ရာသီဥတုပြောင်းလဲမှုကြောင့် ခန်းခြောက်လာသော ရေအားလျှပ်စစ်

ရေခန်းခြောက်နေသော အိန္ဒိယနိုင်ငံရှိ ဆည်တစ်ခုကို တွေ့ရစဉ် AFP

လူ့အဖွဲ့အစည်းများသည် ရေကို စွမ်းအင်အရင်းအမြစ်အဖြစ် နှစ် ပေါင်းများစွာ သုံးစွဲခဲ့ပြီး လျှပ်စစ် ထုတ်လုပ်ရန် ရေစွမ်းအင်ကို အသုံးပြုနေသည်မှာ နှစ် ၁၀၀ ကျော်ရှိပြီဖြစ်သည်။


ကမ္ဘာကြီး၏ ပြန်လည်ပြည့် ဖြိုးမြဲ စွမ်းအင်နှင့် ကမ္ဘာ့စုစုပေါင်း လျှပ်စစ်စွမ်းအား ၁၅ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ ရရှိသည်။ ရေ အားလျှပ်စစ်သည် နေစွမ်းအင်နှင့် လေစွမ်းအင်တို့ကဲ့သို့ မဟုတ်ဘဲ ဈေးပေါကာ လိုအပ်ချိန်တွင် လိုအပ်သလို လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်သည်။

သို့သော် ရေအားလျှပ်စစ် ထုတ်လုပ်သော ဆည်နှင့် ရေကာ တာကြီးများ တည်ဆောက်မှု ကြောင့် ဂေဟစနစ်များ ပြောင်း လဲစေခဲ့ပြီး မြေမျက်နှာပြင်များ ရေ အောက်ရောက်ကုန်ကာ လူသန်းပေါင်းများစွာသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ရသည်။

ထို့အပြင် ယခုဆိုလျှင် ရေ အားလျှပ်စစ်ထုတ်ယူရေးသည် နောက်ထပ် ရှုပ်ထွေးမှုတစ်ခုနှင့် ရင်ဆိုင်နေရပြီး ယင်းသည် ရာသီ ဥတုပြောင်းလဲမှုကြောင့် နိုင်ငံ အချို့တွင် ပြင်းထန်သော မိုးခေါင် ရေရှားမှုများနှင့်အတူ ဆည်များ ခန်းခြောက်ခြင်း ကြုံတွေ့နေရ သည်။

‘‘ရာသီဥတုပြောင်းလဲမှုက ရေအားလျှပ်စစ်ထုတ်လုပ်မှုအ ပေါ် ကြီးကြီးမားမားရိုက်ခတ်နေ တယ်ဆိုတာကို ရှောင်လွဲလို့မရပါ ဘူး။ ရေအားလျှပ်စစ်ထုတ်လုပ် ရေးကို စီမံခန့်ခွဲဖို့ စိန်ခေါ်မှုလည်း ကြီးမားလာစေခဲ့ပါတယ်’’ဟု စပိန် နိုင်ငံ ဆည်ကြီးများကော်မတီ ကလီမန့်ပရီယက်ကိုက ပြောကြား သည်။

ယင်းသည် တောင်ပိုင်းနှင့် အရှေ့ပိုင်းအာဖရိကနိုင်ငံများအ တွက် ကြီးမားသော စိုးရိမ်ပူပန်မှု ဖြစ်သည်။ မာလာဝီနိုင်ငံသည် ၎င်းတို့၏ လျှပ်စစ်ဓာတ်အား ၉၈ ရာခိုင်နှုန်းအတွက် ရေအားလျှပ် စစ်ကို အားကိုးနေရပြီး ယမန်နှစ် က အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်မှုများ ခံစားခဲ့ရ သည်။ ကမ္ဘာ့ဘဏ် အဆိုအရ မာလာဝီနိုင်ငံသား ၁၀ ရာခိုင်နှုန်း အောက်သာ လျှပ်စစ်မီးရရှိသော် လည်း လျှပ်စစ်ဓာတ်အားပြတ် လပ်မှုကြောင့် ဆေးရုံများကဲ့သို့ အရေးကြီးသော ပြည်သူလူထုနှင့် ဆိုင်သည့် အခြေခံအဆောက် အအုံများ ဆိုးရွားစွာ ထိခိုက်ခဲ့ သည်။

ဇမ်ဘီယာနိုင်ငံ၏ လျှပ်စစ် စွမ်းအင်တွင် ရေအားလျှပ်စစ် ၉၅ ရာခိုင်နှုန်းပါဝင်ပြီး ယင်းလျှပ်စစ် ဓာတ်အားအများစုကို ကမ္ဘာ့အကြီးဆုံး လူတို့ဖန်တီးထားသော ဆည် ကြီးဖြစ်သည့် ကာရီဘာရေကန်မှ ရရှိသည်။

သို့သော် ၂၀၁၆ အယ်လ်နီ ညိုရာသီဥတုအခြေအနေကြောင့် ထိုရေကန်၏ ရေဝင်ဆံ့နိုင်သော ပမာဏသည် ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု ကုလသမဂ္ဂ အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) မှ ရာသီဥတု ပြောင်းလဲမှု အစီအစဉ် ကျွမ်းကျင် ပညာရှင် ဒေစီမူကာရာကာတီက ပြောသည်။

ချမ်းသာသော နိုင်ငံများ လည်း ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားရပါသည်။ လေးနှစ်တာ မိုးခေါင်ရေရှားမှု ဖြစ်ပေါ်ပြီး နောက် အမေရိကန် ကယ်လီဖိုးနီး ယားပြည်နယ်တွင် ရေအားလျှပ် စစ် မလုံလောက်မှုဖြစ်ပေါ်ခဲ့ပြီး လိုအပ်သော လျှပ်စစ်ဓာတ်အား အတွက် ဓာတ်ငွေ့များ ပိုမိုသုံးစွဲခဲ့ ရသည်။ ယင်းသည် ကန်ဒေါ်လာနှစ်ဘီလီယံ ပိုမိုကုန်ကျသည့် အဓိပ္ပာယ်ဖြစ်ပြီး ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှု ၁၀ ရာခိုင်နှုန်း ပိုများစေခဲ့သည်ဟု ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ် ဝန်းကျင်နှင့် လုံခြုံရေးဆိုင်ရာ ပစိဖိတ်အင်စတီကျုဒ်၏ တွက်ချက်မှုအရ သိရသည်။ တစ်နည်းအားဖြင့် ကယ်လီဖိုးနီးယားသား များသည် ပိုမိုညစ်ညမ်းသော စွမ်း အင်အတွက် ပိုမို၍အကုန်အကျ ခံရသည်။

စပိန်နိုင်ငံတွင် ရေအားလျှပ် စစ်ထုတ်လုပ်မှုသည် ၂၀၁၆ မှ ၂၀၁၇ တွင် ထက်ဝက်ကျဆင်း ခဲ့သည်။ ယင်းသည် ရုပ်ကြွင်း လောင်စာများကို ပိုမိုအသုံးပြုရ သည့် အဓိပ္ပာယ်ဖြစ်ပြီး ကာဗွန်ဒိုင် အောက်ဆိုက် (CO2) ထုတ်လုပ်မှု လည်း ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ သည်။ လက်တင်အမေရိကနိုင်ငံ များဖြစ်သော ဗင်နီဇွဲလား၊ ကိုလံ ဘီယာနှင့် ဘရာဇီးနိုင်ငံတို့တွင် အလားတူ ကြုံတွေ့ခဲ့ရသည်။ သို့သော် မိမိတို့၏ အနာဂတ်ရာသီ ဥတုအပေါ် မသေချာ၊ မရေရာမှု များရှိနေသော်လည်း ကမ္ဘာတစ်ဝန်းတွင် ဆည်နှင့် ရေကာတာများဆက်လက် တည်ဆောက်နေ သည်။

ဘရာဇီးနိုင်ငံသည် ရေကာ တာအများအပြား တည်ဆောက် ရန် စီမံကိန်း ရေးဆွဲထားပြီး ယင်း တွင် ကမ္ဘာပေါ်၌ ဇီဝမျိုးစုံမျိုးကွဲ အစုံအလင်ဆုံးဒေသဖြစ်သည့် တာပါဟိုမြစ်ဝှမ်းတွင် ရေကာတာ ၄၀ တည်ဆောက်မည့် အစီအစဉ် ပါဝင်သည်။ ဒေသတွင်း တောရိုင်း တိရစ္ဆာန်နှင့် တိုင်းရင်းလူမျိုးစု လူ ထုအပေါ် ရိုတ်ခတ်မှုများကြောင့် ယင်းစီမံကိန်းသည် ကြီးမားသော ဝေဖန်မှုများ ရင်ဆိုင်နေရသည်။

နိုင်ငံအများအပြားတွင် ရေ အားလျှပ်စစ်ထုတ်လုပ်မှု ကျဆင်း နေချိန်၌ တာပါဟိုစီမံကိန်းများ သည် ပို၍ မေးခွန်းထုတ်စရာ ကောင်းနေသည်ဟု Greenpeace အဖွဲ့က ပြောသည်။ ‘ရေအားလျှပ်စစ်ပေါ် မှီခိုလွန်းတာကြောင့် စွမ်း အင်ဖူလုံမှု အခက်တွေ့နေတဲ့ နိုင်ငံက အဘယ်ကြောင့် ရေအားလျှပ်စစ်အပေါ် ထပ်မံမှီခိုဦးမည်နည်း’ ဟု ဂရင်းပိစ်အဖွဲ့၏ အစီရင်ခံစာ က ဖော်ပြသည်။ ယင်း၏ လေစွမ်း အင်၊ နေစွမ်းအင်နှင့် ဇီဝဓာတ်ငွေ့ များ ပေါင်းစပ်အသုံးပြုခြင်းက ရေ ရှည်တွင် ပိုမိုထိရောက်ပြီး ဈေးပေါ မည်ဖြစ်ကာ ပျက်စီးမှုလည်း နည်း ပါးမည်ဟု Greenpeace အဖွဲ့က ဆိုသည်။

အရှေ့ပိုင်းနှင့် တောင်ပိုင်း အာဖရိကတွင် လက်ရှိစားပွဲ ပေါ်၌ရှိနေသော ရေအားလျှပ်စစ် စက်ရုံစီမံကိန်းများကို တည် ဆောက်ဖြစ်ပါက လျှပ်စစ်ဓာတ် အားမလုံလောက်မှုများ ပိုမိုဖြစ် ပေါ်လာနိုင်သည်ဟု ဗြိတိန်သုတေ သီများက ပြောကြားသည်။ အ ကြောင်းသည် ယင်းစီမံကိန်းအား လုံးသည် နည်းပါးလာသော မိုးရွာ သွန်းမှုအပေါ် တူညီစွာ မှီခိုနေရပြီးတစ်ချိန်တည်းတွင်ပင် လျှပ်စစ် ထုတ်လုပ်မှု ကျဆင်းခြင်း ခံစား ရမည်ဖြစ်သည်။

သို့သော် အာဖရိကတိုက် သည် ရေအားလျှပ်စစ် အလားအ လာများ များစွာကျန်ရှိသေးပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လိုအပ် ချက် အလွန်မြင့်မားနေရာ ယင်း စွမ်းအင်ရင်းမြစ်ကို လျစ်လျူရှု၍ မရနိုင်ဟု နိုင်ငံတကာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်အေဂျင်စီ (IRENA) မှ ပညာရှင် မိုက်ကယ် တေလာကဲ့သို့ ကျွမ်းကျင်ပညာရှင် များက ပြောကြားသည်။

‘‘အာဖရိကမှာ စွမ်းအင်လို အပ်ချက် ကြီးမားတယ်။ ဖွံ့ဖြိုးတိုး တက်မှု နှေးကွေးတာကို ကျော် လွှားချင်ရင်တော့ ကျွန်တော်တို့ အနေနဲ့ စွမ်းအင်အတွက် ရွေးချယ် လို့ရတဲ့နည်းလမ်းတွေကို ဖယ်ထားလို့မရဘူး’’ဟု 

UNDP မူကာရာကာတီက ပြော သည်။ သို့သော် ဒေသဆိုင်ရာ ရာသီ ဥတုအခြေအနေပြောင်းလဲမှုကို ထည့်သွင်းစဉ်းစား၍ စီမံကိန်းများ ရေးဆွဲရန် အရေးကြီးသည်။ အထိရောက်ဆုံးဖြစ်မည့် နည်းလမ်းများ ကို စဉ်းစားရပါမည်။ 

ရေအားလျှပ်စစ် ထုတ်ယူ သော ဆည် ၁,၀၀၀ ကျော် ရှိပြီး သား စပိန်နိုင်ငံတွင် ဆည်များ ထပ်မံတည်ဆောက်ခြင်းထက် ရှိပြီးသားများကို ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ရေး အာရုံစိုက် သင့်သည်ဟု စပိန်နိုင်ငံ၏ ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (WWF) အကြီးအကဲ အီဗာဟာနန် ဒက်ဇ်က ပြောသည်။

ဆယ်စုနှစ်များစွာ ကြာမြင့် နေပြီဖြစ်သော ဆည်အချို့ကို ပြုပြင်ရန်လိုအပ်သည်။ ပုံမှန်အ တိုင်း တည်ဆောက်နေကျ ရေအား ဖြင့် စက်လည်ပတ်သော အစဉ် အလာရေအားလျှပ်စစ်ဆည်များ တည်ဆောက်ရေးဖြစ်နိုင်သေး သော်လည်း ၎င်းတို့တွင် ရေကိုနိမ့် ရာမှ မြင့်ရာသို့ ပြန်လည်မောင်း တင် အသုံးချနိုင်သောစနစ်များ ထည့်သွင်းသင့်သည်။

ယင်းစနစ်သည် အနိမ့်ပိုင်း တွင်ရှိသော ဆည်မှနေ၍ အမြင့် ပိုင်းတွင်ရှိသော ဆည်ဆီသို့ လျှပ်စစ်စွမ်းအားကိုပင် အသုံးပြု၍မောင်းတင်သိုလှောင်ထားခြင်း ဖြစ်ပြီး လျှပ်စစ်ဓာတ်လိုအပ်သော အချိန်၌ တစ်ဖန်ထပ်ကာ ရေလွှတ်ပေးရန်ဖြစ်သည်။ ယင်းသို့ဆိုလျှင် အတက်အကျရှိတတ်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်၏အဓိကပြဿနာတစ်ရပ်ဖြစ်သည့် သိုလှောင်မှု ပြဿနာကို ဖြေရှင်း ပြီးသားဖြစ်နိုင်ကြောင်း ဟာနန် ဒက်စ်က ပြောသည်။

ရုပ်ကြွင်းလောင်စာကဲ့သို့ မဟုတ်ဘဲ နေစွမ်းအင်နှင့် လေစွမ်းအင်သည် အချိန်ကိုက် (သို့ မဟုတ်) လိုအပ်လျှင် လိုအပ်သလို မထုတ်လုပ်နိုင်ဘဲ ရာသီဥတုပေါ် တွင် လုံးလုံးမှီခိုနေသည်။ ရေစုပ် တင်သိုလှောင်၍ ပြန်လွှတ်သော နည်းလမ်းသည် ပိုလျှံသော စွမ်း အားကို လျှပ်စစ်ဓာတ်အားအဖြစ် ပြန်လည် ပြောင်းလဲနိုင်ခြင်းဖြစ် သည်။

အနာဂတ်စွမ်းအင်စနစ်များ သည် ပြန်လည်ပြည့်ဖြိုးမြဲ အများ စုဖြစ်ရပါလိမ့်မည်။ သို့သော် ရေ အားလျှပ်စစ်ကို အခြားပြည့်ဖြိုးမြဲ စွမ်းအင်များအတွက် အစားထိုး စရာဟု မယူဆဘဲ အစိတ်အပိုင်း တစ်ခုဟု သဘောထားပါက စွမ်း အင်စနစ်တစ်ခုလုံး ပိုမိုထိရောက် ၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပိုမိုလုံခြုံစိတ်ချရမည်ဟု IRENA ပညာရှင် တေလာက ဆိုသည်။ UNDP မှ မူကာရာကာတီက စွမ်းအင်ရင်းမြစ်များကို ရော နှောအသုံးပြုရန် လိုအပ်နေသေးကြောင်း ပြောကြားသည်။ ရေအား လျှပ်စစ်တစ်ခုတည်း  အားကိုးမနေဘဲ လေစွမ်းအင်၊ နေစွမ်းအင်၊ ဇီဝ လောင်စာ စသည်ဖြင့် ဖြန့်ကြက် ထားသင့်သည်ဟု ၎င်းက ဆက် လက်ပြောသည်။

ယင်းကဲ့သို့ စနစ်တစ်ခုလုံးအ ပေါ် အာရုံစိုက်ခြင်းသည် မိုးရေချိန် နည်းပါးမှုဒဏ်ခံစားနေရပြီဖြစ် သော အာဖရိကနိုင်ငံများအတွက် အရေးကြီးသော ကိစ္စဖြစ်လာ သည်။ ထို့အပြင် တစ်နိုင်ငံနှင့်တစ် နိုင်ငံ မဟာဓာတ်အားလိုင်းများ ချိတ်ဆက်ထားရန် လိုအပ်ပြီး တစ် နိုင်ငံက လိုအပ်ပါက အိမ်နီးချင်း နိုင်ငံမှ ရယူသုံးစွဲသင့်ကြောင်း မစ္စတာတေလာက ဆိုသည်။

အဆုံးစွန်ဆိုလျှင် သဘာဝ ပတ်ဝန်းကျင်နှင့် ပိုမိုကိုက်ညီ သော လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးရေးသည် စွမ်းအင် ထုတ်လုပ်မှုကြောင့်ဖြစ်သော ပြဿနာများအတွက် အဖြေဖြစ် သည်။ ရုပ်ကြွင်းလောင်စာအသုံး ပြုခြင်းကို ပို၍စောစောရပ်တန့်နိုင် လေ ကျွန်တော်တို့ကမ္ဘာကြီး၏ ရာသီဥတု ပိုမိုတည်ငြိမ်လာလေ လေဖြစ်ပါလိမ့်မည်။


—Ref: Hydropower Supply dries up with Climate Change