ဘောလိဝုဒ်ရုပ်ရှင်မင်းသမီးကြီး စတီးဒေဝီ နှလုံးရောဂါဖြင့် ကွယ်လွန်

 ဘောလိဝုဒ်အကျော် အမော်မင်းသမီး စတီးဒေဝီ (Sridevi) သည် စနေနေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ သည်။

အသက် (၅၄)နှစ်အရွယ် စတီးဒေဝီသည် တူဖြစ်သူ၏ မင်္ဂလာပွဲအတွက် ဒူဘိုင်းမြို့သို့ မိသားစုနှင့်အတူ ရောက်နေစဉ်ကွယ်လွန်ခြင်းဖြစ်သည်။

စတီးဒေဝီသည် လွန်ခဲ့သော နှစ် ၅၀ ကျော်အတွင်း    "Mr India", "Chandni", "Chaal- Baaz", "English Vinglish" နှင့် "Sadma" စသည့် နာမည်ကျော် ဇာတ်ကားများအပါအဝင် ဇာတ် ကား ၁၅၀ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

၁၉၇၈ ကတည်းက ဘော လိဝုဒ် ရုပ်ရှင်လောကသို့ ခေါင်း ဆောင်မင်းသမီးအဖြစ် စတင်ဝင် ရောက်လာသော စတီးဒေဝီသည် မကြာမီ အိန္ဒိယရုပ်ရှင်လောက၏ အအောင်မြင်ဆုံးအနုပညာရှင် တစ်ဦးဖြစ်လာသည်။

အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာမိုဒီကလည်း စတီးဒေဝီကွယ် လွန်ခြင်းနှင့်ပတ်သက်၍ အလွန် ဝမ်းနည်းကြောင်း တွစ်တာစာ မျက်နှာတွင် ရေးသားခဲ့သည်။

စတီးဒေဝီ နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားသည့် သတင်းသည် ဘောလိဝုဒ်အနု ပညာလောကတွင်သာမက ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ ပရိသတ်များ အံ့အားသင့်ဝမ်းနည်းခဲ့သည်။

—Ref: BBC

Top News