မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ ဒုတိယအကြိမ် ကျောင်းတွင်းသင်္ကြန်ပွဲကျင်းပ

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကျောင်းသင်္ကြန်ကျင်းပနေစဉ် (ဓာတ်ပုံ − ပိုင်စိုးသူ)

 မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားသမဂ္ဂက ဦးဆောင် ကျင်းပသော ဒုတိယအကြိမ် မြောက် ကျောင်းတွင်aးသင်္ကြန်ပွဲ တော်ကို မတ်လ ၄ ရက်က အဆို ပါတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်း မရှေ့တွင် ကျင်းပခဲ့သည်။


‘‘ပြဿနာတွေအများကြီး ကြားက ဒီလိုလေး စည်စည်ကား ကားနဲ့ ကျင်းပခွင့်ရခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်’’ ဟု မွေးမြူရေးဆိုင်ရာ ဆေးတက္က သိုလ် ကျောင်းသားများ သမဂ္ဂမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကို သန့်ဇင်ထွန်းက ပြောသည်။

ကျောင်းတွင်းသင်္ကြန်ပွဲ တော်ကျင်းပခွင့်ကို မူလက လုံခြုံ ရေးအကြောင်းပြချက်ဖြင့် ကျင်း ပခွင့်မပေးသော်လည်း လွှတ် တော်ကိုယ်စားလှယ်များ၏ ကြား ဝင်စေ့စပ်မှုကြောင့် ယခုကဲ့သို့ ကျင်းပခွင့်ရရှိခဲ့ကြောင်း ကျောင်း သား၊ ကျောင်းသူအချို့က ဆို သည်။

‘‘ကလေးတွေက ကျောင်း ပိတ်လို့ပြန်ကြရင် သင်္ကြန်ဆို မဆုံ ဖြစ်တဲ့အတွက် ထုံးစံအတိုင်းပဲ ကျင်းပကြတာပါ။ ဝန်ကြီးဌာန ချင်းတော့ မတူဘူးပေါ့။ သစ် တောကျတော့ ရှောရှောရှူရှူ အဆင်ပြေသွားပြီးတော့ မွေးဆေး (မွေးမြူရေးဆိုင်ရာ ဆေးတက္က သိုလ်)ကျမှ နည်းနည်း အဆင် မပြေတဲ့အတွက် ကလေးတွေကို အားပေးတဲ့အနေနဲ့ လာဖြစ်တာ ပါ’’ဟု နေပြည်တော်ကောင်စီနယ် မြေဇေယျာသီရိမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်ဆွေက ရှင်းပြသည်။

အဆိုပါ ကျောင်းတွင်း သင်္ကြန်ပွဲတော်သို့ မွေးမြူရေးဆိုင် ရာ ဆေးတက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင် ဆွေနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ ဝင်များ တက်ရောက်ခဲ့သည်။

ကျောင်းတွင်း သင်္ကြန်ပွဲ တော်ကို မွန်းလွဲ ၃ နာရီခန့်က စတင်ကာ ကျောင်းသူများကယိမ်း အကများဖြင့် ဖျော်ဖြေခဲ့ပြီး Color Festival အစီအစဉ် ထည့်သွင်း ကျင်းပခဲ့သည်။

သစ်တောတက္ကသိုလ်၏ ကျောင်းတွင်းသင်္ကြန်ပွဲတော်ကို မတ်လ ၂ ရက်က ကျင်းပခဲ့ပြီး ယ ခု မွေးဆေးတက္ကသိုလ်ကဲ့သို့ ရေ လောင်းခွင့်မရခဲ့ဘဲ Color Fest- ival များဖြင့်သာ ကျင်းပခွင့် ပေးခဲ့ သည်ဟု အဆိုပါတက္ကသိုလ် ဒုတိ ယနှစ် ကျောင်းသားတစ်ဦးကဆို သည်။ နေပြည်တော်ကောင်စီနယ် မြေရေဆင်းကျေးရွာတွင်ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ သစ် တောတက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်တို့ တည် ရှိသည်။

Top News