တနိုင်းတွင် စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်များ ခြောက်လကျော်သည်အထိ နေရပ်မပြန်နိုင်သေး

ကချင်ပြည်နယ် တနိုင်း ဒေသတွင် တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIO/KIA) တို့အကြား စစ်ရေးတင်းမာမှု ကြောင့် မြို့ပေါ်ရှိ ဘာသာရေး ကျောင်းများ၌ နေထိုင်နေသော စစ်ဘေးရှောင်များသည် ခြောက် လကျော်ကြာသည်အထိ နေရပ် သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း တနိုင်းမြို့ရှိ အရေးပေါ်ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ကယ်ဆယ်ရေး ကော်မတီ တာဝန်ရှိသူများက ပြောသည်။

တနိုင်းဒေသရှိ ရွှေနှင့်ပယင်း မှော်များတွင် နေထိုင်လုပ်ကိုင်နေ သူများအနေဖြင့် ၂၀၁၇ ဇွန်လ ၁၅ ရက် နောက်ဆုံးထား၍ မှော် များမှ ထွက်ခွာရန် တပ်မတော်က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ကြောင့် ဒေသခံအချို့နှင့် မှော် လုပ်သား စစ်ဘေးရှောင်များသည် ထိုစဉ်ကတည်းက တနိုင်းမြို့ပေါ် နှင့် မြစ်ကြီးနား၊ မိုးညှင်း၊ မိုး ကောင်း၊ ခန္တီးစသည့်မြို့များသို့ တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

မှော်လုပ်သားအများစုသည် ၎င်းတို့၏ မူလနေရပ်အသီးသီးသို့ ပြန်ပြီဖြစ်သော်လည်း ထိုဒေသရှိ ကျေးရွာများတွင် နေထိုင်သည့် ဒေသခံ ၉၀၀ ကျော်သည် ဇွန်လ ၆ ရက်မှ ယနေ့အထိ တနိုင်းမြို့ ရှိဘာသာရေး ကျောင်းများတွင် စစ်ရှောင်နေရဆဲ ဖြစ်ကြောင်း ဘာသာရေး ခေါင်းဆောင်များက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြော ကြားသည်။

‘‘အားလုံးက ဒီမှာအနေကျ သလောက် ဖြစ်နေပြီ။ ကလေး တွေလည်း မြို့ပေါ်ကျောင်းတွေ မှာ ကျောင်းတက်တယ်။ အားလုံး အိမ်ပြန်နိုင်ဖို့အတွက်က အခုထိ အဆင်မပြေနိုင်သေးတဲ့အနေအ ထားပေါ့နော်။ သူတို့နေထိုင်တဲ့နေ ရာတွေမှာက တိုက်ပွဲတွေအချိန် မရွေး ပြန်ဖြစ်နိုင်တဲ့အခြေအနေ တွေရှိနေတယ်’’ ဟု အရေးပေါ် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ကယ် ဆယ်ရေးကော်မတီ ပြောရေးဆို ခွင့်ရှိသူ ဦးနော်တောင်က ပြော ကြားသည်။

စစ်ရှောင်ဒုက္ခသည်များအ နေဖြင့် လက်ရှိတွင် မေတ္တာဖောင် ဒေးရှင်း၊ ကရုဏာ လူမှုရေးအ သင်းစသည့် NGOs အဖွဲ့အစည်း များ၏ ဆန်၊ ဆီ ကူညီထောက်ပံ့ မှုဖြင့် နေထိုင်နေကြောင်း ဦးနော် တောင်က ဆက်လက်ပြောသည်။

‘‘ပြန်ဖို့နေရာ မရှိတဲ့သူတွေ ပေါ့နော်။ သူတို့ကတော့ ပြန်ချင် တာပေါ့။ ဘုရားကျောင်းဘေးမှာ တဲထိုးပြီး နေနေရတဲ့အခြေအနေ က သူတို့အတွက် တကယ်ဆိုရင် အဆင်ပြေတဲ့ အနေအထား မ ဟုတ်ဘူး။ နေဖို့၊ ထိုင်ဖို့ သူတို့က ရေရှည်အတွက်ဆိုရင် ကမ့်ပုံစံနဲ့ မိသားစုအလိုက် နေထိုင်နိုင်ဖို့၊ အ ဆောက်အအုံတွေ ဆောက်ပေးဖို့ လိုအပ်လာတာပေါ့။ အခုဒီအ တိုင်းသာ ဆက်နေရင် ရေရှည်မှာ ကျန်းမာရေးနဲ့ လူမှုရေးပြဿနာ ဖြစ်လာဖို့ အလားအလာရှိတယ်’’ ဟု တနိုင်းနှစ်ခြင်း ခရစ်ယာန်အ သင်းတော်မှ ဦးမုန်ဒန်က ပြော သည်။ တနိုင်းစစ်ဘေးရှောင်ဒုက္ခ သည်များနှင့် ပတ်သက်၍ အစိုးရ ၏ ဆောင်ရွက်ပေးမှုနှင့် တာဝန် ယူမှုအပိုင်းတွင် အားနည်းချက် များရှိသည်ဟု ဒေသတွင်းလူမှုအ ဖွဲ့အစည်းများက ပြောသည်။ တနိုင်းဒေသတွင် ရွှေနှင့်ပယင်း မှော်များ၌ နေထိုင်လုပ်ကိုင်စား သောက်သူများ အပါအဝင် ဒေသ ခံတစ်သိန်းထက်မနည်း ရှိကြောင်းဒေသတွင်း လူမှုအဖွဲ့အစည်းများ ကဆိုသည်။

တပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဇန် နဝါရီ ၂၈ ရက်တွင်လည်း တနိုင်း ဒေသ ပယင်းမှော်များအတွင်း ရောက်ရှိနေသူအရပ်သား သုံး ထောင်ကျော်သည် တိုက်ပွဲအပြင်း အထန် စတင်ဖြစ်ပွားပြီး နောက် တစ်နေ့တွင် တိုက်ပွဲအတွင်း အလံ ဖြူများ ကိုင်ဆောင်၍ ဘေးလွတ် ရာသို့ ထွက်ပြေးခဲ့သည်။

More in News Section

Top News