ရုပ်ရှင်အကြိုခံစားခြင်း

Gonjiam: Haunted Asylum

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာတော့ တောင်ကိုရီးယားသည်း ထိတ်ရင်ဖို ဇာတ်ကားလေးအကြောင်း ဖော်ပြလိုက်ပါတယ်။တောင်ကိုရီးယားမှာရှိတဲ့ အ ခြောက်အလှန့်တွေကြောင့် နာမည်ကြီးတဲ့ အထင်ကရနေရာတစ် ခုဖြစ်တဲ့ ဂွန်ဂျမ်စိတ်ရောဂါကု ဆေးရုံဟောင်းကြီးနဲ့ပတ်သက်ပြီး ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပါ တယ်။


၁၉၇၉ မှာ ဂွန်ဂျမ်စိတ်ရော ဂါကုဆေးရုံက လူနာ ၄၂ ဦးဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအဖြစ်အ ပျက်နဲ့ တစ်ဆက်တည်းမှာပဲ ဆေး ရုံရဲ့ ဒါရိုက်တာဟာလည်း သတင်းအစအန ရှာမရအောင်ကို ပျောက်ဆုံးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကော လာဟလတွေ၊ အခြောက်အလှန့် သတင်းတွေ ထွက်လာခဲ့ပြီး ဂွန်ဂျမ်ဆေးရုံကြီးကို ဘယ်သူမှမ သွားမလာရဲတော့ဘဲ တဖြည်းဖြည်းနဲ့ ပျက်စီးကာ လုံးဝပိတ်ပစ် ခဲ့ရပါတယ်။

တစ်ရက်မှာတော့ အင်တာ နက်အသံလွှင့်သူတစ်ယောက်က ‘Horror Times’ ဆိုတဲ့ အစီအ စဉ်ထုတ်လွှင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး အစီ အစဉ်မှာ ပါဝင်ချင်သူတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒါနဲ့ လူခြောက်ဦးပါဝင် လာခဲ့ပြီး သည်းထိတ်ရင်ဖို့ အ တွေ့အကြုံတွေ ရိုက်ကူးတင် ဆက်ဖို့အတွက် အခြောက်အလှန့် တွေ ရှိတယ်လို့ လူပြောသူပြော များနေတဲ့ ဆေးရုံကြီးဆီကို ချီ တက်ခဲ့ကြပါတယ်။

ရိုက်ကူးရေးအဖွဲ့ဟာ ဆေး ရုံကြီးထဲကိုဝင်တာနဲ့ လိုက်ဖ်ဗီဒီ ယိုရိုက်ကာ အသည်းထိတ်စရာ ပြကွက်တွေရဖို့ တစ်ခန်းဝင်၊ တစ် ခန်းထွက်သွားခဲ့ပါတယ်။ အဲဒီအ ခါမှာ ဆေးရုံကြီးထဲမှာရှိနေတဲ့ နှိပ်စက်ခံလူနာတွေရဲ့ ၀ိညာဉ်တွေ ပေါ်လာပြီး သူတို့တွေဘယ်လို ဒုက္ခတွေကြုံတွေ့ပြီး သေဆုံးခဲ့ရ တယ်ဆိုတာတွေကို ရိုက်ကူးရေး အဖွဲ့တွေသိအောင် ပြတာမို့ အ မှန်အကန်ရင်ဖိုအောင် တင်ဆက် ထားတာတွေ့ရမှာပါ။

ဂွန်ဂျမ်ဆေးရုံကြီးမှာ ဘယ် လိုအဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ တာလဲ။ ရိုက်ကူးရေးအဖွဲ့တွေရဲ့ သည်းထိတ်စရာအတွေ့အကြုံ တွေက ဘယ်လိုမျိုးတွေ ဖြစ်မလဲ ဆိုတာ ကြည့်ဖို့ ဖော်ပြလိုက် တယ်နော်။

ပါဝင်ထားတဲ့ သရုပ်ဆောင် တွေကတော့ Wi Ha-Joon, Park Sung-Hoon, Lee Seung -Wook, Ah-Yeon, Park Ji- Hyun, Yoo Je-Yoon, Moon Ye-Won တို့ပဲ ဖြစ်ပါတယ်။