ်ဆီးကို ခြောက်မှတ်ဖြတ်နိုင်မည် ဖြစ် သည်။

ထိုအတောအတွင်း ကွန်တီ က မော်ရင်ဟိုနှင့် စကားစစ်ထိုး မှုများ အတိတ်တွင် ထားခဲ့ရန် စိတ်အားထက်သန်နေကြောင်း ပြောသည်။

—Ref: Reuters/ibtimes.co.uk

Top News