လူငယ်များနိုင်ငံရေးအသိအမြင်ရရှိရန် သထုံမြို့တွင် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်

လူငယ်များ နိုင်ငံရေးအသိအမြင်ရရှိရေး သထုံမြို့၌ ဖေဖော်ဝါရီ ၂၅ရက်က ဆွေးနွေးပွဲပြုလုပ်နေစဉ်

လူငယ်များနိုင်ငံရေးအသိ အမြင် ပိုမိုရရှိရန် ခေတ်ကာလ များကြားက စကားဝိုင်းဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် မွန်ပြည်နယ် သထုံမြို့၌ ပြုလုပ်ခဲ့ သည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို SEED for Myanmar (မွန်ပြည်နယ်)က ဦးဆောင်ကျင်းပပြီး Konrad Adenauer Founda-tion (ဂျာမနီ)၏ ပံ့ပိုးမှုဖြင့် လူငယ်ဖွံ့ ဖြိုးရေးအစီအစဉ်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း SEED for Myanmar(မွန်ပြည်နယ်) အမှုဆောင်ဒါရိုက်တာ ကိုဟိန်းပိုင်ထူး ချစ်က ပြောသည်။ 

စကားဝိုင်းဆွေးနွေးပွဲများကို ၂၀၁၈ နှစ်ဆန်းက စတင်ကာ  ပြည်နယ်အတွင်း မော်လမြိုင်နှင့် သထုံမြို့တွင်ပြုလုပ်ခဲ့ပြီး ကျန်မြို့များ၌  ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ခေတ်ကာလများကို မတူညီ စွာ ဖြတ်သန်းလာသူများကို ဖိတ်ကြားပြီး ခေတ်အလိုက် နိုင်ငံရေး အသိအမြင်၊ ဒီမိုကရေစီစံနှုန်း ကွာဟမှုနှင့် အတွေ့အကြုံများ ဆွေးနွေးပြီး ယနေ့ခေတ်လူငယ်များ နိုင်ငံရေးအတွေးအခေါ်နှင့် အသိအမြင်ဗဟုသုတများ ပိုမိုရရှိစေရန်  ရည်ရွယ်ကြောင်း ပြောသည်။ 

‘‘လွန်ခဲ့တဲ့ ခေတ်ကာလတွေ မှာ၊ တိုင်းရင်းသားတွေမှာ အ ကြောက်တရားကြောင့် နိုင်ငံရေး ကို မလုပ်ဖြစ်ခဲ့ကြဘူး။ အခု နောက်ပိုင်း ပွင့်လင်းမြင်သာမှုရှိ လာတော့မှ နိုင်ငံရေးကို စိတ်ဝင် စားလာကြတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရရဲ့ လူ့အခွင့်အရေး တွေကို နိုင်ငံသားပြည်သူတိုင်း သိရှိနားလည်အောင် လေ့လာ ထားဖို့ လိုပါတယ်’’ဟု အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ တက် ရောက်လာသည့် သထုံမြို့နယ်၊ အင်းကွဲကျေးရွာမှ ပအိုဝ်းတိုင်း ရင်းသူ နန်းသန်းသန်းဝင်းက ပြော သည်။SEED for Myanmar အနေ ဖြင့် အသက်(၁၅)နှစ်မှ (၃၀)နှစ် ကြား လူငယ်များအတွက် လူငယ် ပညာပေးအစီအစဉ်များ၊ အလုပ် အကိုင်အခွင့်အလမ်းရရှိရေးနှင့် နိုင်ငံရေးအသိအမြင်ဖွင့် သင်တန်း များကဲ့သို့ နည်းပညာနှင့် အခြား လိုအပ်သော ထောက်ပံ့မှုများ ကူညီဆောင်ရွက်နေကြောင်း ကိုဟိန်းပိုင်ထူးချစ်က ပြောသည်။ 

Top News