အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာပေးရုပ်ရှင်နှင့် ဇာတ်လမ်းတိုများ ရိုက်ကူးမည်

 အဂတိလိုက်စားမှုတိုက် ဖျက်ရေးနှင့် ပတ်သက်၍ ပြည်သူများပိုမိုသိရှိရန် ယခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားများ၊ မှတ်တမ်းရုပ်ရှင်နှင့် ဇာတ်လမ်းတိုများရိုက် ကူးမည်ဖြစ်ကြောင်း အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ပြောသည်။

မတ်လ ၅ ရက်တွင် ရန်ကုန် မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ထုတ်ဝေရေးဦးစီးဌာန၌ ပြုလုပ်သည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရုပ်မြင်သံကြား ပညာပေးအစီစဉ်များရိုက်ကူး ထုတ်လွှင့်ရန် ညှိနှိုင်းအစည်းအဝေးပွဲတွင် ၎င်းက  ပြောသည်။

‘‘ဒီနေ့ဆွေးနွေးပွဲက ရုပ်မြင် သံကြားရိုက်ကူးဖို့ အစီအစဉ်ဖြစ် ပါတယ်။ ဒီနေ့လာကြတဲ့ ပညာ ရှင်များရဲ့ အကြံဉာဏ်ကို ယူပါ မယ်’’ဟု ဦးဟန်ညွန့်က ပြောသည်။

ပညာပေး ဇာတ်လမ်းများ ရိုက်ကူးရန် UNODC နှင့် UNDP ပံ့ပိုးမှုဖြင့် ရိုက်ကူးမည်ဖြစ်ပြီး ပညာရှင်များအဆိုပြုသည့် ဇာတ် လမ်းများမှ ရွေးချယ်ရိုက်ကူးမည် ဟု ၎င်းက ပြောသည်။

‘‘ပညာရေးဝန်ကြီးဌာနနဲ့ပူး ပေါင်းပြီး အခြေခံကျောင်းများမှာ ကလေးများ ကိုယ်ကျင့်တရားမြင့်မားစေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အဂတိလိုက်စားမှု ရဲ့ ဆိုးကျိုးများသိရှိနိုင်တဲ့ ပညာ ပေးကဏ္ဍများအတွက် သင်ရိုး ညွှန်းတမ်းများကိုလည်း ပူးပေါင်း ရေးဆွဲနေပါတယ်။ ယခုအခါ လူ ထုပါသိအောင်၊ နယ်အရပ်ရပ် ရောက်အောင်၊ အဂတိနဲ့ပတ် သက်တဲ့ဇာတ်လမ်းတွေကို ပြည် သူတွေသိအောင်လုပ်မယ်၊ ပြည် သူတွေသိရင် အဂတိလိုက်စားမှု တွေ လျော့နည်းသွားမယ်’’ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့ သွင်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်း များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံး၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူ များ၊ ယဉ်ကျေးမှုတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ရုပ်ရှင်ဗီဒီယို လောကမှ ပညာရှင်များပါဝင် ဆွေးနွေးခဲ့သည်။

Top News