ဥရုချောင်းဘေးမှာ ဘဝကို လောင်းကြေးထပ်ကြစို့

(တစ်)


ဖားကန့်က လောင်းကစားဆန်ပါ သည်။ ကြွေတစ်လက်ကြက်တစ် ခုန်။ ကြွေအန်ကစားသမားတစ် ယောက်၏ ဘဝလို၊ ကြက်သမား တစ်ယောက်၏ ဘဝလို စက္ကန့်ပိုင်း ကလေးအတွင်း မိနစ်ပိုင်းကလေး အတွင်း မျက်တောင်တစ်ခတ် လျှပ်စီးတစ်ပြက် အချိန်ကလေးမှာ အခုသူဌေး၊ အခုခွေးဖြစ်သွားနိုင် ပါသည်။


လမ်းဘေးမှာ ကုန်းကောက် စရာမရှိ လျှောက်သွားနေသူတစ် ယောက်ကို အပေါ်စီးက မိုး၍ ကြည့်ရန် မဖြစ်နိုင်သလို လန်ခရူ ဆာ (Landcruiser) ပေါ်က မ ဆင်းသူ တစ်ယောက်ကိုလည်း ပါး စပ်အဝိုင်းသားဖြင့် အံ့သြငေး မောကြည့်ရှုနေစရာမလို။ နောက် တစ်နေ့ နေအထွက်မှာ လူတိုင်းက ဘာမဆို ဖြစ်သွားနိုင်သူတွေချည်း။

ရေမဆေးကျောက်ရှာသူ လူ ငယ်ကလေးတစ်ယောက် ဘဝမှ သည် အတန်အသင့် ကြွယ်ပိုး ကြွယ်ဝ ဖြစ်နေသူ ခပ်ရွယ်ရွယ်လူ ပုဂ္ဂိုလ်တစ်ယောက်နှင့် ဆုံဖြစ်ပါ သည်။

‘‘အညာကရွာမှာ၊ ဘာမှလုပ် စရာမရှိလို့ ငတ်ပြီး ဖားကန့်တတ် လာတာ။ ထုံးစံအတိုင်း ရေမဆေး ပဲပေါ့။ ပထမတော့ ကောက်ရိုး လော်ပန်နဲ့ ကျောက်ရှာနေတာ။ နောက်တော့ တစ်ကိုယ်တော် ထမင်းစား ကျောက်ကလေး ရှာရ လိုက်၊ ငတ်လိုက်ပေါ့။ အဲ...တစ် နေ့ဗျ စားစရာကိုမရှိတာ။ ကျောက် ကလေးတစ်လုံး ရတာနဲ့ လော်ပန် ဆီသွားပြီး သုံးထောင်လို့ ပြော ထည့်လိုက်တာ။ ငွေကျပ်သုံး ထောင်ပဲ လိုချင်တာ၊ ထမင်းစားဖို့ လော်ပန်က သူ့အိမ်ကို ခေါ်သွား တာ။ ပြီးမှ...သုံးထောင်ပဲလားတဲ့။ ဟုတ်တယ်လေလို့၊ အဲသမှာ ဂုန်နီ အိတ်ကြီးသွန်ချပြီး ကျပ်သိန်း ပေါင်း သုံးထောင် ပေးလိုက်တာ ပါ။ မရူးအောင် စိတ်ကိုမနည်း ထိန်းရတယ်ဗျာ’’

ကိုယ်က ကိုယ့်ကျောက်ကို ကျပ်ငွေသုံးထောင်ပဲ တောင်းဆို သည်။ နားလည်သူ လော်ပန်က သည့်ထက်မက အဖိုးထိုက်တန် မှန်း သိသဖြင့် သိန်းပေါင်း သုံး ထောင်ပဲ တောင်းသည်ဟုထင် ကာ ထိုဈေးနှင့်ရှင်းသည်။ သို့ဖြင့် ထိုရေမဆေးက နတ်ရေကန်ထဲက ဆွဲထုတ်လိုက်သည့် သူဋ္ဌေးက လေး ဖြစ်သွားခဲ့ခြင်းဖြစ်ပါသည်။

(နှစ်)

အာဏာရှိသူနှင့် ဥစ္စာဓနရှိ သူတို့ ပူးပေါင်းကာ ဖားကန့်ဒေသ ဥရုချောင်းဝဲယာရှိ ရတနာမြေကို လုပ်ကွက်ကြီးများ တည်ဆောက် ကာ ကုမ္ပဏီပိုင်မြေများအဖြစ် ရ ယူပြီး ဧရာမစက်ယန္တရားကြီးများ ဖွေးဖွေးလှုပ်အောင် သုံးကာ တစ် တောင်ပြီး တစ်တောင် ဖြိုခဲ့ကြ သည့် ၁၉၈၈ အလွန်နှစ်ကာလ များ၌ တစ်နိုင်တစ်ပိုင် တူးခဲ့ကြ သည့် လော်ပန်ခေတ်ပြိုလဲသွား ကာ ကောက်ရိုးလော်ပန်ခေတ်ပေါ် ထွန်းပါသည်။

ကောက်ရိုးလော်ပန်ဆိုသည် က ရေမဆေးကျောက်ရှာသည့် သူတို့ကို စရိတ်စက အပြည့်အစုံ ထောက်ပံ့ကာ ရလာသည့် ကျောက်ကို တစ်ဝက်စီခွဲယူသည့် သူတို့ကို ခေါ်ခြင်းပင်ဖြစ်ပါသည်။ ကုမ္ပဏီတို့က တူးရသမျှကျောက် တို့ကို ကုမ္ပဏီပိုင်ဝင်းထဲ၌ပင် ဖြန့်ကျင်းကာ ဝန်ထမ်းများဖြင့် ကျောက်ရှာပြီးနောက် သင့်ရာ၌ မြေစာပုံကြိးများအဖြစ် သွန်ပစ်ကြ ရာ ရေမဆေးတို့က မြေသယ် ယာဉ်ကြီးများဖြင့် တဝေါဝေါသွန် ချသည့်ကြားမှာ လိမ့်ဆင်းလာ သည့် ကျောက်တုံးအရွယ်ရွယ် အစားစားကို ဆန်စေ့ကြဲပက်ရာ နောက်သို့ ကြက်သားအုပ်မလိုက် သလို လိုက်ကာ စိန်တူဖြင့် ခေါက် ၍ ခေါက်၍ ကြည့်ပြီး ကျောက် စိမ်း ဟုတ်၊ မဟုတ် ရွေးကြရခြင်း ပင် ဖြစ်ပါသည်။ ရလာလျှင် တစ် ကိုယ်တော် ရေမဆေးက ကိုယ့် စိတ်ကြိုက်ရောင်း။ နောက်တွင် လော်ပန်ရှိသူက လော်ပန်နှင့် ရောင်း။ လော်ပန်နှင့်ရောင်းသူက တစ်ယောက်တစ်ဝက်။

‘‘ရေမဆေးက ကျောက်တန် ဖိုးအမှန်ကို သိရဲ့လား’’ 

ကျွန်တော်က ဤသို့မေး တော့ ကောက်ရိုးလော်ပန်က အဲး ဟူ၍ သံရှည်ကြီးဆွဲကာ စကားကို အမှန်တရားဘက်သို့ ရောက် အောင် ကြိုးစား၍ ဖြေပါသည်။

‘‘မသိဘူးဗျ။ သနားဖို့ကောင်း ပါတယ်။ သိန်းတစ်ရာတန်တဲ့ ကျောက်ကို ဆယ်သိန်းပြောတော့ ဘာတတ်နိုင်မလဲ။ ရေမဆေးက လည်း ကျောက်ရတာကို မရဘူး လို့ လုပ်နိုင်တာပဲ။ ဒါပေမဲ့ ကျောက်လောကကတော့ လိမ်ရင်ပေါ်တာ များပါတယ်’’ 

ဖားကန့်နယ်မြေ၌ အနယ် နယ်အရပ်ရပ်က ရောက်လာကြ သူ ရေမဆေးအင်အား ငါးသိန်း ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားရာ မိသားစုများကိုပါ ထည့်တွက်ပါက မနည်းလှသည့် အင်အားပဲဖြစ်ပါ သည်။ သို့သော် နယ်ပယ်က ကျဉ်း ပါသည်။ ရေမဆေးတစ်ယောက် မည်သည့် မြေစာပုံမှ ကျောက်ရ သွားသည်ဆိုသော သတင်းက ဖုံး ဖိထား၍ မရသလို ကျောက်ဝိုင်း ခေါ် ကျောက်ဈေးကွက်ကလည်း ကျဉ်းကျဉ်းကလေး။

မနက် ၈ နာရီဝန်းကျင် ရောက်လျှင် ဖားကန့်ကျောက်ဝိုင်း က စည်ပြီ။ လုံးခင်းကမူ ညခင်း ဈေး။ လူတွေတိုးလို့မပေါက်။ ကျောက်ဝိုင်းဝန်းကျင် လမ်းဘေး အိမ်ကလေးတို့က ရောင်းကြ၊ ဝယ် ကြ သူတို့ထိုင်ဖို့ရာ ပလတ်စတစ် ခုံကလေးများကို တစ်ဈေးတစ် ထောင်ဖြင့်ငှားသည်။ တရုတ်အ မျိုးသမီး တချို့က စားပွဲခုံချခင်း ကာ ကျောက်ဝယ်သည်။ ကျောက် ကြည့်ဓာတ်မီးဖြင့် ကျောက်သား ကို ထောက်ကာ ထောက်ကာ မျက်နှာပြင်အနှံ့ ထောက်ကြည့်နေ ပုံက နားကြပ်ကိုင်ဆရာဝန်အ လား။ ကျောက်ပြသူတို့က ပလတ် စတစ် အပိုင်းအပြတ်ကလေးများ ဖြင့် ကျောက်ကိုပတ်ကာ ဟိုဝင် သည်ထွက်...။

ဖားကန့်၌ အိမ်ကလေး ခြံ ကလေး သိုသိုသိပ်သိပ်ဝယ်ယူကာ အတတ်နိုင်ဆုံး ကိုယ်ယောင် ဖျောက်၍ နေထိုင်ပြီး ကျောက် ဝယ်နေသည့် တရုတ်လူမျိုးတချို့ ရှိကြောင်း ဒေသခံတစ်ယောက်က ဆိုပါသည်။

(သုံး)

ဖားကန့်ဒေသတစ်နေရာသို့ ရောက်သည့်အခါ ကြော်ငြာတစ်ခု စိုက်ထူထားသည်ကို တွေ့ရပါ သည်။

‘ရေမဆေးအားလုံး သိရှိစေ ရန်တဲ့။ ရှာဖွေရရှိသော ကျောက် အား ထမ်းပိုးကြိုးတို့ဖြင့် လုံးဝ သယ်ခွင့်မပြု။ လုပ်ကွက်အတွင်း ထမ်းပိုးကြိုးများ ယူဆောင်ခြင်း လုံးဝခွင့်မပြု။ တစ်ပိုင်တစ်နိုင် ထက်ပိုသော ကျောက်များကို ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ပါ ရန်’ စသည် စသည်။

 ဖားကန့်ဒေသ၌ နိုင်ငံအနှံ့ အပြားက ရေမဆေးအင်အားတို့ ထုထည်ကြီးမားလာ၍ ပေလော မပြောတတ်။ ယခင်က မာမာထန် ထန်ရှိခဲ့သူ ကုမ္ပဏီတို့က သူတို့၏ လုပ်ကွက်အတွင်းသို့ တစ်ရက် ၂ နာရီဆိုသလိုမျိုး ရေမဆေးတို့ကို ဝင်ရှာခွင့်ပေးပါသည်။

ကျောက်ကောင်းတွေ့သော် ကုမ္ပဏီက ဈေးဖြတ်ကာဝယ် သည်။

မကြာသေးမီက ကုမ္ပဏီလုပ် ကွက်အတွင်း ဝင်ရှာသူ ရေမဆေး  က ကျောက်ခပ်ကောင်းကောင်း တစ်လုံး တွေ့ပါသည်။ သို့သော် ကျောက်က နည်းနည်းကလေးကြီး ရာ တစ်ယောက်တည်းနှင့် မနိုင်။ ထိုအခါကျောက်ကို ဝိုင်းမရန် အ ဖော်သုံးယောက်လောက် ခေါ်ရပါ သည်။ ထိုသို့ ဝိုင်းကုသူကို ဒေသ အခ်ါက ဂျော်ကီ။

ကုမ္ပဏီက ကျောက်စိမ်းအ ရည်အသွေးကို တန်ဖိုးဖြတ်ကာ သိန်းပေါင်း သောင်းဂဏန်းရှင်း ပေးလိုက်ပါသည်။ စ တွေ့သူ ရေ မဆေးက ဝိုင်းကူသူ ဂျော်ကီများ ကို သုံးတစ်ပေးလိုက်သည်ဆိုလား။ ကိုယ်သုံးကျပ်၊ သူတစ်ကျပ်။ တစ် ကျပ်ကို ဂျော်ကီတို့ခွဲယူ။

လောင်းကစား ဆန်လိုက် တာ။ ကြမ္မာရဟတ်ဆန်လိုက်တာ။

ယခုအခါ လမ်းဘေးရောက် နေသည့် ယခင်လော်ပန်ဆိုသည့် သူတစ်ဦးကိုလည်း တစ်ယောက် က ပြပါသည်။ သူကဖဲသမား။ မြေ ကော်သည့်ဘက်ဟိုး (Backhoe) ဘယ်နှစီးကြေး၊ မြေသယ်သည့် ဒမ်ပါ (Dumper) ဘယ်နှစီးကြေး စသည်ဖြင့် လောင်းကြေးထပ်ကာ ဖဲရိုက်လေသတဲ့။

သြော်. . .  သည်နေရာမှာဖြင့် လူ့ဘဝဟာ လောင်းကစားဆန်လှ ချည်ရဲ့။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)