မလေးရှားသို့ အလုပ်သမားပို့ခွင့်ပြုသော်လည်း ယခင်ဈေးကွက်အတိုင်း မရသေးဟုဆို

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

မလေးရှားသို့ အလုပ် သမားပြန်လည်စေလွှတ်ခွင့်ပြု ထားသော်လည်း ယခင်ဈေးကွက် အခြေအနေအတိုင်း ရရှိရန် ရုန်း ကန်နေရဆဲဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင် စီ လုပ်ငန်းရှင်များက ပြောသည်။

မလေးရှားမှ အလုပ်ရှင်များ သည် မြန်မာအလုပ်သမားများ ကို စတင်ခေါ်ယူနေသော်လည်း အရေအတွက်အနည်းငယ်သာ ခေါ်ယူပြီး သွားရောက်လုပ်ကိုင် မည့် အလုပ်သမားလည်း နည်း နေသေးသည်ဟု ဆိုသည်။

‘‘ဈေးကွက်က အခုမှ ပြန် စတာဆိုတော့ အားလုံးက ကိုယ့် နည်းကိုယ့်ဟန်နဲ့ ရုန်းနေကြတာ ပဲ။ မလေးရှားမှာက ဘင်္ဂလား ဒေ့ရှ်က အလုပ်သမားကို ဦးစား ပေးခေါ်ယူနေတာကြောင့် ဈေး ကွက်ပြန်ရဖို့ တော်တော်ခက် တယ်။ မြန်မာနိုင်ငံဘက်က အ လုပ်သမားရေးရာမူဝါဒ ထပ် ပြောင်းဦးမလားဆိုပြီး အလုပ်ရှင် တွေက မခေါ်သေးဘဲ စောင့်ကြည့် နေတာတွေလည်း ရှိတယ်’’ဟု မြန်မာပြည်ပအလုပ်အကိုင်ရှာ ဖွေရေး ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်၊ မလေးရှားကော် မတီ ဒုတိယခေါင်းဆောင် ဦးသန်းထွဋ်ဦးက ပြောသည်။

မြန်မာအလုပ်သမားများ သည် ၂၀၁၆ မတိုင်မီက မလေး ရှားသို့ သွားရောက်လုပ်ကိုင်မှု များပြားသော်လည်း  လက်ရှိတွင် ၁၀ ရာခိုင်နှုန်းခန့်သာ ဈေးကွက်ပြန်လည်ရရှိသေးသည်ဟု အေဂျင်စီအချို့က ပြောသည်။

၂၀၁၆ မတိုင်မီက မလေး ရှားသို့ သွားရောက်အလုပ်လုပ် ကိုင်သည့် မြန်မာအလုပ်သမား ဦးရေ တစ်လလျှင် ၃,၀၀၀ ကျော် ရှိသော်လည်း အလုပ်သမားပြန်လည်စေလွှတ်ခွင့်ပြုသည့် ၂၀၁၈ ဖေဖော်ဝါရီအတွင်း သွား ရောက်လုပ်ကိုင်သူဦးရေ ၃၀၀ ခန့်သာရှိကြောင်း ထုတ်ပြန်ချက် များတွင် ဖော်ပြထားသည်။

‘‘မြန်မာနိုင်ငံဘက်က အ လုပ်သမားစေလွှတ်ခွင့်ရဖို့ ဖြတ် ရတဲ့ လုပ်ငန်းစဉ်တွေက များ တယ်။ အလုပ်လုပ်ခွင့်ရဖို့ စောင့် ရတဲ့အချိန်တွေက ကြာတယ်။ ဒါ တွေကို မြန်ဆန်အောင်လုပ်ပေး နိုင်မယ်ဆိုရင်တော့ အလုပ်ရှင် တွေကလည်း ပိုပြီးခေါ်လာကြ လိမ့်မယ်။ အခုခေါ်ယူမှုနည်းနေ သေးတယ်ဆိုတာကလည်း အဲဒါ တွေနဲ့ ဆိုင်တယ်’’ဟု ပြည်ပအ လုပ်အကိုင်ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင် ဦးကျော်မင်းက ပြော သည်။

မြန်မာအစိုးရက မြန်မာအ လုပ်သမားများ၏ လုံခြုံရေးအခြေ အနေကြောင့်ဟုဆိုကာ မလေး ရှားနိုင်ငံသို့ အလုပ်သမားစေ လွှတ်ခွင့်ကို ၂၀၁၆ ဒီဇင်ဘာက ရပ်နားခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီ တွင် ပြန်လည်စေလွှတ်ခွင့်ပြုခဲ့ သည်။

မလေးရှားနိုင်ငံသို့ အလုပ် သမားစေလွှတ်ခွင့်ကို တစ်နှစ် ကျော်ပိတ်ထား၍ ပြန်လည်ခွင့်ပြုချိန်တွင်  ဈေးကွက်အသစ်များ ပြန်ရှာရသည့်အပြင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားရှားပါးမှုဖြင့်ပါ ကြုံတွေ့ရသည်ဟု ဦးသန်းထွဋ်ဦးက ပြောသည်။

‘‘အလုပ်သမားတွေက မလေးရှားဘက်က ပိတ်ထားတဲ့ ကြားကာလမှာ ထိုင်းနိုင်ငံတစ်ခု တည်းကို အားပြုခဲ့ရတာဆိုတော့ တော်တော်များများက ထိုင်းကို ရောက်ကုန်ကြတယ်။ အခုကျန် တဲ့သူကျတော့လည်း သူ့အစ်ကို က ထိုင်းကို ရောက်နေပြီဖြစ်တာ ကြောင့် ထိုင်းကိုပဲသွားတော့မယ် ဆိုတာမျိုးတွေရှိတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မည့် အေ ဂျင်စီများမှ သွားရောက်လုပ်ကိုင် သည့် အလုပ်သမားသည် မိသား စုထံ      တရားဝင်ဘဏ်လမ်း ကြောင်းမှ ငွေပေးပို့နိုင်အောင် ဆောင်ရွက်ပေးရမည်ဆိုသည့်အ ချက်ကို သဘောတူလက်မှတ်ရေး ထိုးထားရသည်။

လက်ရှိတွင် မလေးရှားသို့ အလုပ်သမားပြန်လည်စေလွှတ် သည်မှာ တစ်လခန့်သာရှိသေး၍ မည်ကဲ့သို့ မိသားစုထံ ပိုက်ဆံလွှဲ မည်ကို မသိနိုင်သေးကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အေဂျင်စီများက ၎င်းတို့စေ လွှတ်သည့် အလုပ်သမားကို တရားဝင်လမ်းကြောင်းမှ ငွေပေး ပို့နိုင်ရန်    ဆောင်ရွက်ပေးမည် ဟု ကတိပြုလက်မှတ်ထိုးရခြင်း ကြောင့် ညွှန်ကြားချက်အတိုင်း လိုက်နာခြင်းမရှိပါက သက်ဆိုင် ရာ အေဂျင်စီများကို အရေးယူ မည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖေဖော်ဝါရီလ ကုန်က ပြောကြားထားသည်။

‘‘ကျွန်တော်တို့ကတော့ အ လုပ်သမားကို ဘဏ်အကောင့် တွေ ဖွင့်ပေးတယ်။ ပိုက်ဆံဘယ် လိုလွှဲရတယ်ဆိုတာကို လမ်းညွှန် ပေးတယ်။ နောက်တစ်လ၊ နှစ်လ လောက်ဆိုရင် ပိုက်ဆံလွှဲကြ တော့မယ်။ အဲဒီအခါကျမှ ဘယ် လိုပုံစံနဲ့ လွှဲလဲဆိုတာ သိရမယ်’’ ဟု ဦးသန်းထွဋ်ဦးက ပြောသည်။