သဘာဝဘေးဒဏ်သင့် သီရိလင်္ကာနိုင်ငံသို့ အစိုးရနှင့် ဆန်စပါးအသင်းချုပ်က ဆန်တန်ချိန် ၃၀၀ လှူဒါန်း

သိရိလင်္ကာနိုင်ငံသို့ လှူဒါန်းမည့် ဆန်တန်ချိန် ၃၀၀ ကို သိရိလင်္ကာသံအမတ်ကြီးက လက်ခံရယူစဉ် (ဓာတ်ပုံ − ပြည်သိမ်း)

သီရိလင်္ကာနိုင်ငံတွင် ရေကြီးမြေပြိုမှုကြောင့် အိုးမဲ့အိမ် မဲ့ ဖြစ်နေသူများအတွက် မြန်မာ အစိုးရနှင့် ဆန်စပါးအသင်းချုပ် (MRF)က ဆန်တန်ချိန် ၃၀၀ ထောက်ပံ့ခဲ့သည်။

အစိုးရ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် က ဆန်တန်ချိန် ၃၀၀ လှူဒါန်းပြီး ရန်ကုန်ဆိပ်ကမ်းမှ သီရိလင်္ကာ နိုင်ငံကိုလံဘိုဆိပ်ကမ်းအရောက် သယ်ယူစရိတ်ကိုအစိုးရက ကျခံမည်ဖြစ်သည်။

သီရိလင်္ကာတွင် ပြီးခဲ့သည့် နှစ် မိုးရာသီ၌ ရေကြီးမြေပြိုမှု များကြောင့် လူ ၂၀၀ ကျော် သေ ဆုံးပြီး ခြောက်သိန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့သည်။

သီရိလင်္ကာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်နေသော မြန် မာနိုင်ငံအနေဖြင့် သီရိလင်္ကာ နိုင်ငံသားများ ကြုံတွေ့နေရသည့် ဒုက္ခ လျော့ပါးစေရန် အကူအညီ ပေးခြင်းဖြစ်သည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး သန်းမြင့်က ပြောသည်။

ကျပ်သိန်း ၁,၇၀၀ ကျော် တန်ဖိုးရှိသော ဧည့်မထ ၁၅ မှတ် ဆန်အမျိုးအစား တန်ချိန် ၃၀၀ ကို ဖေဖော်ဝါရီ ၂၅ ရက်က စတင်၍ ရန်ကုန်ဆိပ်ကမ်းမှ သီရိ လင်္ကာနိုင်ငံသို့ ပို့ဆောင်မည်ဖြစ် သည်။

‘‘မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေနဲ့ နိုင်ငံတကာ ကို ဆန်ရောင်းချရုံသက်သက် မဟုတ်ဘဲ ကိုယ့်ရဲ့ ဝယ်သူတွေ၊ ဖောက်သည်တွေကို တတ်နိုင်တဲ့ အနေအထားကနေ ပြန်ကူညီတဲ့ သဘောပါ’’ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ဆန်လှူဒါန်းရခြင်း ရည်ရွယ်ချက် ကို ရှင်းပြသည်။

သီရိလင်္ကာနိုင်ငံသည် မြန်မာနိုင်ငံ ဆန်ကုန်သည်များထံမှ ယခု ဘဏ္ဍာနှစ်တွင် ဆန်တန် ချိန် သောင်းဂဏန်းအထိ ဝယ်ယူ နေကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုး အောင်မြင့်က ပြောသည်။

 လယ်ယာထွက်ကုန်များ အပါအဝင် တစ်နှစ်လျှင် ကန်ဒေါ် လာ သန်း ၃၀ ကျော် တင်ပို့နေ သော သီရိလင်္ကာ နိုင်ငံနှင့် အစိုးရ ချင်းသာမက ပုဂ္ဂလိက ကဏ္ဍ ဘက်၌လည်း ဆက်ဆံရေးတိုးမြှင့် လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က ပြောသည်။

‘‘မြန်မာနိုင်ငံ အစိုးရနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တို့က လူသားချင်းစာနာထောက် ထားမှုအတွက် အကူအညီပေး တာကို ကျေးဇူးတင်ပါတယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ နိုင်ငံသံအမတ် မစ္စတာ K.W.N.D Karunaratne ကပြောသည်။

မြန်မာနိုင်ငံက ကူညီ ထောက်ပံ့သည့် ဆန်တန်ချိန်၃၀၀ ကို သီရိလင်္ကာအစိုးရ သမ္မတရုံး အောက်ရှိသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနမှ တစ်ဆင့် ဖြန့်ဝေမည်ဟု ၎င်းကဆိုသည်။

သီရိလင်္ကာနိုင်ငံသို့ ဆန် တန်ချိန် ၃၀၀ ကူညီထောက်ပံ့ ပေးအပ်ပွဲကို ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင် ကျေးရွာ အုပ်စု ရှိ ပင်လယ်ကိုးသွယ် ဆန်စက် တွင် ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့သည်။

Top News