သထုံခရိုင်ဆေးရုံကြီးတွင် ကျောက်ကပ် အခမဲ့ဆေးနိုင်မည်

သထုံခရိုင်ဆေးရုံကြီးတွင် ကျောက်ကပ်ဆေးခြင်းကို အခမဲ့ ၀န်ဆောင်မှုပေးနိုင်တော့မည်ဟု သထုံခရိုင်ဆေးရုံအုပ်ကြီး ဒေါက် တာ သင်းသင်းအိကပြောသည်။

သထုံခရိုင်အပါအ၀င် ဒေသမရွေးမှ ကျောက်ကပ်ဝေဒနာရှင် များ အဆင်ပြေစွာဆေးကုသနိုင် ရေး သထုံမြို့ခံအလှူရှင်တစ်ဦးက ကျပ် ၅၈၇ သိန်းခန့် တန်ဖိုးရှိ ကျောက်ကပ်ဆေးစက်နှစ်လုံးအပါအ၀င် ဆက်စပ်ပစ္စည်းများ လှူဒါန်းခဲ့သည်။


‘‘အခုဆိုရင် ခရိုင်ဆေးရုံကြီး မှာ သထုံမြို့သူ အလှူရှင်တစ်ဦး ရဲ့ စေတနာအလျောက် လှူဒါန်း တဲ့ ကျောက်ကပ်သွေးဆေးစက် နှစ်လုံးနဲ့ ကျောက်ကပ်ဝေဒနာရှင် များကို အချိန်ကုန်လူပင်ပန်းခြင်း မရှိဘဲ အချိန်တိုအတွင်းမှာ ကုန် ကျစရိတ်အသက်သာဆုံးနဲ့ အ ဆင်ပြေစွာ ကုသပေးနိုင်တော့မှာ ဖြစ်တယ်’’ဟု ဒေါက်တာသင်း သင်းအိက ပြောသည်။

 ‘‘ကျောက်ကပ်ဝေဒနာရှင် တွေဟာ ရောဂါအလိုက် တစ်ပတ် တစ်ခါ၊ တစ်လတစ်ခါနဲ့ တချို့ဆို သုံးရက်တစ်ခါတောင် ကျောက် ကပ်ဆေးရတယ်လို့ ကြားသိရ တယ်။ ကိုယ့်ဒေသမှာ စက်မရှိ တော့ အဝေးကစက်ရှိတဲ့နေရာကို သွားရတော့ ငွေကြေးတတ်နိုင်တဲ့ သူတွေက အကြောင်းမရှိပေမယ့် ငွေကြေး ချို့တဲ့သူတွေအတွက် တော့ အရမ်းအခက်အခဲဖြစ်တယ် လို့ သိရတော့ သထုံဆေးရုံမှာ အဲ ဒီစက်တွေရှိရင် ကိုယ့်ဒေသက ဝေဒနာရှင်တွေ အချိန်ကုန်၊ လူ မပင်ပန်းဘဲ သက်သက်သာသာ နဲ့ ဆေးဝါးကုသနိုင်ဖို့အတွက် ရည်ရွယ်လှူဒါန်းခဲ့တာပါ’’ဟု သထုံမြို့သူ အလှူရှင် ဟာဂျီမဒေါ်တိုး ကြည်ကပြောသည်။

ကျောက်ကပ်တစ် ကြိမ်ဆေးလျှင် ၄ နာရီခန့် ကြာမြင့်သဖြင့် သထုံခရိုင်ဆေးရုံကြီးရှိ စက်နှစ်လုံးဖြင့် တစ်ရက်လျှင် လူနာလေးဦးခန့် ကျောက်ကပ်ဆေးခြင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ ယခု အလှူရှင်၏ လူနာ ၂၀ ဦးအတွက် လှူဒါန်းထားသော ဆေးပစ္စည်းများဖြင့် အခမဲ့ကုသမည် ဖြစ်သည်။

 အဆိုပါ ဆေးပစ္စည်းများ ကုန်ဆုံးပါက ဆေးရုံကြီးမှ အခမဲ့ရရှိနိုင်မည့် ဆေးပစ္စည်းများဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး လိုအပ်သည့် ဆေးပစ္စည်းအနည်းငယ်သာ လူနာရှင်များက ၀ယ်ယူအသုံးပြုရမည်ဖြစ်သဖြင့် ငွေကြေးချို့တဲ့သည့် လူနာရှင်များအတွက် အကျိုးရှိကြောင်း ဒေါက်တာသင်းသင်းအိက ပြောသည်။

Top News