မကွေးတိုင်းအတွင်းရှိ ပုသိမ်-မုံရွာ လမ်းပေါ်တွင် ဘင်္ဂါလီငါးဦး ဖမ်းမိ

မကွေးတိုင်း မင်းလှ မြို့နယ် ပုသိမ်-မုံရွာလမ်းမိုင်တိုင်(၂၃၅/၄)အနီး လမ်းဘေးတွင် မတ်လ ၁ ရက်က ဘင်္ဂါလီ ငါးဦး ဖမ်းမိကြောင်း ရေနံမနယ်မြေရဲကင်း တာဝန်ရှိ သူတစ်ဦးကပြောသည်။

သတင်းပေးချက်အရ ရေနံ မနယ်မြေရဲစခန်းမှူးနှင့်အဖွဲ့၊ သ ရက်ခရိုင်မှုခင်းနှိမ်းနှင်းရေးအဖွဲ့ နှင့် လက်ပံတံခါးရဲကင်းစခန်းမှူးဦးစီးသည့်အဖွဲ့တို့ စစ်ဆေးရာမှ တွေ့ရှိဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ် ကြောင်း တာဝန်ရှိသူကပြော သည်။အဆိုပါဘင်္ဂါလီ ငါးဦးသည် ရန်ကုန်မြို့သို့သွားရောက်အလုပ် လုပ်ကိုင်ရန်ရခိုင်ပြည်နယ်ဘက်မှ ပြီးခဲ့သည့် ခုနစ်ရက်ခန့်ကတောလမ်းခရီးအတိုင်း ခြေကျင်လာခြင်းဖြစ်သည်။

‘‘များသောအားဖြင့်က မင်း ဘူး-အမ်းလမ်းအတိုင်း ကားနဲ့ လာကြတဲ့စစ်ဆေးတဲ့ဂိတ်တွေကို တောလမ်းခရီးက နေရှောင်ပြီး ဖြတ်တယ်။ ဂိတ်လွတ်ရင်ကားပေါ် ပြန်တက် အဲဒီလိုမျိုးတွေသွားကြ တယ်။ ဂိတ်တွေမှာ မိတာထက် တောလမ်းဖြတ် တဲ့အချိန်ဒေသခံ တွေရဲ့ သတင်းပေးမှုတွေကြောင့် မိခဲ့တာတွေရှိတယ်’’ ဟုဂုတ်ကြီး နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော် မျိုးကပြောသည်။

၎င်းဘင်္ဂါလီငါးဦးကို  မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများက မှတ်ပုံတင် ရေးအက်ဥပဒေအရ အရေးယူ ဆောင်ရွက်နေကြောင်း ရေနံမ နယ်မြေရဲစခန်း တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၁၈ရက် ကမင်းဘူးမြို့ ဆားပွတ်ချောင်း အနီး ပုန်းအောင်းနေသည့် ဘင်္ဂါလီ ၁၁ ဦးကိုဖမ်းမိကြောင်းမင်းဘူးမြို့မရဲစခန်းတာဝန်ရှိသူက ပြောကြားသည်။

Top News