သထုံမြို့တွင် အလစ်သုတ်သည့်အမျိုးသမီးတစ်ဦးဖမ်းမိ

အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ်အလစ်သုတ် ခိုးယူ ခဲ့သည့် အမျိုးသမီးတစ်ဦးကို သထုံမြို့ ဘင်လှိုင်ရပ်ကွက်တည်း ခိုခန်းတစ်ခုတွင် ဖေဖော်ဝါရီ ၂၄ မွန်းလွဲ ၃ နာရီခန့်က ဖမ်းဆီးရမိ ကြောင်း  သထုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သထုံမြို့နယ် သုဝဏ္ဏဝတီ မြို့ ကျိုက်ကော်ဈေးရှိ စတိုးဆိုင် တစ်ဆိုင်သို့ ဈေးဝယ်လာသည့် အမျိုးသမီးတစ်ဦး၏ ဆွဲခြင်း အတွင်းမှ ပိုက်ဆံအိတ်ကိုအလစ်သုတ်ခိုးယူခဲ့သည့် CCTV ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အပူတပြင်း လိုက် လံစုံစမ်းရာမှ ယခုကဲ့သို့ ဖမ်းဆီး ရမိကြောင်း ၎င်းကဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကြံတောရပ် နေ အသက် (၄၂)နှစ်အရွယ် အဆိုပါ အမျိုး သမီးထံမှ ဆွဲကြိုး၊ ဆွဲသီး၊ လက် ကောက်၊ ကလေးနားကွင်းအပါ အဝင် ရွှေထည်ပစ္စည်းအချို့၊ ငွေ ကျပ်တစ်သိန်းခန့်နှင့် ခဲတံချွတ် ခေါက်ဓားတစ်ဘူးတို့ကို သိမ်း ဆည်းရမိခဲ့ပြီး ရွှေထည်ပစ္စည်း များနှင့် ပတ်သက်၍ စစ်ဆေးမေး မြန်းရာ ၎င်းပိုင်ဆိုင်ကြောင်း ခိုင်လုံစွာ ပြောဆိုနိုင်မှုမရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သထုံမြို့ရှိ လေးဆူဓာတ်စံ ရွှေစာရံစေတီတော်၏ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ကျင်းပနေရာ ဘုရားဖူးပရိသတ်အလွန် များပြား သောကြောင့် ခါးပိုက်နှိုက်များ၊ အလစ်သုတ်သမားများကို စောင့် ကြည့်ရာတွင် ပြည်သူများ ပူး ပေါင်းပါဝင်ရန် လိုအပ်ကြောင်း မြို့မိမြို့ဖတစ်ဦးက ပြောသည်။

အဆိုပါအလစ်သုတ် အမျိုး သမီးကို အခြားပြစ်မှုကျူးလွန် ခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းစစ်ဆေး နေပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထားကြောင်း သထုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

Top News