ဧရာဝတီတိုင်းအစိုးရအဖွဲ့နှင့် သတင်းသမားများတွေ့ဆုံပွဲသို့ ဒေသခံသတင်းသမားများ တက်ခွင့်မရဟုဆို

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံသတင်း သမားများပိုမိုရင်းနှီးစေရန် တွေ့ဆုံပွဲပြုလုပ်ရာတွင် ပုသိမ်မြို့ရှိသတင်းသမားများတက်ရောက်ခွင့်မ ရကြောင်း ဒေသခံသတင်းထောက်ဦးရဲရင့်ထွန်းက ပြောသည်။


အဆိုပါတွေ့ဆုံပွဲကို ဧရာ ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)တွင် မတ် လ ၅ ရက် နံနက်ကကျင်းပခဲ့သည်။ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း(ရန်ကုန်တိုင်း)မှ တာဝန် ရှိသူ ၂၀ ဦးခန့်နှင့် မှုခင်းသတင်း ထောက်များသာတွေ့ဆုံဆွေးနွေး သည့် အခမ်းအနားဖြစ်သဖြင့် တိုင်းအတွင်းရှိ သတင်းသမားများ ကို ကိုယ်စားမပြုကြောင်း၊ ထို့အ ပြင် ဒေသခံသတင်းသမားများအ တွက်ဆိုကာ အဆိုပါအသင်းက တိုင်းအစိုးရထံမှ ရုံးခန်းနေရာ တောင်းခြင်းကို ကန့်ကွက်ကြောင်းဦးရဲရင့်ထွန်းက ပြောသည်။

‘‘နယ်မြေခံသတင်းသမား တွေကို ၀င်ရောက်သတင်းယူခွင့် မပေးတာ၊ ခုလိုတွေ့ဆုံမယ်ဆို တာကိုလည်း ဒေသခံသတင်းသ မားတွေကို အသိမပေးတာ၊ ရုံး ခန်းတွေတောင်းတာဟာ တကယ် တော့မဖြစ်သင့်တဲ့ ကိစ္စမို့ကန့် ကွက်တာပါ’’ ဟု ဦးရဲရင့်ထွန်းက ပြောသည်။

ပုသိမ်တွင် သတင်းဌာန ၂၁ ခု၏ အခြေစိုက်သတင်းထောက် များရှိသော်လည်း အဆိုပါတွေ့ ဆုံပွဲသို့ ယင်းသတင်းထောက်များ တက်ရောက်ခွင့်မရခဲ့ဟုဆိုသည်။

ထိုသို့တက်ခွင့်မရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသတင်း စာဆရာများအသင်း (ရန်ကုန် တိုင်း)ဥက္ကဋ္ဌဒါရိုက်တာမောင်ယဉ် ကျော်က အခြေအနေကိုမသိခဲ့ ကြောင်း၊ ယခုလိုသိရသည့်အ တွက် စိတ်မကောင်းကြောင်းနှင့် နောင်တွင် ထိုသို့မဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်းပြော သည်။

လွန်ခဲ့သည့်လေးလခန့်က စ၍ အဆိုပါတွေ့ဆုံပွဲကျင်းပရန် စီစဉ်ထားကြောင်း အသင်းဥက္ကဋ္ဌ က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောသော်လည်း တွေ့ဆုံပွဲတွင် တက်ရောက်သတင်းယူရန် ဖိတ် ကြားထားသည့်သတင်းဌာနအ ချို့မှ သတင်းထောက်များကိုပင် ခန်းမတွင်း ၀င်ရောက်သတင်း ယူခွင့်မပေးခြင်း၊ တွေ့ဆုံပွဲနှင့် ပတ်သက်၍ သတင်းဌာနအသီး သီးမှ သတင်းထောက်များနှင့်ကြို တင်ညှိနှိုင်းမှုမရှိခြင်း၊ သတင်းရ ယူခွင့်မပြုခြင်းတို့သည် အသင်း က ဦးတည်ဆောင်ရွက်နေသည့် အချက်များနှင့် ကွဲလွဲနေကြောင်း ဒေသခံသတင်းသမားများက ဝေ ဖန်သည်။

More in News Section