ဘီးလင်းထွက် ဖရဲသီးများ ပြည်တွင်းဈေးကွက်ကိုသာ အားကိုးနေရ

ဘီးလင်းမြို့နယ်အနီးရှိ ကျေးရွာများ၌ စိုက်ပျိုးထားသော ဖရဲသီးများကို ပြည်တွင်းဈေး ကွက်တွင်သာ ရောင်းချနေကြောင်း ဘီးလင်းမြို့နယ်မှ ဖရဲသီးရောင်း ၀ယ်သူများက ပြောသည်။

အဆိုပါ ဒေသထွက် ဖရဲသီး များကို ယခင်နှစ်က မူဆယ်မြို့သို့ တင်ပို့ခဲ့သော်လည်း သယ်ယူပို့ ဆောင်ရေးစရိတ်နှင့် ရောင်းဈေး နှုန်းများ တွက်ခြေ မကိုက်ခြင်း ကြောင့် ပြည်တွင်း စားသုံးသူ ဈေးကွက်တွင်သာ အလေးထား ရောင်းချနေရကြောင်း ဇီးကုန်း ကျေးရွာမှ ဖရဲသီးစိုက်ပျိုးထုတ် လုပ်ရောင်းချသူ ဦးစိုးညွန့်က ပြောသည်။

‘‘အခုနောက်ပိုင်း ဖရဲသီးကို နေရာဒေသတော်တော်များများ မှာ စိုက်ပျိုးခဲ့ကြတယ်။ ရေမြေ သဘာဝအရ အသီးကြီးထွားနှုန်း က မတူညီကြဘူး။ ကျွန်တော်တို့ နယ်ဘက်က အသီးကအလုံးငယ် တဲ့အတွက် နယ်စပ်ဈေးကွက်မှာ ဈေးသိပ်မရဘူး။ ပြည်တွင်းမှာပဲ ထိန်းရောင်းနေရတာပါ’’ဟု ဦးစိုး ညွန့်က ပြောသည်။

နှစ်စဉ်  စက်တင်ဘာတွင် စိုက်ပျိုးသော မိုးစိုက် ဖရဲသီးနှင့် ဒီဇင်ဘာတွင် စိုက်ပျိုးသော ဆောင်းစိုက်ဖရဲသီးဟူ၍ နှစ်မျိုး ရှိပြီး စိုက်ပျိုးပြီးနှစ်လခွဲခန့်အကြာ တွင် ခူးဆွတ်နိုင်ကာ တစ်ဧကခန့် ရှိ ဖရဲသီးစိုက်ခင်းတစ်ခင်း၏ ခန့် မှန်းကုန်ကျစရိတ်သည် ကျပ် ၁၀ သိန်းခန့်ရှိကြောင်း ဖရဲစိုက်တောင်သူများက ပြောသည်။

ယခုနှစ်ပြောင်းလဲလာသော ရာသီဥတုကြောင့် အချို့ဖရဲစိုက် ခင်းများ ထိခိုက်ခဲ့၍ အထွက်နှုန်း နှင့် အရည်အသွေး ကျဆင်းကာ ဖရဲစိုက် တောင်သူအချို့ ဆုံးရှုံးခဲ့ကြောင်း တောင်သူဦးကျော် စိုးက ပြောသည်။

‘‘ဒီဘက်မှာက ဖရဲစိုက်တဲ့ သူက များတော့ ထွက်တဲ့အသီး တွေကို ကိုယ်တိုင်ပဲ မော်လမြိုင်၊ ဘားအံ၊ မြ၀တီမြို့တွေကို နယ် ဆင်းရောင်းနေရတာ။ ဒါမှကိုယ် စိုက်ပျိုးထားတဲ့ ကုန်ကျစရိတ်ရ မှာလေ’’ ဟု ဦးကျော်စိုးက ပြော သည်။ ဖရဲစိုက်တောင်သူများသည် ပြည်တွင်းဈေးကွက်အနေအထား အရ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း သာ အကောင်းဆုံးဖြစ်ပြီး စီးပွား ဖြစ် စိုက်ပျိုးလျှင် ဈေးကွက်မ ကောင်းသဖြင့် ဆုံးရှုံးနိုင်ကြောင်း သထုံမြို့နေ ဖရဲသီးရောင်းဝယ် သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ကျိုက်ထို၊ ဘီးလင်း၊ မုဒုံနှင့် ရေးမြို့နယ်များ ၌ စိုက်ပျိုးသော ဖရဲသီးများကို ပြည်တွင်းဈေးကွက်ကိုသာ အဓိ ကထား ရောင်းချနေကြောင်း ဖရဲ စိုက်တောင်သူများက ပြောသည်။

Top News