ဘင်္ဂလားဒေ့ရှ်က လူစာရင်းပေးပို့မှု ကွဲလွဲနေ၍ နှစ်ပိုင်းခွဲပြီး စိစစ် ဆောင်ရွက်နေဟု ဦးဇော်ဌေးပြော

ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ပြန်လည်ပေးပို့သော လူ ဦးရေ ရှစ်ထောင်ကျော်စာရင်း တွင် ပုံစံကွဲလွဲမှုများရှိနေ၍ အမြန် ဆုံးလက်ခံနိုင်ရေး အပိုင်းနှစ်ပိုင်း ဖြင့် စိစစ်ဆောင်ရွက်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။


‘‘ကျွန်တော်တို့ပေးတဲ့ ပုံစံက တစ်မျိုး၊ သူတို့ပြန်ပို့လာတဲ့ပုံစံက တစ်မျိုး၊ အဲဒီတော့ သူတို့ပြန်ပို့ လာတဲ့ ပုံစံတွေကို ကွန်ပျူတာထဲ မှာ ကျွန်တော်တို့ ပုံစံဝင်အောင် ပြန်လုပ်ရတဲ့ အပိုင်းကတစ်ခု၊ နောက်တစ်ခုက ဒီလူတွေကို စိ စစ်တဲ့အပိုင်းကတစ်ခုပေါ့’’ဟု ဦးဇော်ဌေးက ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင် ရာငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ပြုလုပ်သော ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မ တီ (UPDJC) ၏ (၁၄) ကြိမ်မြောက်အစည်းအဝေးအပြီးတွင် မီဒီယာ များ၏ မေးမြန်းမှုကို ဦးဇော်ဌေးက ဖြေကြားခြင်းဖြစ်သည်။

‘‘အဓိကဓာတ်ပုံတွေက မ ထင်မရှားတွေ ဖြစ်တဲ့အခါမှာ ဆော့ဖ်ဝဲနဲ့ စစ်တာကျတော့ သဲသဲ ကွဲကွဲဘယ်သူဘယ်ဝါဆိုတာ ဆုံး ဖြတ်လို့ မရဘူး’’ဟု ဦးဇော်ဌေးက ပြောသည်။

ဒုက္ခသည်များပြန်လည်လက် ခံရေး နှစ်နိုင်ငံနားလည်မှုစာချွန် လွှာလက်မှတ်ထိုးစဉ်က သတ် မှတ်ပုံစံတွင် လူတစ်ဦးချင်းစီ၏ ဓာတ်ပုံ၊ လက်ဗွေနှင့် ကိုယ်ရေးအ ချက်အလက်အကျဉ်းများ ဖော်ပြ ရန် လိုအပ်သည်။ သို့ရာတွင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံသို့ ပြန်ပို့ရာတွင် အထက်ပါအချက် များပြည့်စုံမှု မရှိ၍ ဖြည့်စွက် ပေး ပို့ရန် ပြန်လည် အကြောင်းကြား ထားကြောင်း အလုပ်သမား၊ လူ ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဖေ ဖော်ဝါရီ ၂၆ ရက်တွင် ပြောကြား သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက် ပြေးတိမ်းရှောင်ခဲ့သော ဒုက္ခသည်များပြန်လည်လက်ခံရေး အမြန်ဆုံးဖြစ်မြောက်ရန် မြန်မာနိုင်ငံအ စိုးရဘက်က ပို၍ ဆန္ဒရှိကြောင်း ဦးဇော်ဌေးက ပြောသည်။

‘‘ပြန်လက်ခံတဲ့အပိုင်းကို အ တတ်နိုင်ဆုံးမြန်မြန်ဖြစ်စေချင် တာက ကျွန်တော်တို့မြန်မာဘက် က ဖြစ်ချင်တဲ့အတွက်မြန်မာဘက်ကဟာကို မြန်အောင်လို့တော့ ကြိုးစားနေတယ်’’ဟု ၎င်းက ပြော ကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖေ ဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့ သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ် နိုင်ငံပြည်ထဲရေးဝန်ကြီးအဆင့်အ စည်းအဝေး၌ နေရပ်စွန့်ခွာတိမ်းရှောင်သူ ရှစ်ထောင်ကျော်၏အ မည်စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ပထမအသုတ် လွှဲပြောင်းပေးအပ်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက် ပြေးတိမ်းရှောင်သူများ ပြန်လည် လက်ခံရေးအစီအစဉ်ကို မြန်မာ နိုင်ငံဘက်က ဇန်န၀ါရီ ၂၃ ရက် တွင် စတင်ရန် အဆင်သင့်ဖြစ် သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်တွင် စိစစ်ဆောင်ရွက်နေ၍ ယခုအထိ စိစစ်လက်ခံရေးဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

More in Politics Section

Top News