စစ်တွေမြို့ ဌာနဆိုင်ရာရုံးများအနီး မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားပြီး လူနှစ်ဦးဒဏ်ရာရ၊ မပေါက်ကွဲသည့် မိုင်းသုံးလုံးတွေ့ရှိ

ဒေသတည်ငြိမ်ဖွံ့ဖြိုးရေး ဆောင်ရွက်နေချိန် ယင်းဖြစ်ရပ်များကြောင့် အခက်တွေ့ဟု ၀န်ကြီးချုပ်ပြော
ပြည်နယ်တရားလွှတ်တော်ချုပ်ရုံးအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ် (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)

 စစ်တွေမြို့၌ ယမန် နေ့က ဖြစ်ပွားခဲ့သည့် မိုင်းပေါက် ကွဲမှုနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်မိပြီး ဒေသတည်ငြိမ်  ဖွံ့ဖြိုးရေး ဆောင်ရွက်နေချိန်တွင် ယင်းကဲ့သို့ဖြစ်ရပ်များဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများ အခက်အခဲ တွေ့ရကြောင်း ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်ရှိ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးတင်မောင်ဆွေ ၏ နေအိမ်အနောက်ဘက်ခြံစည်း ရိုးနေရာ၊ စစ်တွေမြို့နာရီစင်အနီး ပြည်နယ်တရားလွှတ်တော်ချုပ် ရုံးအနီးနှင့် ပြည်နယ်မြေစာရင်း ရုံးအနီး နေရာများတွင် ဖေ ဖော်ဝါရီ ၂၄ ရက်နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က ရီမုဒ်မိုင်းသုံးလုံး ပေါက်ကွဲခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ နေအိမ်အနီးပေါက်ကွဲမှုဖြစ်စဉ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်သားတစ်ဦးနှင့် ယင်းအိမ်သို့ ခေတ္တရောက်ရှိနေသော ဆရာဝန် တစ်ဦးတို့ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်။

မိုင်းပေါက်ကွဲပြီးနောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနေအိမ်အတွင်းပိုင်း မြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ − MOI)

မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ သည့်နေရာများသို့ စစ်တွေတပ် နယ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာ ၀န်ရှိသူများက သွားရောက်စစ် ဆေးခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ်အနီး မိုင်း ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာမှ မပေါက်ကွဲသေးသည့် ရီမုဒ်မိုင်း တစ်လုံးနှင့် ပြည်နယ်မြေစာရင်း ရုံးအနီး မိုင်းပေါက်ကွဲသည့်နေရာ တွင် မပေါက်ကွဲသေးသည့်ရီမုဒ် မိုင်းနှစ်လုံး စုစုပေါင်းသုံးလုံးတွေ့ ရှိခဲ့ပြီး သက်မဲ့ပြုလုပ်ကာ မိုင်းရှင်း လင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြောင်း ထုတ်ပြန် ချက်၌ ပါရှိသည်။

ယင်းပေါက်ကွဲမှုနှင့် ပတ် သက်၍ ဖေဖော်ဝါရီ ၂၄ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ် သာအတွင်း ပြုလုပ်သည့်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအ လုပ်အမှုဆောင်အဖွဲ့အစည်းအ ဝေးသို့ တက်ရောက်လာသည့် ၀န်ကြီးချုပ်ဦးညီပုက ‘‘ဒါကတော့ မကောင်းဘူးပေါ့ဗျာ။ ကျွန်တော် တို့ပြည်နယ်မှာ သိတဲ့အတိုင်း လေ။ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ ဖြိုးမှုကို လုပ်နေတယ်။ ဒီလိုတွေ တစ်ခုပြီးတစ်ခုဖြစ်နေတဲ့အခါကျ တော့ ကိုယ်လုပ်ချင်တဲ့ဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှုကတော့ အ များကြီးနောက်ကျသွားတာပေါ့။ ပြည်သူတွေလည်း အများကြီးအ ခက်အခဲဖြစ်တာပေါ့။ အဲဒီအ တွက်တော့ စိတ်မကောင်းဘူး ပေါ့။ အားလုံးဝိုင်းဝန်းပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးမှုအ တွက် တကယ်လုပ်သင့်တဲ့ပြည် နယ်ဖြစ်နေပြီးတော့ လုပ်နိုင်ဖို့အ တွက်ကတော့ အားလုံးဝိုင်းဝန်းပြီး တော့လုပ်ရင်တော့ ပိုကောင်းတာ ပေါ့နော်’’ ဟု အစည်းအဝေးအပြီး တွင် သတင်းထောက်များမေးမြန်း မှုကို ဖြေကြားသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒေ သခံများအကြားစိုးရိမ်မှုမြင့်တက် ခဲ့သော်လည်း ဒေသခံများသွား လာလှုပ်ရှားမှု ပုံမှန်အတိုင်းရှိနေ ပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အနီးဝန်းကျင်ကို လုံခြုံရေးတိုးမြှင့် ထားကြောင်း မြို့ခံအချို့ကပြော သည်။

မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးကို သက်မဲ့ပြုလုပ်ပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ − MOI)

‘‘မိုင်းပေါက်ကွဲပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရှင်းလင်းရေးလုပ် နေတဲ့အချိန်မှာတော့ လမ်းတွေ ပိတ်ထားခဲ့တယ်။ ခဏနေတော့ ပြန်ဖွင့်လိုက်တယ်။ ဒေသခံတွေ ကတော့ ပုံမှန်အတိုင်းပဲသွားလာ နေကြတယ်။ စိုးရိမ်မှုတွေကတော့ မြင့်သွားတာပေါ့’’ ဟု စစ်တွေဒေ သခံကိုကျော်အေးသိန်းက ပြော သည်။လက်လုပ်မိုင်းများကို ဘော စေ့ပေါင်းများစွာဖြင့် ပြုလုပ်ထား ပြီး ပေါက်ကွဲပါက ထိခိုက်မှုများ နိုင်သော အမျိုးအစားဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ‘‘မိုင်း က သုံးလုံးကွဲတယ်။ သုံးလုံးမကွဲ ဘူး။ မိုင်းတွေက အဝေးထိန်းစနစ် နဲ့ခွဲလို့ရတဲ့ ဘောစေ့များနဲ့ ပြုလုပ် ထားပြီး ပေါက်ကွဲမှုဖြစ်ပါက ထိ ခိုက်မှုများနိုင်သောအမျိုးအစား ဖြစ်တဲ့ ဒေသန္တရလက်လုပ်မိုင်းအ မျိုးအစားပါ။ တရားခံကိုတော့ လောလောဆယ် မရသေးဘူး။ လုံခြုံရေးအရတော့ ပိတ်ဆို့တာ တွေ၊ ရှာဖွေတာတွေလုပ်နေပါ တယ်’’ ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆ အောက်တိုဘာအကြမ်းဖက်ခံရ မှုနောက်ပိုင်း မိုင်းပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော လက်လုပ် မိုင်းများ တွေ့ရှိမှုပိုမိုဖြစ်ပွားလာ သည်။

စစ်တွေမြို့၌ ဖြစ်ပွားသော  မိုင်းပေါက်ကွဲမှုသည် ရှမ်းပြည် နယ်မြောက်ပိုင်းလားရှိုးမြို့တွင်ဖြစ်ပွားသော ပေါက်ကွဲမှုအပြီးသုံး ရက်မြောက်၌ ဖြစ်ပွားခဲ့သည်။ စီးပွားရေးအချက်အချာကျသော ရှမ်းပြည်နယ် မြောက်ပိုင်းမြို့ တော် လားရှိုးတွင်ပေါက်ကွဲမှုဖြစ် ပွားပြီးနောက် ရခိုင်ပြည်နယ်၏ အဓိကမြို့တော် စစ်တွေမြို့၌မိုင်း ပေါက်ကွဲသည့်အပေါ်စိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံများကပြော သည်။

‘‘လက်ရှိတည်ငြိမ်အေးချမ်း မှုအခြေအနေကတော့ ငြိမ်နေပါ တယ်။ တည်တည်ငြိမ်ငြိမ်ရှိပါ တယ်။ စုံစမ်းစစ်ဆေးမှုတွေက တော့ လုပ်မှာပေါ့။ ဒီလောက်ဖြစ် ပြီးမှတော့ စုံစမ်းရေးကတော့ လုပ်ရမှာပေါ့’’ ဟု ဦးညီပုကဆက် လက်ပြောကြားသည်။

နေအိမ်အနီး မိုင်းပေါက်ကွဲ မှုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးဦးတင်မောင် ဆွေထံ ယမန်နေ့ညက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ် ထားသည်။

လားရှိုးမြို့ ရိုးမဘဏ်အနီး ဖေဖော်ဝါရီ ၂၁ ရက်ညနေက ဖြစ်ပွားသော မိုင်းပေါက်ကွဲမှုကျူးလွန်သူများကို ရှုတ်ချ ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဖေဖော်ဝါရီ ၂၃ ရက်ညတွင် သတင်းထုတ်ပြန်ခဲ့သည်။
 

Top News