အနည်းဆုံး အခကြေးငွေ နှုန်းထားသစ် ယနေ့ရွေးချယ်မည်

ကျပ် ၅,၆၀၀ ထက်မနည်း သတ်မှတ်ပေးရန် အလုပ်သမားများ မျှော်လင့်
ယမန်နှစ် နှစ်ကုန်ပိုင်းက အနည်းဆုံးအခကြေးငွေ အမြန်သတ်မှတ်ပေးရေး ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို လှိုင်သာယာ၌ပြုလုပ်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

 အနည်းဆုံး အခကြေး ငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုး သားကော်မတီ အစည်းအဝေး တွင် အလုပ်သမားများ၏ တင်ပြ ချက်ကို အလေးထားစဉ်းစားပေးရန် မျှော်လင့်ကြောင်း အလုပ်သ မားအဖွဲ့အစည်း ခေါင်းဆောင် အချို့ကဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီအစည်းအဝေးကို မတ်လ ၅ ရက် (ယနေ့)တွင် ပြုလုပ်မည်ဖြစ်ပြီး ကျင့်သုံးဆောင်ရွက်သင့်သည့် အနည်းဆုံး အခကြေးငွေနှုန်းထား ရွေးချယ်မည်ဖြစ် သည်။


‘‘အစ်မတို့က တစ်ရက်လုပ် ခ ကျပ် ၅,၆၀၀ ထက်မနည်းတဲ့ နှုန်းသတ်မှတ်ပေးရေးကို တောက်လျှောက် တောင်းဆိုထားသလို အမျိုးသားကော်မတီ အစည်းအဝေးကလည်း အစ်မတို့ တောင်းဆိုချက်အတိုင်း လက်ခံပေးမယ်လို့ မျှော်လင့်တယ်’’ဟု အနည်းဆုံး အခကြေးငွေနှင့် အလုပ်သ မားအခွင့်အရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ဒေါ်သက် သက်အောင်ကပြောသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက တစ်ရက်လုပ်ခအဆို ပြုနှုန်းကို ကျပ် ၄,၈၀၀ သတ်မှတ် ထားပြီး ယင်းနှုန်းထားကိုပင် အ တည်ပြု ရွေးချယ်မည်ဆိုပါက ၎င်းအနေဖြင့် လက်မခံကြောင်း ဆက်လက်ပြောကြားသည်။

‘‘ကိုယ့်တစ်ဦးတည်းရဲ့ ဆုံး ဖြတ်ချက်နဲ့ လက်မခံဘူးဆိုပေ မယ့် ကျပ် ၄,၈၀၀ သတ်မှတ်ခဲ့ရင် ဘယ်လို ဆက်လက်တောင်းဆို မယ်၊ ဘာဆက်လုပ်မယ်ဆိုတာ ကို ကော်မတီ (အနည်းဆုံးအခ ကြေးငွေနှင့် အလုပ်သမားအခွင့် အရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ) အစည်းအဝေးလုပ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း လုပ်သွားမယ်’’ဟု ဒေါ်သက် သက်အောင်ကဆိုသည်။

အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်း ကျပ် ၄,၈၀၀ ကို လက်မခံသည့် အကြောင်းရင်း အား အလုပ်သမားများဘက်က ခိုင်ခိုင်မာမာ တင်ပြထားသဖြင့် ယင်းတင်ပြချက်ကို အလေးထားမည်ဟု ယုံကြည်ကြောင်း အလုပ်သမားအခွင့်အရေး ကူညီဆောင်ရွက်သူ ကိုဇာနည်ကပြောသည်။

‘‘ကျပ် ၅,၆၀၀ ရမှကို အ ဆင်ပြေမှာဖြစ်လို့ အဲဒီနှုန်းကိုပဲ လက်ခံပေးစေချင်တယ်။ ပြီးတော့ နှုန်းထားအတည်ဖြစ်ပြီး သွားရင်လည်း အလုပ်သမားတွေ တကယ်ရ၊ မရကို စောင့်ကြည့်ပေးဖို့လိုတယ်’’ဟု ၎င်းကဆို သည်။ နိုင်ငံ့စီးပွားရေး ကျဆင်း နေချိန်တွင် အနည်းဆုံး လုပ်ခ သတ်မှတ်ချက်သည် လုပ်ငန်းရှင် များအတွက် စိန်ခေါ်မှုဖြစ်သည်ဟု အထည်ချုပ်လုပ်ငန်းရှင်တစ် ဦးကပြောသည်။

‘‘တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေကိုပါ အမျိုးသားကော်မတီအစည်းအဝေးမှာ ထည့်သွင်း စဉ်းစားပေးဖို့ပဲ မျှော်လင့်တယ်’’ ဟု ၎င်းကဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီသည် မတ်လ ၅ ရက် အစည်းအဝေး၌ သတ်မှတ်ကျင့် သုံးသင့်သည့် နှုန်းထားကို ရွေး ချယ်မည်ဖြစ်သော်လည်း ပြည် ထောင်စုအစိုးရထံ တင်ပြပြီး အစိုးရအဖွဲ့က အတည်ပြုမှသာ တရားဝင် သတ်မှတ်နိုင်မည်ဖြစ် သည်။