နေပြည်တော်သံတမန်ဇုန်တွင် လာမည့်နှစ်အတွင်း အင်တာနေရှင်နယ် ကျောင်းဖွင့်လှစ်နိုင်ရေး အမေရိကန်သံရုံးလာရောက်ဆွေးနွေး

နေပြည်တော်သံတမန်ဇုန် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောင်း (International School of Yangon-ISY) ကို ၂၀၁၉ အတွင်း ဖွင့်လှစ်သင်ကြားနိုင်ရေး အမေရိကန်သံရုံးတာဝန်ရှိသူများနှင့် နေ ပြည်တော်စည်ပင်သာယာရေးကော်မတီ တို့ ဖေဖော်ဝါရီ ဒုတိယပတ်က တွေ့ဆုံဆွေး နွေးခဲ့ကြောင်း ကော်မတီဝင် ဦးမင်းသူက ပြောသည်။

‘‘အဓိကကတော့ အမေရိ ကန်သံရုံးရဲ့ လိုအပ်ချက်အရလို့ ပဲ ပြောပါတော့။ ကျောင်းကို အမြန်ဆုံးထူထောင်ချင်တဲ့ အ ကြောင်းနဲ့ လာမယ့်နှစ် ၂၀၁၉ ထဲ မှာ အပြီးဖွင့်လှစ်နိုင်အောင်လုပ်ဖို့ ပေါ့။ အဲဒီအတွက် အခက်အခဲဖြစ် တဲ့ ဈေးနှုန်းတွေကို လျှော့ပေးဖို့၊ အရစ်ကျသွင်းခွင့်ပြုဖို့ကို လာ ရောက်ဆွေးနွေးတာပေါ့’’ဟု ဦး မင်းသူက ပြောသည်။

ရန်ကုန်အခြေစိုက်သံရုံးများ ကို နေပြည်တော်သို့ ပြောင်းလဲ ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကလည်း မူဝါဒချထားပြီး ဖြစ်သဖြင့် ISY အနေဖြင့် မြေ၀ယ်ယူရေးနှင့် စာချုပ်ချုပ်ဆိုရေးကိစ္စရပ်များ အဓိကလာရောက်ညှိနှိုင်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

နေပြည်တော်စည်ပင်သာ ယာရေးကော်မတီနှင့် ISY မှ ဘုတ်အဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်န၀ါရီနောက်ဆုံးပတ်အတွင်းက မြေနေရာနှင့် ငှားရမ်းခဈေးနှုန်းသတ် မှတ်ချက်များကို ပထမဆုံးဆွေးနွေးခဲ့ပြီး ယခင်ဆွေးနွေးခဲ့သည်များအပေါ် ညှိနှိုင်းရန် ယခုဒုတိယအကြိမ်လာရောက်ခြင်းဖြစ်သည်ဟု ဦးမင်းသူက ဆက်လက်ပြောကြားသည်။

ISY ၏ ဆွေးနွေးမှုများအ ပေါ် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီက မြေနေရာ သတ်မှတ်ပေးခြင်းနှင့် အခြားလို အပ်မည့် ရေ၊ မီး၊ လမ်း၊ မိလ္လာ စနစ်စသည့်  ကိစ္စရပ်များသာ ဆောင်ရွက်ပေးနိုင်ပြီး ကျန်ကိစ္စရပ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့များကသာ ဆုံးဖြတ်ပေးနိုင်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးမင်းသူက ပြောသည်။

‘‘မြေငှားရမ်းခနှုန်းထားတွေ သတ်မှတ်တာတို့ ဆုံးဖြတ်ခွင့်တွေ ကျတော့ သက်ဆိုင်ရာနိုင်ငံခြား ရေးဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့က ပဲ ဆုံးဖြတ်ပေးနိုင်မယ်’’ဟု ဦးမင်း သူက ပြောသည်။

နေပြည်တော်၌ ဖွင့်လှစ်ရန် သံရုံးမြေနေရာအတွက် နိုင်ငံခြား သံရုံး ၁၅ ခုက အဆိုပြုထားပြီး လက်ရှိတွင် မြန်မာအစိုးရက မဖြစ်မနေရွှေ့ပြောင်းရန် သတ်မှတ် ချက်မထားသေးကြောင်း နိုင်ငံခြား ရေး ၀န်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်က ပြောကြားထား သည်။

လက်ရှိတွင် သံတမန်ဇုန်အ တွင်း သံရုံးတစ်ခုလျှင် မြေ ၅ဒသမ၇၄ ဧကဖြစ်ပြီး တစ်ဧကလျှင် ကန်ဒေါ်လာ ၅ သိန်းနှုန်းသတ်မှတ်ထားသည်ဟု သိရသည်။

‘‘မြေငှားရမ်းခ သက်တမ်း ကို အနည်းဆုံး နှစ် ၅၀ မှစတင် ခွင့်ပြုပြီး သက်တမ်းထပ်တိုးမည် ဆိုပါက တစ်ကြိမ်လျှင် နှစ် ၂၀ ဖြင့် နှစ်ကြိမ်ထပ်မံတိုးနိုင်သဖြင့် နှစ် ၉၀ သက်တမ်းအထိ ငှားရမ်း ခွင့်ရရှိမည်ဟု ၎င်းက ပြောကြားသည်။

နေပြည်တော်တွင် နိုင်ငံတ ကာသံရုံးများအခြေစိုက်ဖွင့်လှစ် နိုင်ရေးဒက္ခိဏသီရိမြို့နယ် Jun-ction ကုန်တိုက်အနောက်ဘက်ရှိ မြေနေရာများကို သံတမန်ဇုန်အဖြစ် သတ်မှတ်ထားသည်။

Top News