ဖေဖော်ဝါရီလ မြန်မာလိဂ်-၂ အကောင်းဆုံးဆုများကို ရွိုင်ရယ်သန်လျင်နှင့် တောင်ခြင်္သေ့အသင်းတို့ ရရှိ

 ဖေဖော်ဝါရီအတွက် မြန်မာလိဂ် အကောင်းဆုံးနည်းပြဆုကို ရွိုင်ရယ်သန်လျင်နည်းပြဒေါ်အေးအေးမော်နှင့် အကောင်းဆုံးကစားသမားဆုကို တောင်ခြင်္သေ့အသင်း တိုက်စစ်မှူးကျော်ဇင်ဦးတို့ ရရှိခဲ့သည်။

အကောင်းဆုံးဆုပေးအပ် ချီးမြှင့်ပွဲကို မတ်လ ၃ ရက်ညနေ က အောင်ဆန်းကွင်းတွင်ယှဉ် ပြိုင်သည့် ရွိုင်ရယ်သန်လျင်နှင့် တက္ကသိုလ်အသင်းတို့ပွဲစဉ်မတိုင် မီ ပြုလုပ်ခဲ့သည်။

ရွိုင်ရယ်သန်လျင်အသင်း နည်းပြဒေါ်အေးအေးမော်သည် ဖေဖော်ဝါရီအတွင်း မြန်မာလိဂ် -၂ ပွဲစဉ်လေးပွဲတွင် နှစ်ပွဲနိုင်၊ နှစ် ပွဲသရေဖြင့် ရှုံးပွဲမရှိဘဲ ရမှတ်ရှစ် မှတ်ရရှိကာ အမှတ်ပေးဇယား ထိပ်ဆုံး၌ ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့သဖြင့် အကောင်း ဆုံးနည်းပြဆုရရှိခြင်းဖြစ်သည်။

တောင်ခြင်္သေ့အသင်းတိုက် စစ်မှူးကျော်ဇင်ဦးသည် မြန်မာ လိဂ်-၂ ပွဲစဉ်လေးပွဲတွင် သုံးဂိုးသွင်းယူကာ  ခြေစွမ်းပြကစားနိုင်သဖြင့် အကောင်းဆုံးကစားသမားဆုဆွတ်ခူးခဲ့သည်။

အဆိုပါ မြန်မာလိဂ်-၂ တစ် လတာအကောင်းဆုံးကစားသ မားဆုအတွက် ကျော်ဇင်ဦးကို ဆု တံဆိပ်နှင့် ကျပ်တစ်သိန်း၊ အ ကောင်းဆုံးနည်းပြဆုအတွက် ဒေါ်အေးအေးမော်ကို ဆုတံဆိပ် နှင့် ကျပ်ငါးသောင်းချီးမြှင့်ခဲ့ သည်။၂၀၁၈ MPT မြန်မာလိဂ်-၂ ပွဲစဉ်(၅)အပြီးတွင် ရွိုင်ရယ်သန် လျင်အသင်းက ရမှတ်ရှစ်မှတ်ဖြင့် အမှတ်ပေးဇယားထိပ်တွင် ဦး ဆောင်နေသည်။ မြ၀တီနှင့်ကချင် ယူနိုက်တက်တို့က ရမှတ်ခုနစ်မှတ်စီတူညီသော်လည်း ဂိုးကွာခြားချက်သာသည့် မြ၀တီက ဒုတိယနှင့် ကချင်အသင်းက တတိယနေရာတွင် ရပ်တည်နေသည်။