ရုပ်ရှင်အကြိုခံစားခြင်း

ဒီကနေ့ ကဏ္ဍလေးမှာတော့ လူငယ်အချစ်ဒရာမာဇာတ်ကား လေး ခံစားကြည့်ဖို့ ဖော်ပြလိုက် တယ်နော်။ (၁၆)နှစ်မလေးတစ်ဦး နဲ့ ဝိညာဉ်တစ်ဦးရဲ့ အချစ်ဇာတ် လမ်းလေးကို ပုံဖော်ထားတာဖြစ် ပါတယ်။


အေဟာ လွင့်မျောနေတဲ့ ဝိညာဉ်တစ်ခုဖြစ်ပြီး တစ်ရက်ပြီး တစ်ရက် အမျိုးသားခန္ဓာကိုယ်ဆီ ရောက်လိုက်၊ အမျိုးသမီးခန္ဓာ ကိုယ်ဆီရောက်လိုက်နဲ့ လူတွေ ပြောင်းပြီးနေနေတာပါ။ တစ်ရက် မှာတော့ အေဟာ ဂျက်စတင်ဆို တဲ့ ကောင်လေးတစ်ဦးရဲ့ ခန္ဓာ ကိုယ်ဆီကို ရောက်နေခဲ့ပါတယ်။

ရီရန်နွန်ဆိုတဲ့ ဆယ်ကျော် သက် ကောင်မလေးဟာ ဂျက် စတင်ရဲ့ သူငယ်ချင်းပါ။ အေဟာ ရီရန်နွန်ကို သဘောကျသွားခဲ့ပြီး ဂျက်စတင်အနေနဲ့ ချဉ်းကပ်ခဲ့ပါ တယ်။ ရီရန်နွန်ဟာ မိသားစုပြဿ နာကြုံနေရသူလေးဖြစ်ပြီး သူ့ အဖေဟာ စိတ်ဝေဒနာရှင်တစ်ဦး မို့ ဆေးကုစရိတ်နဲ့တင် နေစရာ အိမ်တောင်ပျောက်မယ့် အနေအ ထားဖြစ်နေတာပါ။ ဒီလိုစိတ်ရှုပ် စရာ အခြေအနေတွေကို ကျော် လွှားချင်တဲ့ ရီရန်နွန်ဟာ သူ့အပေါ် ဂရုစိုက်တဲ့ ဂျက်စတင်ကို စိတ်ဝင် စားသွားခဲ့ပါတယ်။

ဒါပေမဲ့ နောက်ရက်မှာတော့ ဂျက်စတင်ဟာ မနေ့ကနဲ့ အပြု အမူအနေအထိုင်တွေ လုံးဝဆန့် ကျင်ဘက်ဖြစ်သွားသလို မနေ့က အကြောင်းအရာတွေကိုလည်း မမှတ်မိတော့ပါဘူး။ ဝိညာဉ်အေ ကတော့ ရီရန်နွန်ရဲ့ သူငယ်ချင်း အေမီရဲ့ ကိုယ်ထဲကို ရောက်ရှိနေ ခဲ့ပါတယ်။

ဒီလိုနဲ့ အေဟာ ရီရန်နွန်နား မှာရှိနေဖို့အတွက် ရီရန်နွန်ရဲ့ သူ ငယ်ချင်းတွေရဲ့ ခန္ဓာကိုယ်တွေထဲ မှာ ပြောင်းပြောင်းပြီး နေခဲ့ပါ တယ်။ ရီရန်နွန်နားကို ပုံစံအမျိုး မျိုးနဲ့ ရောက်လာခဲ့တဲ့ အေဟာ သူ့အကြောင်းကို တွေ့တိုင်း ရှင်း ပြပေမယ့် ရီရန်နွန်ကတော့ လုံးဝ မယုံကြည်ခဲ့ပါဘူး။ အဲဒီနောက် ထူးဆန်းတဲ့ အဖြစ်အပျက်လေး တွေ ဆက်တိုက်ဆိုသလို ကြုံလာ တဲ့အခါမှာတော့ အေတကယ်ရှိ နေတယ်ဆိုတာ ရီရန်နွန်ယုံကြည် သွားခဲ့ပါတယ်။

အေဟာလည်း ရီရန်နွန်နား မှာ အကြာကြီးနေခွင့်ရဖို့ သူတစ် ပါးခန္ဓာကိုယ်ကို အပြီးတိုင်ယူလို့ မရဘူးဆိုတာ သိတာမို့ ရီရန်နွန် နားက လူတွေ တစ်ဦးပြီးတစ်ဦး ပြောင်းနေရင်း ချစ်မေတ္တာကို ပြသခဲ့ရပါတယ်။

အေဟာ ရီရန်နွန်နဲ့အတူ တစ်သက်လုံး နေခွင့်ရပါ့မလား၊ မတူညီတဲ့ ဘဝနှစ်ခုကြားက အေ နဲ့ ရီရန်နွန်တို့ရဲ့ ချစ်ခြင်းမေတ္တာ ကို ဘယ်လိုပုံဖော်ထားသလဲဆို တာ ဆက်ကြည့်လိုက်ဦးနော်။

သရုပ်ဆောင်တွေက အန်ဂိုရီရိုက်စ်၊ ဂျက်စတင်စမစ်၊ ဂျန်နီရော့စ်၊ လူးကက်စ် ဂျိတ်ဇူးမန်း၊ရိုရီမက်ဒေါ်နယ်၊ ကေတီဒေါက်ကလက်စ်၊ ဂျက်ကော့ဘ်ဘာတာ လွန်တို့ပဲဖြစ်ပါတယ်။