ကျောက်မဲ-လားရှိုး ကားလမ်းပိုင်းတွင် ကုန်တင်ယာဉ်အချို့ ပစ်ခတ်ခံရပြီး လူလေးဦး ဒဏ်ရာရ

ပြည်ထောင်စုလမ်းမ ကြီး ကျောက်မဲ- လားရှိုးကား လမ်းပိုင်းတွင် ကုန်တင်ယာဉ် ငါး စီးပါယာဉ်တန်းကို စိစစ်ဆဲလက် နက်ကိုင်အဖွဲ့က သေနတ်ဖြင့်ပစ် ခတ်၍ ယာဉ်မောင်းအပါအ၀င် လေးဦး ဒဏ်ရာရခဲ့သည်။

ကျောက်မဲမြို့နယ် နောင်ပိန် ကျေးရွာအုပ်စု နောင်ပစ်ရွာအနီး တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၂ နာရီခန့်က အထက်ပါပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

‘‘ကားဆရာလေးယောက် ဒဏ်ရာရတယ်။ သုံးယောက်က ကျောက်မဲ ဆေးရုံမှာ။ တစ် ယောက်က ပြင်ဦးလွင်ဆေးရုံမှာ။ ဘယ်အဖွဲ့လဲဆိုတာ စိစစ်နေဆဲ ပဲ’’ ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယာဉ်များသည် မူဆယ်သို့ပို့ မည့် နွားနှင့်ကျွဲများကို တရားဝင် စာရွက်စာတမ်းဖြင့် သယ်ဆောင် လာပြီး လက်နက်ကိုင်အဖွဲ့က ပစ်ခတ် ထွက်ပြေးကြောင်း ဒဏ်ရာရသူများကို ကူညီခဲ့သည့် ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့ များက ပြောသည်။

ကျောက်မဲအပါအဝင် ရှမ်း ပြည်နယ် မြောက်ပိုင်းဒေသများ တွင် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA)၊ တအာင်းလက် နက်ကိုင်အဖွဲ့ (TNLA)၊ KIA စသည့် အဖွဲ့များ လှုပ်ရှားမှုရှိ ကြောင်း ဒေသခံများက ပြော ကြားသည်။

ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ‘‘ကျွန်တော်တို့အဖွဲ့ အစည်းအနေနဲ့ ဒီလိုမျိုး မူဝါဒလုံး ဝမရှိပါဘူး။ ပြည်သူလူထုတို့၊ ကုန်သည်တွေကားတို့ကို ဒါမျိုး တိုက်ခိုက်ဖို့ လုံးဝမရှိပါဘူး။ ဒီ နယ်မြေမှာလည်း လှုပ်ရှားနေတဲ့ တခြား အဖွဲ့အစည်းတွေလည်း ရှိ တာပေါ့နော်။ ကျွန်တော်တို့ အဖွဲ့ အစည်းတစ်ခုတည်းမဟုတ်ဘူး။ ဒါကြောင့်မို့ တစ်ဖက်သတ်မတွေး စေလိုဘူး။ ဒါမျိုးကောင်းကောင်း တော့ စိစစ်သင့်တာပေါ့’’ ဟု ပြောသည်။ အဆိုပါအခင်းဖြစ်ပွား ရာ ဒေသတွင် အနည်းဆုံး လက် နက်ကိုင်အဖွဲ့ လေးဖွဲ့ခန့် လှုပ် ရှားမှုရှိနိုင်ကြောင်း ၎င်းကဆို သည်။

    ကျွဲ၊ နွားတင်ယာဉ်များ ပစ်ခတ် ခံရမှုနှင့် ပတ်သက်၍ အခင်းဖြစ် ပွားရာ တစ်ဝိုက်တွင် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) တပ်ဖွဲ့ဝင်များ  လှုပ်ရှားခြင်းမရှိဟု TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က ပြော သည်။

‘‘ကျွန်တော်တို့ကကျောက်မဲမြို့ရဲ့  အနောက်ဘက်ခြမ်းလောက်ပဲ ရောက်တယ်။ အဲဒီဘက်ကတော့ မပြောတတ်ဘူး’’ ဟု ၎င်းကဆိုသည်။ မန္တလေး - မူဆယ်ပြည်ထောင်စုလမ်းမ ကြီး ကွတ်ခိုင် လမ်းပိုင်းတွင်လည်း လက်နက်ကိုင်အဖွဲ့က ပစ်ခတ်၍ အရပ်သားများ ထိခိုက်မှု မကြာ ခဏဖြစ်ပွားခဲ့သည်။

Top News