သုံးစွဲသူနည်းပါးလာသဖြင့် သထုံခရိုင်တွင်ကြံသကာထုတ်လုပ်မှု လျော့နည်းလာ

 ကြံသကာ အသုံးပြုသူ နည်းပါးလာသောကြောင့် မွန်ပြည်နယ် သထုံခရိုင်အတွင်းလွန်ခဲ့ သော ဆယ်စုနှစ်ခန့်က စတင်ကာ ထုတ်လုပ်မှုလျော့နည်းလာကြောင်း သထုံမြို့နယ်၊ သုဝဏ္ဏ ၀တီမြို့နေ ကြံသကာရောင်းဝယ် ရေးလုပ်ကိုင်သူ ဦးအောင်မြင့် ကပြောသည်။

ယခင်ကနေရာအများစုတွင် ကြံသကာကိုအသုံးပြု၍ ရိုးရာ ချက်အရက်များနှင့် မုန့်ပဲသရေ  စာများထုတ်လုပ်ရာ၌ တွင်ကျယ် စွာအသုံးပြုခဲ့သော်လည်း ၂၀၀၈ နောက်ပိုင်းကစကာသုံးစွဲမှုနည်း ပါးလာသော ကြောင့်ကြံသကာ ထုတ်လုပ်မှု လျော့ကျလာ ကြောင်း ၎င်းကဆိုသည်။

‘‘အရင်ကတစ်ရက်ကိုကြံ သကာပိဿာ ၅၀၀ လောက် ရောင်းကုန်ခဲ့တာ။ အခုနောက် ပိုင်းသုံးစွဲမှုနည်းလာတော့ အဲဒီ ပိဿာ ၅၀၀ လောက်ကို ၁၅ရက် လောက်ရောင်းနေတယ်’’ ဟု ဦးအောင်မြင့်က ပြောသည်။

စိုက်ပျိုးထားသည့် ချက်ကြံ များကို ခုတ်သိမ်း၍ စက်ဖြင့်ကြိတ်ပြီးရရှိလာသောကြံရည်များကို ဒယ်အိုးကြီးများဖြင့်ကြိုချက်ပြီး ကြံသကာ ထုတ်လုပ်ခြင်းဖြစ်ရာရေမြေအ ခြေအနေအရ တစ်ဧကလျှင်ချက် ကြံတန်၂၀ ခန့် ထွက်ရှိပြီးအရည် ကြိတ်ကျိုချက်ပါက ကြံသကာ ပိဿာ ၁,၀၀၀ ခန့်ရရှိသည်ဟု ဘီးလင်းမြို့နယ် ဘုရားဆိပ် ကျေးရွာနေကြံသကာထုတ်လုပ် သူဦးသန်းရွှေကပြောသည်။

‘‘အရင်ကရွာတွေမှာ ချက် ကြံတွေအများကြီးစိုက်ကြတာ။ ဒါပေမဲ့ ကြံခုတ်၊ကြံကြိတ်လုပ်သား ရှားပါးလာတော့ သိပ်မစိုက်ကြတော့ဘူး။ ကြံသကာနဲ့မုန့်လုပ်တဲ့သူတွေ နည်းသွားတာလည်းပါ တယ်’’ ဟု ဦးသန်းရွှေကပြော သည်။

ကရင်ပြည်နယ် ရွှေဂွန်းနှင့် ပတ်ဝန်းကျင်ဒေသတွင်ကြံသ ကာအများဆုံးထုတ်လုပ်ပြီးပြည် တွင်း စားသုံးသူများအတွက်သာပုံမှန်ဈေးဖြင့် ရောင်းချနေရ ကြောင်းဒေသခံကြံသကာထုတ် လုပ်ရောင်းချ သူများကဆိုသည်။

‘‘အခုနောက်ပိုင်းသစ်သီးယို စုံထိုးတဲ့ နေရာမှာကြံသကာကို အသုံးပြုလာတယ်။ ကြံသကာက သကြားထက် အချိုဓာတ်ပိုကဲ တယ်’’ဟု သထုံမြို့နယ် တံတား ဦးကျေးရွာနေသစ်သီးယိုစုံထုတ် လုပ်ရောင်းချသူတစ်ဦးကပြော သည်။

ကြံသကာသုံးစွဲမှုလျော့ကျ လာခြင်းနှင့် လုပ်သားရှားပါးလာ ခြင်းတို့ကြောင့် ယခင်ချက်ကြံများ စိုက်ပျိုးခဲ့သည့်တောင်ပေါ်ဒေသ လယ်မြေများတွင် စိုက်ပျိုးထုတ် လုပ်မှုလွယ်ကူသည့် ပဲမျိုးများ ပြောင်းလဲစိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများက ပြော သည်။

‘‘ပဲစိုက်ရတာကလွယ်တယ်။ ထယ်ထိုးပြီးကြဲပက်စိုက်လိုက်ရုံ ပဲ။ ထွက်လာတဲ့ ပဲကိုချက်ချင်း ရောင်းလို့ရတယ်။ ကြံသကာက ၀ယ်တဲ့ သူရှိမှရောင်းလို့ ရတာ။ ၀ယ်တဲ့ သူနည်းတော့မရောင်းရ ဘူး။ အဲဒါတွေကြောင့်ချက်ကြံ သိပ်မစိုက်ကြတော့ဘူး’’ ဟု ဘီးလင်းမြို့နယ် ကျသောင်း ဆိပ်ကျေးရွာနေဦးစောမောင်ပီး ကပြောသည်။

လက်ရှိ သထုံခရိုင်ကြံ သကာဈေးကွက်တွင် ဒေသထွက် နှင့် ကရင်ပြည်နယ်ထွက် ကြံသ ကာများရောင်းချနေပြီး လိုအပ် ပါက ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေဒေသအနီးမှ ထွက်ရှိသော ကြံသကာများကို မှာယူရောင်းချနေရသည်ဟု ဦးအောင်မြင့်ကပြောသည်။

Top News