ဘုရားဖူးသွားသော အိမ်စီးကားနှင့် ကျောက်သယ်ယာဉ်တိုက်မိ လူတစ်ဦးသေ၊ရှစ်ဦးဒဏ်ရာရ

ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားသည့် ဘုရားဖူးယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − အကြင်နာတွဲလက် လူမှုကူညီရေးအသင်း)

ဘုရားဖူးသွား အိမ် စီးကားနှင့် ကျောက်သယ်ယာဉ်တို့ ရန်ကုန်-မော်လမြိုင်လမ်းတွင် မျက်နှာချင်းဆိုင် တိုက်မိသဖြင့် လူတစ်ဦးသေဆုံးပြီးရှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ကျိုက်ထိုဘက်မှမော်လမြိုင် ဘက်သို့ (၂၈) နှစ်အရွယ်ယာဉ် မောင်းကိုအောင်မျိုးကျော်မောင်း နှင်လာသည့် NISSAN VANE- TTE ဘုရားဖူးယာဉ်သည် မတ်လ ၄ရက် ည ၇နာရီခန့်တွင် မိုင်တိုင် (၁၄၉/၆-၇)သို့ အရောက်၌ အရှိန်လွန်၍ တစ်ဖက်ယာဉ် ကြောသို့ရောက်ရှိရာမှအသက် (၄၀) အရွယ်ယာဉ်မောင်းဦး လှိုင်ထူး မောင်းနှင်လာသည့် CANTER အမျိုးအစားကျောက် သယ်ယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သထုံမြို့မရဲစ ခန်းမှရဲအရာရှိတစ်ဦးက ပြော သည်။ 

ယာဉ်တိုက်မှုကြောင့် ဘုရား ဖူးယာဉ်ပေါ်တွင် လိုက်ပါလာ သည့် (၂၁) နှစ်အရွယ်မရွှန်းသီရိနိုင် သည် ဒဏ်ရာများရရှိကာအခင်း ဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မော် လမြိုင် တောင်ပိုင်းရပ်ကွက်နေထိုင်သည့် (၅၇)  နှစ်အရွယ် ဒေါ်သန်းသန်းလှအပါအ၀င် လူရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း  ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ‘‘မှားတာကတော့ ဘုရားဖူး ယာဉ်ကမှားတာပေါ့။ ဒဏ်ရာရ တဲ့သူတွေထဲမှာ ကျိုးတာဘာညာ တော့ရှိတာပေါ့။ ဒါပေမဲ့ အ သက်အန္တရာယ်စိုးရိမ်ရလောက် တဲ့အထိတော့မရှိပါဘူး။ တစ် ယောက်ကတော့ပွဲချင်းပြီးသေ သွားတယ်’’ ဟုရဲအရာရှိကဆို သည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဘုရားဖူးယာဉ်မောင်း ကိုအောင် မျိုးကျော်ကိုသထုံမြို့မရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေဆုံးမှု ပုဒ်မ ၃၀၄(က)၊ ပေါ့လျော့မှု ကြောင့်အပြင်းအထန်နာကျင်စေ မှုပုဒ်မ ၃၃၈၊ ပေါ့လျော့မှုကြောင့် သာမန်နာကျင်စေမှုပုဒ်မ ၃၃၇ တို့ဖြင့် အမှုဖွင့်အရေးယူထား သည်။

Top News