ရခိုင်တွင် ပြဿနာများစွာရှိနေ၍ အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပရေးကိစ္စ စောင့်ဆိုင်းရန် ALP ဒုဥက္ကဋ္ဌကို ဒေါ်အောင်ဆန်းစုကြည်ပြောဟုဆို

ရခိုင်ပြည်နယ်အတွင်း ပြဿနာများစွာဖြစ်ပေါ်နေပြီး နိုင် ငံတကာ၏ ဖိအားပေးမှုများကြုံ နေရ၍ ရခိုင်လူမျိုးအလိုက်အမျိုး သားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်ကိစ္စကို စောင့်ဆိုင်းရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌခိုင်စိုးနိုင်အောင် အား နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နေပြည်တော်၌ ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့်တစ်နိုင် ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအဝေး (JICM)ခေတ္တနားချိန် တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြောကြားခြင်းဖြစ်သည် ဟု ခိုင်စိုးနိုင်အောင်ကပြောသည်။


 ‘‘နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က လက်ဖက်ရည်ဝိုင်းမှာ ပြောတာက ရခိုင်မှာ ပြဿနာ တွေအများကြီးရှိတယ်။ နိုင်ငံတ ကာက ဖိအားတွေအများကြီးပေး နေတယ်။ အဲဒီအတွက်ကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲနဲ့ပတ်သက်လို့ အချိန်စောင့် ဖို့လိုတယ်လို့ ပြောတယ်။ ကျွန် တော်ပြောတာက ပုံစံတစ်ခုခုနဲ့ တော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမဟုတ်သည့်တိုင် အောင် အကြိုဆွေးနွေးပွဲတို့၊လူထု ရှင်းလင်းပွဲတို့ အဲဒါကတော့ခွင့်ပြု သင့်တယ်ပေါ့’’ ဟု ခိုင်စိုးနိုင်အောင်က ပြောသည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိ သူဦးဇော်ဌေးက ‘‘ရခိုင်ပြည်နယ် မှာ လက်ရှိဖြစ်နေတဲ့နိုင်ငံရေးနဲ့ လုံခြုံရေးပေါ့နော်။ အခြေအနေ အရ အရမ်းကိုထိလွယ် ရှလွယ်အ နေအထားဖြစ်ပါတယ်။ မကြာ သေးခင်ကပဲ မြောက်ဦးဖြစ်စဉ်ဖြစ် တယ်။ စစ်တွေမှာ ဗုံးကွဲမှုတွေဖြစ် တယ်။ ဒီလိုမျိုးဖြစ်နေတဲ့အနေအ ထားမှာ ဒီလူမျိုးအလိုက်ပေါ့နော်။ နိုင်ငံရေးဆွေးနွေးပွဲကျင်းပခြင်း ရဲ့ ကောင်းကျိုး၊ဆိုးကျိုးပေါ့။ ဒါတွေကိုလည်း မနက်ပိုင်းနိုင်ငံ တော်အတိုင်ပင်ခံ အဖွင့်မိန့်ခွန်း ပြောပြီးတော့ အလွတ်သဘော Tea Break မှာပြောပါတယ်’’ ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြဿနာ များဖြစ်ပွားနေ၍ အစိုးရ၊ တပ်မ တော်ခေါင်းဆောင်များစိုးရိမ်သ ကဲ့သို့ ALP အနေဖြင့်လည်း စိုး ရိမ်မှုရှိကြောင်း၊ သို့ရာတွင် လာ မည့်ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံတတိယ အစည်းအဝေး၌ သဘောထားစုစည်းချက် တင်ပြနိုင်ရေးပြဿနာမဖြစ်နိုင်သည့်နေရာများတွင် လူထုတွေ့ဆုံပွဲပုံစံမျိုး ကျင်းပလိုကြောင်း ALP ဒုဥက္ကဋ္ဌကပြော ကြားသည်။

‘‘ရခိုင်တွေရဲ့ သဘောထား စုစည်းမှုတစ်ခုဖြစ်အောင် စိုးရိမ်မှု မဖြစ်စေတဲ့နေရာတွေမှာ လူအ များကြီးမဟုတ်ပေမယ့်လို့ ကျွန် တော်တို့ရခိုင်တွေရဲ့ သဘော ထားစုစည်းမှုဖြစ်စေနိုင်တဲ့ဟာကို တော့ ကျွန်တော်တို့ဆက်လက် ကြိုးပမ်းဖို့ သဘောထားရှိတယ်’’ ဟု ၎င်းကပြောသည်။

ALP အနေဖြင့် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်း ပခွင့်မရသေးမီ ကျောက်ဖြူ၊ မြောက်ဦး၊ တောင်ကုတ်၊ စစ် တွေ၊ ရန်ကုန်မြို့ငါးမြို့၌ လူထု တွေ့ဆုံပွဲများ ကျင်းပခွင့်ရရှိရေး တင်ပြထားသော်လည်း အချိန် စောင့်ရန် အစိုးရဘက်ကတုံ့ပြန် သည်ဟုဆိုသည်။

ရခိုင်အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲ ကျင်းပရေးတင် ပြမှုနှင့်ပတ်သက်ပြီး အစိုးရ၊ တပ် မတော်တို့၏ တုံ့ပြန်မှုကို အားမရ ကြောင်း ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးအဖွဲ့ဝင် နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စား လှယ်တာလှဖေက ပြောသည်။

‘‘သူတို့ပြောတဲ့ပုံစံက ဆက် လက်ကြိုးပမ်းသွားမယ်ဆိုတဲ့ အ ဆင့်ကနေကို မတက်ဘူးဖြစ်နေ တယ်။ အဲဒီတော့ ဒေါ်စောမြရာ ဇာလင်းက အားမလိုအားမရပြော ရှာတယ်။ သူက သူတို့ကိုအရေး မစိုက်ဘူး၊ ပစ်ပယ်ထားတယ်ဆို တဲ့အနေအထားမျိုးပြောတယ်။ တော်တော့်ကို ၀မ်းနည်းပက်လက် နဲ့ခံစားချက်ပြင်းပြင်းထန်ထန်နဲ့ ပြောရှာတယ်’’ ဟု တာလှဖေက UPDJC အစည်းအဝေးတွင် ALP ကိုယ်စားလှယ်ဒေါ်စောမြရာဇာ လင်းက ရခိုင်အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပနိုင်ရေးနှင့် လူ ထုတွေ့ဆုံပွဲကျင်းပနိုင်ရေးတင် ပြမှုအခြေအနေကို ပြောသည်။

 ALP အနေဖြင့် လာမည့်၂၁ ရာစု ပင်လုံတတိယအစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ခိုင်စိုးနိုင်အောင်ကဆိုသည်။ ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကို ဧပြီနှောင်းပိုင်း (သို့မဟုတ်)မေလဆန်းတွင်ကျင်းပရန် လျာထားသည်။

Top News