တွေ့သိနှင့် တွေးသိ ဦးတင်ဦး (ကျူရှင်)

မြန်မာစာပေလောကတွင် အတွေ့အကြုံတွေ တစ်လှေကြီးဖြင့် စာရေးဆရာဖြစ်လာသူများ၌ ဆရာကြီး စစ်ကိုင်းဦးဘိုးသင်းနှင့် ဆရာသော်တာဆွေတို့ ထင်ရှားသည်။ သည်ဘက်ခေတ်တွင် ထိုသို့အတွေ့ အကြုံတစ်လှေကြီးရပြီး အသက်ကြီးခါမှ စာပေရေး သားခြင်းဖြင့် ထင်ရှားလာသူမှာဆရာဦးတင်ဦး (ကျူ ရှင်)ဖြစ်သည်။ဆရာဦးတင်ဦး(ကျူရှင်)သည်အသက် (၅၀)ကျော်(၆၀)နီးလာမှ စာကိုမပြတ်ရေးခဲ့ရာ နှစ် ပေါင်း (၂၀)အတွင်း ဆောင်းပါးအပုဒ်ရေ ၃,၀၀၀ နီး ပါးနှင့် ဘာသာပြန် ၁၁ အုပ်၊ အင်္ဂလိပ်စာဆိုင်ရာနှစ် အုပ်တို့ကို ထုတ်ဝေနိုင်ခဲ့သည်။


ထိုသို့ ဘ၀အတွေ့အကြုံတစ်လှေကြီးတွင် အ ရက်သောက်၊ ဖဲရိုက်ခြင်း၊ လေးကောင်ဂျင်အပါအ၀င် လောင်းကစားမျိုးစုံပြုလုပ်ခြင်းအစရှိသည့်မကောင်း သောအပြုအမူများလည်းပါဝင်ပြီး အသက်(၄၀) ကျော် (၅၀)နီးပါးကစ၍ တစ်စတစ်စဆင်ခြင်နိုင်ခဲ့သ လို မိမိကိုယ်ကိုယ်လည်း တည့်မတ်အောင်ပြုပြင်နိုင် ခဲ့သဖြင့် ထင်ရှားအောင်မြင်သည့်စာရေးဆရာတစ် ဦးဖြစ်လာကြောင်း သူ့စာများ၌မကြာခဏထည့်သွင်း ရေးသားခဲ့သည်။ ထို့ကြောင့် ယနေ့ခေတ်တွင်လူငယ် လူရွယ်အများစုသည် ဒေးကာနယ်ဂျီ၊ နပိုလီယန် ဟီးလ်အစရှိသောပုဂ္ဂိုလ်တို့၏ တက်ကျမ်းများ၊ ယင်း တို့ကိုမှီး၍ ဘာသာပြန်ဆိုသောစာအုပ်များဖတ်မည့် အစား ကိုယ်တွေ့အတွေ့အကြုံနှင့် အသိအမြင်များ ကို ဆင်ခြင်ရေးသားသောဦးတင်ဦး(ကျူရှင်)၏ စာ များကို ဖတ်ခြင်းက ပိုမိုအကျိုးရှိပါလိမ့်မည်။ ယခုစာ အုပ်သည် ၎င်း၏ ၂၂ အုပ်မြောက် ဆောင်းပါးစုစည်း မှုဖြစ်ပြီး စုစုပေါင်းအပုဒ်ရေ ၂၀ ပါဝင်သည်။ ‘သီချင်း ဆိုတတ်ပါစေ’ဆောင်းပါးတွင် လူတို့၏ ဣဿာမစ္ဆရိယနှင့်ပတ်သက်၍ ‘လောကကြီးအပေါ် မကျေနပ် ခြင်း၊ ကိုယ့်ထက်သာသူများအပေါ် ၀မ်းမြောက်စိတ် မထားဘဲ မနာလိုဝန်တိုစိတ်ဖြစ်မိခြင်း၊ ကိုယ့်ထက် ချမ်းသာသူများနှင့် လိုက်တိုင်းကာ ငါက နိမ့်ကျနုံချာ လေသည်ဟု ထင်မြင်ခံစားခြင်းစသည်တို့မှာ စိတ်ခွန် အားယုတ်လျော့ဆင်းရဲသွားစေသော အကြောင်းများ ဖြစ်သည်။ ဆင်းရဲသူများသည် ထိုသဘောများကို မဆင်ခြင်မိဖြစ်ကြသဖြင့် စိတ်ပါဆင်းရဲပြီး တကယ် ဆင်းရဲသွားကြခြင်းဖြစ်သည်’ ဟု ရေးထားသည်။ ‘နောင်တ’ဟူသော ဆောင်းပါးတွင် ‘လောက၌ အချို့ အရာများသည် ကိုယ်ကဝေ့လည်ကြောင်ပတ်တွေး၍ ရှုပ်ထွေးနေခြင်းဖြစ်သည်။ တည့်တည့်ရှင်းရှင်းတွေး လျှင် အမှန်တရားက ထင်းထင်းကြီးပေါ်နေတတ် သည်။ ဖဲရိုက်၊ လေးကောင်ဂျင်ထိုးတာ မကောင်းဘူး ဟု လက်ခံနိုင်လျှင် အရက်သောက်တာ ကျန်းမာရေး အတွက်လည်း မကောင်း၊ ဘာသာရေးအဆုံးအမနှင့် လည်း ဆန့်ကျင်သည်ဟုလက်ခံနိုင်လျှင်၊ ဆေးလိပ် သောက်တာ ကျန်းမာရေးအတွက်မကောင်းဟု လက် ခံနိုင်လျှင် မကစားဘဲ၊ အရက်မသောက်ဘဲ၊ ဆေး လိပ်မသောက်ဘဲနေလိုက်က သူ့ဘာသာသူပြန်တည့် သွားတော့သည်။ တွေးလျှင် ကိုယ့်ဘက်ကချည်းတွေး တာမကောင်း၊ သူ့ဘက်ကလည်း တွေးရသည်ဟု လက်ခံနိုင်လျှင် တွေးခေါ်ပုံပုံစံပြောင်းလိုက်သည်နှင့် ကိုယ်တွေးတာ၊ ကြံတာတွေတည့်သွားတော့သည်။

ထိုသို့ပြုသောအခါ အတိတ်မှာ ပြုခဲ့သည်များ ကြောင့် ဖြစ်လာရသော နောင်တတို့ကလည်း ကိုယ့် ကိုနှိပ်စက်၍ မရတော့။ ပစ္စုပ္ပန်ဆတ်ဆတ်ကို နေ ကျင့်ရသွားလျှင် ဘ၀လမ်းသည် ဖြောင့်သွားတတ် သည်။ ပစ္စုပ္ပန်ဆတ်ဆတ်နေသည်ဆိုသည်မှာ လက် ငင်းအချိန်ကလေးကို တန်ဖိုးထားကာ နှမြောစွာနေ ထိုင်ပုံမျိုးကို ဆိုလိုသည်’ ဟုရေးထားသည်။ စာအုပ် ခေါင်းစဉ်ဖြစ်သော ‘တွေ့သိနှင့် တွေးသိ’ဆောင်းပါး တွင်မူ ၎င်း၏ဘ၀တစ်သက်တာပတ်လုံးအသိအမြင် များကိုအခြေခံ၍ ‘ကိုယ်တိုင်တွေ့ပြီးမှ သိရသော အသိမျိုး သို့မဟုတ် တွေ့သိသည် ခိုင်မြဲတတ်သော် လည်း အဖိုးအခအလွန်ကြီးလှပေသည်။ သူတစ်ပါး တို့၏အတွေ့အကြုံများကို ဆင်ခြင်သုံးသပ်ကြည့်ရင်း မှ ရလာအပ်သောအသိမျိုးသို့မဟုတ် တွေးသိကားအ ရင်းအနှီးများစွာ မကုန်ကျဘဲ ရနိုင်သောအသိမျိုးဖြစ် သည်။ ပညာရှိတို့သည် တွေ့သိကို အားမပြုကြ။တွေး သိကိုသာ အားပြုကြပေသည်။ ဘ၀အတွက်အသုံးဝင် တာချင်းတူလျှင် တွေ့သိက စိုက်ထုတ်ရသည့် အရင်း အနှီးများပြီး တွေးသိက သက်သက်သာသာဖြင့် ရနိုင် သောကြောင့် ဖြစ်သည်’ ဟုရေးထားသည်။ ယခုစာ အုပ်ကို Wisdom House စာပေက တန်ဖိုး ၂,၅၀၀ ကျပ်ဖြင့် ထုတ်ဝေပြီး ဖုန်း ၀၁-၅၄၅၀၃၆ သို့ ဆက် သွယ်မှာယူနိုင်ပါသည်။