တိုင်းရင်းသားလူမျိုးအချင်းချင်း အပြန်အလှန်လေးစားစွာဖြင့် ယှဉ်တွဲနေထိုင်ရန် လိုအပ်သည်ဟု ပြည်ထောင်စုဝန်ကြီးပြော

၆၉ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားပြုလုပ်နေစဉ်(ဓာတ်ပုံ − သားဗိုလ်)

 တိုင်းရင်းသားလူမျိုးအ ချင်းချင်း အပြန်အလှန်လေးစား လျက် ညီညွတ်မျှတစွာအတူယှဉ် တွဲနေထိုင်မည်ဆိုပါက မိမိတို့ အားလုံး လိုလားတောင့်တနေ သည့် ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတော်သစ်ပေါ် ပေါက်လာမည်မှာ မလွဲဧကန်ဖြစ် သည်ဟု တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနိုင်သက်လွင်ကပြောကြား သည်။ မွန်ပြည်နယ် ပေါင်မြို့နယ် ကျောက်ရေတွင်းကျေးရွာ၌ ဖေ ဖော်ဝါရီ ၂၈ ရက်ညနေကပြုလုပ် သောပြည်နယ်အဆင့် (၆၉)ကြိမ် မြောက်ပအိုဝ်းအမျိုးသားနေ့ဖွင့် ပွဲအခမ်းအနားသို့ ပြည်ထောင်စု ၀န်ကြီးနှင့်အတူ ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ ပအိုဝ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက် ရောက်ခဲ့သည်။

‘‘ပြည်နယ်အတွင်းမှာ နေ ထိုင်ခဲ့ကြတဲ့တိုင်းရင်းသားလူမျိုး အားလုံးရဲ့ ရိုးရာစာပေယဉ်ကျေး မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုး စားဆောင်ရွက်နေသလို ကောင်း မွန်စွာပညာသင်ယူနိုင်ရေး၊ ကျန်း မာရေးဝန်ဆောင်မှု၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင် ရေးလုပ်ငန်းတွေကိုလည်း ပြည် နယ်အစိုးရအနေနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်အကောင်အထည် ဖော်နေပါတယ်’’ ဟု ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာအေးဇံက ပြောကြားသည်။

မတ်လ ၁ ရက် (တပေါင်း လပြည့်နေ့) နံနက်က ပြုလုပ် သည့် (၆၉)ကြိမ်မြောက် ပအိုဝ်း အမျိုးသားနေ့အခမ်းအနားသို့ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှ ပေးပို့သည့်သ၀ဏ်လွှာကို သထုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ဖတ်ကြားခဲ့ပြီး ပအိုဝ်းအမျိုးသား ခေါင်းဆောင်ဦးအောင်ခမ်းထီး နှင့် ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ ချုပ်တို့ကလည်း သ၀ဏ်လွှာများ ပေးပို့သည်။

သထုံမြို့ရှိ လေးဆူဓာတ်ပုံ ဓာတ်စံရွှေစာရံစေတီတော်မြတ် ကြီး၏ မူလဒါယကာသထုံပြည့် ရှင်သူရိယစန္ဒာမင်းကြီး၏ မွေးနေ့ ဖြစ်သောတပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ် မှတ်ပြီး မိမိတို့လူမျိုးအမည်ကို ပအိုဝ်းလူမျိုးဟုသာ ခေါ်ဆိုရေး သားရန် ၁၉၄၈ မတ်လ(တပေါင်း လ)တွင် လူဦးရေတစ်သောင်းခန့် ပါဝင်သော ပအိုဝ်းလူထုဆန္ဒပြပွဲ ပြုလုပ် တောင်းဆိုခဲ့ပြီးနောက် ၁၉၄၉ က စတင်ကာ နှစ်စဉ်တပေါင်းလပြည့် ရောက်တိုင်း ပအိုဝ်းအမျိုးသားနေ့အခမ်းအနား ကျင်းပခဲ့သည်ဟု ကျင်းပရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၄ က စတင်ကာ ပြည် နယ်အဆင့်အခမ်းအနားများကို သထုံနှင့် ဘီးလင်းမြို့နယ်တွင် အလှည့်ကျကျင်းပခဲ့ပြီး ယခုနှစ် တွင် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်များနှင့် မော်လမြိုင်တက္ကသိုလ်၊ သထုံကွန်ပျူတာ တက္ကသိုလ်တို့၌ ပြုလုပ်သည့် (၆၉) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားများ ကျင်းပရန် မွန်ပြည်နယ်အစိုးရ၊ ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီးဌာနက ကျပ်သိန်း ၅၀၀ ခန့်ထောက်ပံ့ ပေးအပ်ခဲ့ သည်ဟု ပြည်နယ်ပအိုဝ်းစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌဦးခွန် ရွှေသင်းက ပြောသည်။

Top News