ရက်ပိုင်းအတွင်း ပုသိမ် - မုံရွာ လမ်းပေါ်တွင် ဘင်္ဂါလီခုနစ်ဦး ထပ်မံဖမ်းမိ

 မကွေးတိုင်း မင်းလှမြို့ နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်း ၌ မတ်လ ၆ ရက် နံနက် ၅ နာရီတွင် ဘင်္ဂါလီခုနစ်ဦးကို ထပ်မံ ဖမ်းဆီးရမိကြောင်း မင်းလှမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင် လင်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက် က ပုသိမ်-မုံရွာလမ်းမ မိုင်တိုင် (၂၃၅/၄) အနီးတွင် ဘင်္ဂါလီငါးဦးကို ဖမ်းဆီးမိခဲ့ပြီး ယခု မတ်လ ၆ ရက်၌ မိုင်တိုင် (၂၅၂/၆) နှင့် (၂၅၂/၇) ကြားတွင် ဘင်္ဂါလီခုနစ်ဦး ကို ထပ်မံဖမ်းဆီးမိခဲ့ရာ ရက်ပိုင်းအတွင်း ပုသိမ် - မုံရွာလမ်းတွင် ဘင်္ဂါလီ ၁၂ ဦး ဖမ်းဆီးရမိကြောင်း ၎င်းက ပြောသည်။ ‘‘အမာခံသတင်းပေးမှုတွေ အရ အဖွဲ့ခွဲတွေ ခွဲပြီး စောင့်ဖမ်း ခဲ့ပါတယ်’’ဟု ရဲမှူးထင်အောင် လင်းက ဆိုသည်။


 ယာဉ်မောင်း စိုးမင်းထွေး မောင်းနှင်လာသည့် Toyota Alphard MNH 10 ယာဉ်ကို ရပ်တန့်စစ်ဆေးစဉ် အဆိုပါ ဘင်္ဂါလီများကို ဖမ်းဆီးရမိခဲ့သည်။

ဘင်္ဂါလီခုနစ်ဦးသည် ရန်ကုန်မြို့သို့ သွားရောက်အလုပ် လုပ်ကိုင်ရန်  ပြီးခဲ့သည့် ၂၀ ရက်ခန့်ကတည်းက ရခိုင်ပြည်နယ် တောလမ်းအတိုင်း ခြေကျင်လျှောက်လာပြီး ၎င်းတို့ကို ပို့ပေးမည့် ယာဉ်မောင်း စိုးမင်းထွေး၏ယာဉ်ဖြင့် ရန်ကုန်မြို့သို့ သွားရောက်စဉ် စစ်ဆေးတွေ့ရှိသည်ဟု ၎င်းက ပြောသည်။

 ဖမ်းဆီးရမိသည့် ဘင်္ဂါလီများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်သည်။

ဘင်္ဂါလီတစ်ဦးလျှင် ကျပ် နှစ်သိန်းခွဲဖြင့် အခကြေးငွေယူ လိုက်ပါပို့ဆောင်သူယာဉ်မောင်း စိုးမင်းထွေးနှင့် ယာဉ်နောက်လိုက်

တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် ရေနံနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း တာဝန်ရှိသူက ပြောသည်။

Top News