မကွေးတိုင်းတွင် တောင်သူဦးကြီးများ ဂုဏ်ပြုပွဲကျင်းပ

မကွေးမြို့ တိုင်းအား ကစားကွင်းတွင် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် တောင်သူဦးကြီးများအား ဂုဏ်ပြုပွဲကို မတ်လ ၃ ရက် နံနက်က ပြု လုပ်ခဲ့သည်။


အဆိုပါ အထူးဂုဏ်ပြုပွဲကို Good Brother's Company Limited (GBS)က စီစဉ်ပြုလုပ် ခြင်းဖြစ်သည်။

အခမ်းအနားကို မကွေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မကွေးတိုင်းအစိုးရအဖွဲ့ ချင်းတိုင်း ရင်းသားရေးရာဝန်ကြီးနှင့် GBSမှ တာဝန်ရှိသူများ၊ တောင်သူ မိသားစုများ၊ ဒေသခံများတက် ရောက်သည်။

‘‘မကွေးတိုင်းအတွင်း မြို့ နယ်အသီးသီးက တောင်သူလေး ထောင်ကို ကျွန်တော်တို့ဖိတ်ကြား ခဲ့ပါတယ်’’ဟု GBS ဒါရိုက်တာ ဦးမိုးကိုဇော်က ပြောသည်။

ယင်းပွဲတွင် တက်ရောက်လာ သည့် တောင်သူမိသားစုများနှင့် ဒေသခံများကို လက်ဆောင် ပစ္စည်းများပေးခြင်း၊ ကံစမ်းမဲ ဖောက်ပေးခြင်း၊ ဂိမ်းကစားခြင်း၊ ကလေးငယ်များအတွက် ကစား ကွင်းထားရှိပေးခြင်း၊ တေးသံရှင် များ သီဆိုဖျော်ဖြေခြင်း စသည်တို့ အပြင် အစားအသောက်များလည်း စီစဉ်ပေးထားသည်။

‘‘ကျေးဇူးရှင်တောင်သူဦးကြီး များရဲ့ မိသားစုတွေအတွက် ရည် ရွယ်ပြီးတော့ ပျော်ပွဲရွှင်ပွဲအခမ်းအ နား ပြုလုပ်ပေးတာ ဖြစ်ပါတယ်’’ ဟု ဦးမိုးကိုဇော်ကဆိုသည်။

၃၆၀ ဒီဂရီတစ်ပတ်လည် ၀န် ဆောင်မှုအနေဖြင့် တောင်သူများ အား စိုက်ပျိုးစရိတ်များ ထုတ်ချေး ခြင်း၊ ဓာတ်မြေသြဇာများ တင် သွင်းဖြန့်ဖြူးခြင်း၊ လယ်ယာသုံး စက်ကိရိယာများ ငှားရမ်းရောင်း ချပေးခြင်း၊ ထွက်ရှိလာသည့် သီး နှံများကို ကာလပေါက်ဈေးအတိုင်း ပြန်လည်ဝယ်ယူပေးခြင်း စသည့် လုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ၎င်းကပြောသည်။

တောင်သူလယ်သမားများအ တွက် ခေတ်မီစိုက်ပျိုးနည်းစနစ် များ၊ မျိုးကောင်းမျိုးသန့်များနှင့် အ ရင်းအနှီးငွေများ၊ လယ်ယာသုံးစက် ကိရိယာများ စသည့်လိုအပ်ချက် များ ပြေလည်မှုရစေရန် ကုမ္ပဏီ များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မကွေးတိုင်း တိုင်း ရင်းသားရေးရာဝန်ကြီး ဦးလှထွန်း က ပြောသည်။

‘‘တောင်သူတွေအတွက် ရည် ရွယ်ပြီး အထူးဂုဏ်ပြုပျော်ပွဲရွှင်ပွဲ လုပ်ပေးတာကို ၀မ်းသာပါတယ်။ တောင်သူတွေမှာလိုအပ်တဲ့ စက် ကိရိယာတွေ ငှားရမ်းပေးတယ်။ အရစ်ကျရောင်းချပေးတယ်။ တ ခြားပံ့ပိုးမှုတွေ အတွက်လည်း ကောင်းပါတယ်။ ဒါပေမဲ့ တောင် တွေအတွက် အဓိကကျတာက ဈေးကွက်တည်ငြိမ်ဖို့၊ ဈေးကွက် စီး ပွားရေးဖြစ်လာဖို့၊ ဈေးအနှိမ်မခံရ ဖို့ က အဓိကပါ’’ဟု ကြာကန်ကျေး ရွာမှ တောင်သူဦးဇော်မင်းထိုက်က ပြောသည်။

 

Top News