စတုတ်စီးတီးနှင့် သရေကျခြင်းသည် မျှတဟု လက်စတာနည်းပြ ပြောကြား

ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) အဖြစ် အစောဆုံးကစားခဲ့ သော လက်စတာနှင့် စတုတ်စီး တီးတို့ပွဲတွင် တစ်ဂိုးစီသရေကျခဲ့ သည်။

ရှာကီရီက ဧည့်သည်စတုတ် စီးတီးအတွက် ၄၃ မိနစ်တွင် ဂိုး သွင်းယူခဲ့သော်လည်း မိနစ် ၇၀ ၌ ဂိုးသမား ဂျက်ခ်ဘတ်လန်းက ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် အနိုင်ရလဒ်ဖြင့် အဆုံးသတ်ရေး စတုတ်စီးတီး၏ မျှော်လင့်ချက် ပျက်ပြယ် ခဲ့သည်။


တန်းဆင်းဇုန်မှ ရုန်းထွက်ရန် မဖြစ်မနေနိုင်ပွဲ လိုအပ်နေသော စတုတ်စီးတီးသည် ဂျက်ခ်ဘတ် လန်း၏ ပေါ့ဆမှုကြောင့် အိမ်ရှင် လက်စတာကို တစ်မှတ်ခွဲပေးခဲ့ရ သဖြင့် အလွန်နစ်နာခဲ့ပြီး ယခုရလဒ်ကြောင့် ၂၆ မှတ်ဖြင့် အဆင့် (၁၉)တွင် ရပ်တည်နေသည်။

‘‘အနိုင်ရဖို့အတွက် မလုံ လောက်ခဲ့ပါဘူး။ သရေရလဒ်က မျှတတယ်လို့ ထင်ပါတယ်။ စ တုတ်စီးတီး ဂိုးသမားဟာ အရေး ကြီးတဲ့ ကာကွယ်မှုတချို့ ပြုလုပ် ခဲ့သလို ကျွန်တော့်အသင်းက လည်း အခွင့်အရေးတွေကို ခွင့်ပြု ခဲ့ရပါတယ်’’ဟု လက်စတာနည်း ပြ ကလောက်ဒ်ပူအဲလ်က ပြော သည်။

ဂျက်ခ်ဘတ်လန်း၏ အမှား ကြောင့် အပြစ်မတင်လိုကြောင်း စတုတ်စီးတီးနည်းပြ ပေါလ်လန်း ဘတ်က ပြောကြားပြီး ရှာကီရီ သည် ထိပ်တန်းကစားသမားတစ် ဦး ဖြစ်သည်ဟု ချီးကျူးသည်။

—Ref: BBC/Marca

Top News